ဘယ်ပန်းချီရေးလို့မမီ
ဒီ Tutorial ဟာ ဓာတ်ပုံတစ်ပုံကို ပိုစတာဆန်ဆန် ပန်းချီကားတစ်ချပ်အဖြစ်သို့ ပြောင်းလဲစေမယ့်သင်ခန်းစာပါ။
၁) အဲဒီအတွက် ပထမဆုံးပြောင်းလိုတဲ့ပုံကိုဖွင့်ပါ။

၂) ပြီးရင်တော့ အဲဒီ Background layer ကို Duplicate လုပ်ပါမယ်။ (Layer>Duplicate Layer) သို့မဟုတ် (Ctrl+J) ကိုနှိပ်ပါ။
၃)ပြီးရင် အဲဒီ Layer အသစ်ကို Grey Scale ပုံအဖြစ်ပြောင်းပါမယ်။ (Image>Ajdustment>Desaturate) သို့မဟုတ် (Shift +Ctrl+U) ကိုနှိပ်ပါ။

၎) အဲဒီ Gray Scale ပြောင်းထားတဲ့ Layer ကိုနောက်ထပ် Duplicate ထပ်လုပ်ပါ။ (Layer>Duplicate Layer) သို့မဟုတ် (Ctrl+J) ကိုနှိပ်ပါ။
၅) နောက်ဆုံး Duplicate လုပ်ထားတဲ့ အဲဒီ Layer ကို Blur လုပ်ပါမယ်။
(Filter>Blur>Gaussian Blur) ဖြစ်ပါတယ်။ radius ကို သင့်တော်သလိုချိန်ပါ။
ပုံရဲ့ Outline နဲ့ Detail တွေကို ခပ်ဝါးဝါးတွေ့နိုင်သေးတဲ့အထိဖြစ်ပါတယ်။
ဒီပုံကိုတော့ Radius =3 နဲ့ Gaussian Blur လုပ်ထားပါတယ်။

၆) ပြီးရင် အဲဒီ Layer ကို Invert လုပ်ပါမယ်။
(Image>Adjustment>Invert) သို့မဟုတ် (Ctrl+I) ကိုနှိပ်ပါ။ ပုံပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။

ရ) ပြီးရင်တော့ layer palette ထဲက Blending Mode ကို Normal မှ Color DOdge သို့ပြောင်းပါ။ ဒါဆိုရင် ခဲနဲ့ခြစ်ရေးထားတဲ့ Outline Sketch တစ်ခုကိုရလာပါလိမ့်မယ်။

၈) ပြီးရင် Layer palette ထဲကအောက်ဆုံး Background ကို ခဏပိတ်လိုက်ပါမယ်။ အဲဒီအတွက် မျက်လုံးပုံလေးကိုနှိပ်ပါ။

၉) ပြီးရင်အပေါ်က Layer နှစ်ခုကိုပေါင်းပါမယ်
(Layer>MergeVisible) သို့မဟုတ် (Shift+Ctrl+E) ကိုနှိပ်ပါ။ အပေါ်က Layer နှစ်ခုပေါင်းသွားတာကိုတွေ့ရပါလိမ့်မယ်။
ပြီးရင်မျက်လုံးပိတ်ထားတဲ့ Layer ကိုပြန်ဖွင့်ပါ။

၁၀) ပုံရဲ့ Outline တွေကိုခပ်ထင်းထင်းဖြစ်စေဖို့အပေါ်က Layer ကို Level တင်ပါမယ်။
(Image>Adjustment>Level) သို့မဟုတ် (Ctrl+L) ကိုခေါ်ပါ။

မိမိလိုသလောက် အတိုင်းအတာအထိ Level arrow ကိုရွေပါ။ ဒီပုံမှာတော့ Input Level ကို 100 အထိရောက်အောင် ရွေထားတယ်။ ပြီးရင်တော့ ပုံပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။

အကယ်၍ပုံကိုအရောင်မခြယ်ချင်ဘူးဆိုရင်တော့ ဒီမှာရပ်ထားလို့ရပါတယ်။
၁၁) ဒီအဆင့်မှာတော့ပုံကိုအရောင်စိုစိုလေးဖြစ်လာအောင်လုပ်ပါမယ်။
ဒီအတွက်အပေါ်ဆုံး Layer ကို Layer Mask တစ်ခုချိတ်ပါမယ်။
Layer Palette အောက်ခြေက Layer Mask ကိုနှိပ်ပါ။ ဒါမှမဟုတ် (Layer>Layer Mask>Reveal All) ကို Select လုပ်ရင်လည်းရပါတယ်။

၁၂) Layer Mask မှာခြယ်ဖို့အနားဖွာတဲ့ Normal Brush တစ်ခုကိုရွေးပါ။ Opacity ကို 50%သို့ပြောင်းပါ။ Foreground Color က Black ဖြစ်ပါတယ်။

၁၃) Layer Mask ပေါ်မှာ Brush Size ကိုအတိုးအလျှော့လုပ်ပြီး ပုံကိုအရောင်ဖြယ်ပါမယ်။ အဲလိုခြယ်တဲ့နေရာမှာ တစ်ပုံလုံးကို Brush အကြီးကြီးနဲ့ ပွတ်မခြယ်ပါနဲ့။ အင်္ကျီ၊ ဂါဝန်၊လက်၊မျက်နှာ စသည်ဖြင့်မတူတဲ့ ပစ္စည်းတွေနဲ့ မတူတဲ့အရောင်တိုင်းကို တစ်ခုချင်းစီ စိတ်ရှည်ရှည်ဖြင့်ခြယ်ပါ။ မိမိစိတ်ကူရှိသလောက် ပွတ်ခြယ်ပါ။ အကယ်၍ မှားသောနေရာကိုဖျက်လိုလျှင် Foreground color ကိုအဖြူရောင်ပြောင်းပြီး ခြယ်နိုင်ပါတယ်။ ဒါဆိုပံအတိုင်းတွေ့ရမှာပါ။

စိတ်ရှည်ပြီး စိတ်ကူကောင်းရင်တော့ အင်မတန်လှပတဲ့ပုံတစ်ခုဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ဘယ်ပန်းချီရေးလို့မမှီတဲ့ ပုံတစ်ခုဖြစ်ဖို့အတွက် မိမိရဲ့အနုပညာအမြင်ရယ် စိတ်ရှည်မှုရယ် ပေါင်းစပ်ဖို့ပဲကျန်ပါတော့တယ်။
ဘ၀အပိုင်းအစများ
ဒီ tutorial ကတော့သင့်ရဲ့ပျင်းစရာကောင်းတဲ့ ဓာတ်ပုံကို စိတ်ဝင်စားစရာကောင်းတဲ့ ဓာတ်ပုံတစ်ပုံအဖြစ် ပြောင်းလဲသွားစေမယ့် သင်ခန်း စာဖြစ်ပါတယ်။
၁) အဲဒီအတွက်လိုအပ်တဲ့ဓာတ်ပုံကိုဖွင့်ပါ၊

၂) နောက်ထပ် Layer အသစ်တစ်ခုဖွင့်ပါ
(Layer>New>Layer) သို့မဟုတ် (Shift+Ctrl+N) ကိုနှိပ်ပါ။

၃) Fill လုပ်မယ့် Foreground color ကိုသင့်တော်ရာတစ်ခုရွေးပါ။

၎) အဲဒီ Layer ပေါ်မှာ Rectanglular Marquee ကိုသုံးပြီး အနေတော်လေးထောင့်ကွက်တစ်ခုဆွဲပါ၊ ပြီးရင် (Alt+Delete) ကိုနှိပ်ပြီး အရောင်ခြယ်ပါ၊ (Select>Deselect) သို့မဟုတ် (Ctrl+D) ကိုနှိပ်ပါ၊ ပုံအတိုင်းတွေရပါမယ်။

၅) အဲဒီ Layer ကိုသင့်တော်တဲ့နေရာတစ်ခုကိုရွေပါ။ ဒီပုံမှာတော့ သီချင်းဆိုနေတဲ့ သူငယ်ချင်းနှစ်ယောက်ကို အဓိကရွေးချင်တဲ့အတွက် သူတို့ကိုယ်လုံးကို အုပ်သွားမယ့်ေ်နရာတစ်ခုကို ရွေ့ပါတယ်။ (Edit>Transform>Rotate) ကိုလုပ်ပြီး အနည်းငယ်လှည့်ပါမယ်။

၆) ပြီးရင်တော့ Layer Palette မှာ အဲဒီ Layer ကို ထောက်ပြီး Ctrl နဲ့ Click လုပ်ပါ၊ ပုံရဲ့ပတ်ပတ်လည်မှာ Marquee တစ်ခုပေါ်လာတာတွေရပါမယ်။ အဲဒီအခါမှာ Background Layer ကို Select လုပ်ပါ။ ပြီးရင် (Ctrl+J) ကိုနှိပ်ပါ။ Background Layer ပေါ်မှာ နောက်ထပ် Layer တစ်ခုပေါ်လာပါလိမ့်မယ်။

၇) ပြီးရင်တော့ အပေါ်ဆုံးက Color Fill လုပ်ထားတဲ့ Layer ကိုပြန် Select လုပ်ပ်ါမယ်။ (Ctrl+J) ကိုနှိပ်ပြီး Layer တစ်ခု Duplicate ထပ်လုပ်ပါမယ်။ ပြီးရင် Move နဲ့ Rotate လုပ်ပြီးနောက်တစ်နေရာကိုရွေ့ပါ။ နဂိုလုပ်ထားခဲ့တဲ့ Layer နဲ့ Overlap ဖြစ်ရင်ပိုကောင်းပ်ါတယ်။


၈) ပြီးရင်တော့ အဆင့်(၆)မှာ ပြထားတဲ့အတိုင်း အဲဒီ Layer ကိုထောက်ပြီး Ctrl နဲ့ Clikck လုပ်ပါ။ ပုံရဲ့ပတ်ပတ်လည်မှာ Marquee တစ်ခုပေါ်လာတာတွေရပါမယ်။ အဲဒီအခါမှာ Background Layer ကို Select လုပ်ပါ။ ပြီးရင် (Ctrl+J) ကိုနှိပ်ပါ။ Background Layer ပေါ်မှာနောက်ထပ် Layer တစ်ခုပေါ်လာပါလိမ့်မယ်။

၉) အဲဒီလိုပဲ အဆင့် (၇) နဲ့ (၈) အတိုင်း ထပ်ခါထပ်ခါုလုပ်သွားမယ်ဆိုရင် ပုံအတိုင်း Solid Fill လုပ်ထားတဲ့ Rectangle Layer တွေရယ်၊ Background Layer ကို Duplicate လုပ်ထားတဲ့ Layer တွေကိုရပါလိမ့်မယ် ဒီနေရာမှာ Duplicate လုပ်ထားတဲ့ Layer တွေဟာ မိမိလိုသလောက် ပုံကိုဖုံးသွားရပါမယ်။ ဒီအဆင့်တွေမှာ မှားတတ်၊ကျန်တတ် တာမို့ ဂရုတစိုက်ဆောင်ရွက်ရမှာဖြစ်ပ်ါတယ်။


၁၀) ဒီအဆင့်များ ပြီးသွားရင်တော့ အပေါ်က Solid Fill လုပ်ထားတဲ့ Layer တွေကလွဲရင် ကျန်တဲ့ Layer တွေအားလုံးကို မျက်လုံးမှိတ်ပြီး ခဏဖျောက်ထားရမှာဖြစ်ပါတယ်။

၁၁) အပေါ်က အဲဒီ Solid Filled Layer တွေထဲက တစ်ခုခုကို Select လုပ်ပါ၊ ပြီးရင် (Layer>Merge Visible) သို့မဟုတ် (Shift+Ctrl+E) ကိုနှိပ်ပါ။ Solid fill လုပ်ထားတဲ့ Layer တွေပေါင်သွားတာကိုတွေရပါမယ်။ အဲဒီ Layer ရဲ့ဘေးက မျက်လုံးပုံကို Right Click နှိပ်ပြီး (Show/Hide al other layers) ကို Select လုပ်ပါ။ စောစောက မျက်လုံးပိတ်ပြီးဖျောက်ထားနဲ့ Layer တွေကိုပြန်တွေ့ရပါမယ်။

ပြီးရင်တော့ အဲဒီအပေါ်ဆုံးက Layer တွေကိုအမှိုက်ပုံးထဲထည့်ပြီး Delete လုပ်လိုက်ပါ။ ဒါဆိုရင် Background Layer နဲ့ သူ့ရဲ့ Duplicate Layer တွေပဲကျန်ပါလိမ့်မယ်။
၁၂) အဲဒီနောက် မိမိFill လုပ်ချင်တဲ့ Foreground color ကို set လုပ်ပါ။ ပြီးရင်အောက်ဆုံးက Background Layer ကို Select လုပ်ပြီး အရောင်ခြယ်ပါ။ (Alt+Delete) နှိပ်လဲရပါတယ်။ ဒါဆိုပုံအတိုင်းတွေရပါမယ်။

၁၃) ပြီးရင်တော့ Duplicate လုပ်ထားတဲ့ Layer တွေထဲကတစ်ခုခုကို Select လုပ်ပါ။ Right Click နဲ့ Blending Option ကိုဝင်ပါ။ အဲဒီမှာ Stroke ထည့်ပါမယ်။ ဒီပုံမှာတော့ Stroke width ကို ၃ လို့ရွေးထားပါတယ်။ မိမိပုံရဲ့ Resolution ကိုလိုက်ပြီး Stroke Width ကိုသင့်တော်သလို ပြင်နိုင်ပါတယ်။ Stroke color ကိုတော့ အဖြူရောင်ရွေးပါတယ်။

၁၄) ပြီးရင်တော့ Drop Shadow ချပါမယ်။ ဒီtutorial မှာတော့ Default Setting ကိုပဲသုံးထားပါတယ်။ ပုံရဲ့ Resolution ကိုလိုက်ပြီး Shadow ရဲ့ Distance, Spread, Size တို့ အတိုးအလျော့ရှိနိုင်ပါတယ်။

ဒါဆိုရင်တော့ Blending Option ပြောင်းထားတဲ့ Layer တစ်ခုကိုတွေ့ရမှာပါ။

၁၅) ပြီးရင်အဲဒီ Blending Option ပြင်ထားတဲ့ Layer ကို Right Click လုပ်ပြီး Popup Menu မှာ Copy Layer Style ကို ရွေးပါ။

၁၆) ပြီးရင်တော့ ကျန်တဲ့ Blending Mode မထည့်ရသေးတဲ့ Layer တွေကို RIght Click နှိပ်ပြီး Popup Menu မှာ Paste Layer Style လုပ်သွားပါ။

ဒါဆိုရင်တော့ ပုံအတိုင်းတွေပါလိမ့်မယ်။

နောက်ဆုံးအပြီးသတ်အနေနဲ့ လိုက်ဖက်မယ့် Outline တွေ Text တွေထည့်လိုက်ရင်တော့ အနုပညာဆန်ဆန် ပုံလေးတစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။

အထဲမှာမနေချင်တဲ့သူ
တစ်ခါတစ်ရံ မွန်းကြပ်ပိတ်လှောင်သော ဘသထဲမှ ထွက်သွားလိုသည့် စိတ်ကူများရှိလာသည် ဆိုပါစို့။ ဒီ tutorial ကသင့်စိတ်ကူကို အကောင်အထည်ပြု အသက်သွင်းပေးပါလိမ့်မည်။
၁) သို့အတွက် လိုအပ်သောဓာတ်ပုံကိုဖွင့်ပါ။

၂) Layer အသစ်တစ်ခုခေါ်ပါ။ (Layer>New>Layer) သို့မဟုတ် (Shift+Ctrl+N) ကိုနှိပ်ပါ။
ပထမဦးစွာသင်လိုအပ်သော Foreground color ကို set လုပ်ပါ။ ထို့နောက် Rectangular Marquee တစ်ခ်ုဆွဲပါမည်။ သင်လိုအပ်သော အနေအထားကိုရလျှင် (Alt+Delete) ဖြင့် Fill လုပ်ပါ။

၃) Layer Palette မှနေ၍ Layer Opacity ကိုလျှော့ပါ။ အောက်မှ Background Layer ကိုမြင်ရမည်ဖြစ်သည်။

၎) နောက်ထပ် Layer အသစ်တစ်ခုခေါ်ပါ။ (Layer>New>Layer) သို့မဟုတ် (Shift+Ctrl+N) ကိုနှိပ်ပါ၊ ပြီးလျှင် (Edit>Stroke) ကိုဝင်ပါ။ Stroke Width =5 , Location = inside ဖြင့် Stroke တစ်ခုဆွဲပါမည်။

ပြီးလျှင် (Select>Deselect) သို့မဟုတ် (Ctrl+D) ကိုနှိပ်ပါ။ ပုံအတိုင်းတွေရမည်။

၅) ထို Layer ကို Style တစ်ခုထည့်ပါမည်။ Style Palette ကို F6 နှိပ်ပြီးအလွယ်တကူဖွင့်နိုင်ပိတ်နိုင်ပါသည်။ ထို Style များထဲမှ သင့်တော်သော Style တစ်ခုကိုရွေးပါ။

ထို Style ထည့်ထားသော Layer နှင့် သူ့အောက်မှ Layer ကို Link လုပ်ပါ။

၆) ပြီးလျှင် (Edit>Transform>Perspective) ဖြင့် သဘာဝကျကျ အဝေးအနီးသဘောမျိုးကိုဖန်တီးပါ။ ပြီးလျှင် မိမိထည့်သွင့်လိုသော အနေအထားရောက်အောင် ရွေ့ပါ။ ပုံအတိုင်းအဆင့်ဆင့်တွေ့ရမည်။


၇) အပေါ်ဆုံးမှ Style ထည့်ထားသော Layer ကို မျက်လုံးလေးအားမှိတ်ပြီးခဏဖျောက်ထားပါမည်။ ပြီးလျှင်အောက်ဆုံးမှ Background Layer ကို Select လုပ်ပါ။ ပုံအတိုင်းတွေရမည်။

၈) Lasso tool ဖြင့် မိမိအပြင်ထွက်စေလိုသော လူရဲ့ Body Outline ကိုရွေးပါ။ ရွေးပြီးသား selection အပေါ် ထပ်တိုးလိုပါက Lasso Tool ကို Shift ဖြင့် တွဲသုံးရမည်ဖြစ်ပြီး လျှော့လိုပါက Alt key ဖြင့်တွဲသုံးပါ။ ပြီးလျှင်ပုံအတိုင်းတွေ့ရမည်။

၉) Ctrl+J ကိုနှိပ်ပါ။ Background Layer အပေါ်တွင် Duplicate လုပ်ထားသော Layer တစ်ခုပေါ်လာသည်ကိုတွေရမည်။ ထို Layer ကိုအပေါ်ဆုံးရှိ မျက်လုံးမိတ်ထားသော Layer အထက်သို့ရောက်အောင် Drag ဆွဲတင်ပါ။ ပုံအတိုင်းတွေ့ရပါမည်။

၁၀) Ctrl ကိုဖိပြီး Background Layer အပေါ်ရှိ Opacity လျှော့ထားသော Layer ကို Click လုပ်ပါ။ Object Outline အတိုင်း Marfquee Selection တစ်ခုပေါ်လာမည်။ ပြီးလျှင် (Select>Inverse) သို့မဟုတ် (Shift+Ctrl+I) ကိုနှိပ်ပါ။ ပုံအတိုင်းတွေရမည်။

၁၁) ထို့နောက် အောက်ဆုံးမှ Background Layer ကို select လုပ်ပါ။ တဆက်တည်း မိမိ Fill လုပ်လိုသော foreground color ကို ရွေးပါ။

ထို Selection ကို (Alt+Delete)နှိပ်၍ဆေးခြယ်ပါ။ ပြီးလျှင် (Select>Deselect) သို့မဟုတ် (Ctrl+D) ကိုနှိပ်ပါ။ ပုံအတိုင်းတွေရမည်ဖြစ်သည်။

၁၂) Opacity လျှော့ထားသော Layer ကို Delete လုပ်ပစ်ပြီး Style ထည့်ထားသော Layer ကိုပြန်ဖွင့်လိုက်လျှင် ပုံအတိုင်းတွေရမည်ဖြစ်သည်။

၁၃) အချောသတ်အနေဖြင့် Stamp Tool ကိုအသုံးပြုပြီး လိုအပ်သော ရေစက်ရေမှုန် ရေလှိုင်းတွေကို ကူယူပြီး လိုအပ်တာတွေ ဖြည့်လိုက်လျှင်တော့ ပုံအတိုင်းသေသပလှပသဘာဝကျတဲ့ အနေအထားကိုရရှိမှာပါ။

အောက်မှာဒီ tutorial က Idea အတိုင်းဖန်တီးထားတဲ့ ပုံတွေကိုနမူနာလေ့လာရအောင် ဖော်ပြပေးလိုက်ပါတယ်။ ဒါအပြင် ကောင်းမွန်ဆန်းပြားတဲ့ အနုပညာဆိုတာ ဖန်တီးသူရဲ့စိတ်ကူနဲ့ စိတ်ရှည်မှုအပေါ်မှာ အခြေခံတယ်ဆိုတဲ့အချက်ကိုလည်းမေ့မထားနဲ့ဦး။




မီးတောက်အသွင်
နတ်သမီးလေးလို လှနေလို့
ဒီ Tutorial က ဓာတ်ပုံတစ်ခုကို လှပတောက်ကြွားတဲ့ Desktop Wallpaper တစ်ခုအဖြစ်ပြောင်းပေးမယ့် Heaven Effect လို့တင်စားရမယ့် Tutorial ပါ။
၁) Wallpaper အရွယ် New File တစ်ခု ဖွင့်ပါမယ်။ ဒီ Tutorial မှာတော့ (1280 x 800 px) အရွယ်ကို ဖွင့်ပါတယ်။
၂) Effect ပြုလုပ်ချင်တဲ့ ဓာတ်ပုံကို ဖွင့် Copy ကူးပြီး စောစောက New File ပေါ်ကို Paste လုပ်ပါမယ်။ မိမိလိုအပ်တဲ့ အရွယ်ရအောင် Scale ကို ချုံ့ချဲ့ ပြုလုပ်ပါမယ်။

၃) ပြီးတဲ့အခါ Lasso Tool တစ်ခုသုံးပြီး ပုံရဲ့ Background ကို Selection လုပ်ပါမယ်။

၎) Ctrl + J သို့မဟုတ် Layer > New > Layer Via Copy ကိုလုပ်ပါမယ်။ ဒါဆိုရင် Background Layer ပေါ်မှာ နောက်ထပ် Layer နှစ်ခုတွေ့ရပါမယ်။

၅) ပြီးသွားရင်တော့ Filter > Blur > Gaussian Blur ကို Radius ကြီးကြီးဖြင့် Background ကို ခပ်ဝါးဝါး ဖန်တီးပါမည်။ ဒီမှာတော့ 30 pixels ထားပါသည်။

၆) ပြီးလျှင် အောက်မှ Layer-1 ကို ပြန်ရွေးပြီး Filter > Blur > Smart Blur ဖြင့် ကော်ပတ်ရုပ်ပုံစံမျိုးဖြစ်အောင် ဖန်တီးပါမည်။ လိုအပ်သော Radius ကိုတော့ မိမိစိတ်ကြိုက် ထားနိုင်ပါသည်။

၇) ပြီးလျှင် Ctrl+ M သို့မဟုတ် Image > Adjustment > Curves ကိုဝင်ပါ။ Curve ကို အထက်သို့ ဆွဲတင်ပြီး ပုံကို လင်းသွားအောင် ဖန်တီးပါ။

၈) ပြီးလျှင် Layer -2 သို့ပြန်ဝင်ပြီး Layer Mask တစ်ခုသုံးပြီး (သို့မဟုတ်) Soft Rounded Eraser Tool ဖြင့် အောက်မှ Layer ၏ အနားသတ်များ ထင်းလာအောင် Layer -2 ကို ဖျက်ပါမည်။
၉) ပြီးလျှင် Background ပွားရန်အတွက် လိုအပ်သော ပုံ၏ အနားပိုင်း အနည်းငယ်ကို Rectangular Marquee ဖြင့် Select လုပ်ပါ။

ပြီးလျှင် Ctrl + T သို့မဟုတ် Edit > Free Transform ကိုရွေးပြီး ဘယ်ဘက်သို့ ဆွဲကားပစ်လျှင် ပုံအတိုင်း တွေ့ရမည်ဖြစ်သည်။

၁၀) နောက်ဆုံးအဆင့်အနေဖြင့် မသေသပ်သော ဆက်ရာပေါ်နေသော နေရာများကို Clone Stamp Tool (S) ဖြင့် လိုက်လံ ဖာထေးပြုပြင်လိုက်သောအခါ ပြီးပြည့်စုံသော Wallpaper တစ်ခုကို ရရှိနိုင်ပါသည်။

အနုပညာမျက်စိနဲ့ ကြည့်ပြီး အနုပညာဆန်တဲ့ ဦးနှောက်၊ နှလုံးသားတို့နဲ့ပါ ပေါင်းစပ်ဖန်တီး လိုက်မယ်ဆိုရင် အနုပညာမြောက်တဲ့ အနုပညာတစ်ခုဖြစ်လာလိမ့်မယ်လို့ ဆိုချင်ပါတယ်။

ဟောင်းနွမ်းသွားတဲ့နောက်
`ဟင့်အင်း၊ မလိုချင်ဘူး´
`ဘယ်နှယ့်ကြောင့် မလိုချင်ရတာလဲ...´
`ရှင့်ပုံက သဘာဝမှ မကျဘဲ... ကြည့်ကြည့်ပါလား´

`အမ်... ကျုပ်မှာဖြင့် ခင်ဗျားတို့ကြိုက်တဲ့ ၀ါးတောထဲအထိ လိုက်ရိုက်ပေးပြီးထားတာနော်...´
`ဘာပဲဖြစ်ဖြစ် မလိုချင်ဘူး´
`အမ်...´
`ဟုတ်တယ်လေ... အစောကြီးကတည်းက လွမ်းလွမ်းဆွေးဆွေးလေးဖြစ်အောင် ရိုက်ပေးပါလို့ ပြောထားတာကို...´
`ဟာဗျာ...´
`မဗျာနဲ့... ရှင်ဘာလုပ်ပေးမှာလဲ...´
`ကဲ... ဒီလိုဆိုလည်း မနက်ဖြန်မနက် ပြန်လာခဲ့ဗျာ... ခင်ဗျားတို့စိတ်တိုင်းကျ ဖြစ်စေရမယ်´
`သေချာတယ်နော်...´
`စိတ်ချပါဗျာ´
+++++++++++++
နောက်တစ်နေ့မနက်...
`ဘယ်မှာလည်း ရှင့်ကင်မရာ... အသင့်လည်းပြင်မထားဘူး၊ ကျွန်မတို့မှာဖြင့် ဟိုတစ်နေ့ကအတိုင်း ပြန်ဝတ်စားလာရတာ လွယ်တယ်ထင်လို့လား´
`ဟမ်... ခင်ဗျားတို့ကို ဘယ်သူကဓာတ်ပုံထပ်ရိုက်ပေးမယ်ပြောလို့လဲ...´
`ဘာ... ရှင့်... ဒီမယ်... ရှင်ယောကျာ်းဖြစ်ပြီး စကားက ဗလောင်းဗလဲနဲ့ပါလား´
`အမ်... ကျုပ်ဘာပြောခဲ့လို့လဲ...´
`ရှင်ပဲ ဒီမနက်ပြန်လာခဲ့ ခင်ဗျားတို့စိတ်တိုင်းကျရိုက်ပေးမယ်ဆို...´
`ဟာ... အော်... အင်း... ခင်ဗျားတို့က နားလည်လွန်တာကိုးဗျ၊ စိတ်တိုင်းကျဆိုတာ ပြန်ရိုက်ပေးမှာမဟုတ်ဘူး´
`ရှင်... ရှင်နော်... ကျွန်မတို့ကိုဘာအောက်မေ့နေလဲ၊ အော်ပစ်လိုက်မှာ...´
`ဟ... ဟ၊ နေပါဦးဗျာ... အော်တော့မအော်လိုက်ပါနဲ့၊ စိတ်တိုင်းကျဆိုတာ Photoshop နဲ့ လုပ်ပေးမယ်ပြောတာ... ကဲ... ခဏထိုင်...´
`သေချာတယ်နော်... မဟုတ်လို့ကတော့...´
`အော်... သေချာပါတယ်ဆို... ကဲဒီမှာကြည့် ခင်ဗျားတို့ပုံတောင် ဖွင့်ထားပြီးသား...´
ပထမဆုံး အဲဒီပုံရဲ့ Background Layer ကို Ctrl + J (သို့) Layer > Duplicate Layer နဲ့ နောက်ထပ်တစ်ခု Copy ပွားလိုက်မယ်။

ပြီးရင် Filter > Texture > Grain ထဲကို ၀င်ပြီး အဲဒီအပေါ်က Layer ကို အောက်က Setting အတိုင်း Texture ထည့်မယ်။ Grain Type ကို Vertical မှာထားလိုက်မယ်။

ပြီးရင် အဲဒီ Layer မှာပဲ Layer Mask တစ်ခု သုံးပြီးတော့ လူတွေပေါ်မှာရှိနေတဲ့ Texture တွေကို ဖျက်ပစ်မယ်။ ဒါဆိုရင် ဒီလိုမျိုး တောက်တောက် ပပလေး ပြန်ဖြစ်လာတာကို တွေ့ရမယ်။

အဲဒီအပေါ်က Layer နဲ့ အောက်က Background Layer ကို Ctrl + E (သို့) Layer > Merge Layers နဲ့ ပေါင်းပစ်လိုက်မယ်။ ပြီးရင် Ctrl + U (သို့) Image > Adjustment > Hue/ Saturation ကိုဝင်ပြီး အောက်က Setting အတိုင်းပြောင်းမယ်။ Colorize Box ကို Check လုပ်ထားမယ်။ ဒါမှ Mono Tone လို့ခေါ်တဲ့ တစ်ရောင်တည်းဖြစ်နေတာကို ရမယ်။

ပြီးရင် Image > Adjustment > Brightness/ Contrast ကိုဝင်ပြီး လိုအပ်သလိုပြင်မယ်။

`ကဲ... ဘယ်လို သဘောရလဲ အမိတို့ရေ...´
`အင်း... မဆိုးပါဘူး... နည်းနည်းလေး...´
`ဒုက္ခပဲဗျာ၊ ကျုပ်က ဘယ်လိုထပ်လုပ်ပေးရမှာလဲဗျာ´
`အာ... ကျွန်မတို့က ဒီထက် ဟောင်းတဲ့ နွမ်းတဲ့၊ ကျွန်မတို့အမေတွေ ငယ်ငယ်ကရိုက်ထားသလိုမျိုး... သဘာဝကျကျ၊ လွမ်းလွမ်းဆွေးဆွေး၊ ထိုင်းထိုင်းမှိုင်းမှိုင်းလေး...´
`အော်... ဒါများ၊ ခင်ဗျားတို့နှယ် သူများတွေ ပုံဟောင်းမှ ပုံကောင်းသို့ဆိုပြီး လုပ်နေတဲ့အချိန်မှာ... အဟောင်းအနွမ်းတွေပဲလိုချင်တော့တယ်... တော်တော်ကြာ Antique Shop ပို့ခံနေရဦးမယ်၊ အမှန်ဆို ခင်ဗျားတို့အရွယ်က တက်ကြွတောက်ပနေရမှာလေ... ပြီးတော့...´
`ဒီမယ်... ရှင်လုပ်ပေးမှာလား စကားပြောမှာလား... လေကိုရှည်တယ်´
`ဟုတ်ကဲ့ပါ၊ အခုလုပ်ပါမယ်ဗျ၊ ဘယ့်နှယ် စကားတောင် ပြောခွင့်မရှိဘူး၊ သူတို့ နားလည်အောင်လည်း တဆင့်ခြင်း ရှင်းပြရသေးတယ်၊ အဲလိုမျိုးလိုချင် စောစောက ပြောရောပေါ့...´
အဲဒီတော့ ပြီးသွားတဲ့ Layer အပေါ်မှာ နောက်ထပ် Shift+ Ctrl+ N (သို့) Layer > New > Layer နဲ့ Layer အသစ်တစ်ခုခေါ်မယ်။ ပြီးရင် ခပ်ကြမ်းကြမ်း ပုံစံရှိတဲ့ Spatter Brush, Charcoal Brush စတာတွေ ကိုရွေးမယ်။ White Color ကိုသုံးပြီး ပုံရဲ့ဒေါင့်တွေမှာ အစွန်းအထင်းလိုမျိုးဖြစ်အောင် လုပ်ပစ်မယ်။ လိုအပ်တဲ့ Brush Size နဲ့ Opacity ကိုလိုသလို ညှိပြီးထည့်မယ်။

ပြီးသွားရင် အဲဒီအပေါ်မှာ နောက်ထပ် Layer တစ်ခု (Shift+ Ctrl+ N) ခေါ်ပြီး Ctrl + A (သို့) Edit > Select All လုပ်ပြီး Edit > Stroke နဲ့ အဖြူရောင် Inside Stroke ထည့်ပြီး Border တစ်ခုဖန်တီးလိုက်မယ်။ ပြီးရင် အဲဒီ Layer နှစ်ခုကို အထက်ကလိုပဲ Layer Marge နဲ့ ပေါင်းပြီး Hue/ Saturation ပြောင်းလိုက်မယ်။ သိပ်အဖြူကြီး မကြိုက်ရင်တော့ အ၀ါရောင်သန်းတဲ့ ဘက်ကို ကစားပြီး ယူလို့ရပါတယ်။ ဒါဆိုရင် အောက်ကအတိုင်း ပုံဟောင်းလေး ဖြစ်လာပါမယ်။

`ကဲ... စိတ်တိုင်းကျပြီလား Classic မမတို့ရေ... လွန်ခဲ့တဲ့ အနှစ် ၆၀ ကျော်က အငွေ့အသက်တွေပါတဲ့ အင်မတန်မှ ဟောင်းနွမ်းတဲ့ အိုမင်းတဲ့၊ ဆွေးမြေ့...´
`တော်... တော်ပြီ၊ ဒီလောက်ဆိုရပါပြီရှင့် ကျေးဇူးအများကြီးတင်ပါတယ်´
`ဟုတ်ကဲ့ဗျာ´
နူးညံ့ကျော့ရှင်း လှယမင်း
`ဒေါက်... ဒေါက်... ဒေါက်၊ ကိုဟန်သစ်ရှိလားရှင့်၊ ကိုဟန်သစ်´
`အဲ... ရှိပါတယ်ဗျို့... ၀င်ခဲ့ပါ... အော်... ဘယ်သူများမှတ်တယ် Classic မမတို့ကိုး...´
`ဟုတ်ကဲ့ရှင့်၊ ဟိုတစ်ခါလိုပဲ ကျွန်မတို့ဓာတ်ပုံကို Photoshop Effect လှလှလေးထည့်ချင်လို့...´
`ကောင်းပါပြီဗျာ။ ဒီတစ်ခါ ဘယ်လိုများ ရှေးဆန်ကြဖို့ စဉ်းစားထားကြလဲ... ကျုပ်ကတော့ ဖိုတိုရှော့ပ်နဲ့ အပိုအလိုလျှော့ပြီး...´
`တော်၊ တော်... ရှင်တော်တော် စကားများတာပဲ၊ အခုတခါ ကျွန်မတို့လိုချင်တာက အဟောင်းစတိုင်မဟုတ်ဘူးရှင့်၊ ခေတ်ဆန်ဆန်နဲ့ ပြေပြေလေးလှနေတာမျိုး...´
`ဗျာ... ခေတ်ဆန်ဆန်နဲ့ ပြေပြေလေး??? ဟုတ်လား??? ဘယ်သူက ခင်ဗျားတို့ကို ချွန်လိုက်တာလဲဗျာ´
`ဒီမှာ... ဗျာမနေနဲ့၊ လုပ်ပေးမှာလား မလုပ်ပေးဘူးလား... မလုပ်ပေးရင်...´
`ဟိုး... နေပါဦးဗျ၊ စမ်းကြည့်ပေးမယ်၊ မလှရင်တော့လည်းသီးခံပေါ့... ကဲ... ပေး၊ ခင်ဗျားတို့ဓာတ်ပုံ...´
`ရော့ ဒီမှာ... နှစ်ပုံစလုံး လုပ်မှာနော်... တော်တော့်ကို အာလူးများတဲ့သူ...´
`ခင်ဗျားတို့ကလည်း ပဲများတာပဲ...´
`ဘာ... ရှင့်...´
`ဟုတ်ကဲ့၊ အဲ... ပုံတွေက လှပြီးသားလို့ ဆိုလိုတာပါဗျ၊ ကဲ... ပထမဆုံး ဒီမမရဲ့ ပုံလေးကိုဖွင့်...´

အဲဒါအတွက် Desktop Wallpaper အရွယ် (1280 x 800 pix) New File တစ်ခုဖွင့်လိုက်မယ်။ Background Color ကို ခင်ဗျားတို့ကြိုက်မယ့် မိတ်ကပ်ရောင် ခပ်ပြေပြေလေး (#EDDBB0) ထည့်လိုက်မယ်။
ပြီးရင် (3 x 3 pix) New File တစ်ခုနဲ့ Diagonal Scan Line Pattern တစ်ခုကို ဖန်တီးမယ်၊ Layer အသစ်တစ်ခုထပ်ခေါ်ပြီး Fill လုပ်လိုက်မယ်။ ဒါမှ ခေတ်ဆန်တဲ့ အသွင်သဏ္ဍာန်မျိုးကို ရမှာ...။ (မှတ်ချက်။ Horizontal Scan Line Pattern ဖန်တီးခြင်းအား Special Effect ထဲမှ Tutorial သင်ခန်းစာ (၁၀) တွင် ပြန်လည်ကြည့်ရှုနိုင်ပါသည်။)

ပြီးရင် အရောင်တွေ စုံသွားအောင် နောက်ထပ် New Layer တစ်ခုခေါ်ပြီး သက်တန့်ရောင် Transparent Rainbow နဲ့ Gradient Fill လုပ်လိုက်မယ်။

ပြီးရင် Filter > Blur > Gaussian Blur နဲ့ ၀ါးပစ်မယ်။ Pixel Size က အများဆုံးဖြစ်တဲ့ 250 pix ဖြစ်တယ်။ အဲဒါပြီးတော့ အဲဒီ Layer မှာပဲ Layer Mask တစ်ခုခေါ်ပြီး Soft Rounded Brush နဲ့ မိတ်ကပ်ရောင်လေးပြန်ပေါ်လာအောင် ခပ်ပြေပြေလေး ဖျက်ပစ်ပါမယ်။ ပြီးရင်တော့ ဒီအတိုင်း တွေ့မှာပေါ့ဗျာ။

ပြီးရင် စောစောက ဓာတ်ပုံလေးကို Copy ကူးပြီး ထည့်လိုက်မယ်။ ဒီမှာ အရေးအကြီးဆုံး လုပ်ရမှာက စောစောက လုပ်ထားတဲ့ Layer တွေ (Background Layer အပါအ၀င်) အားလုံးကို ခဏပိတ်ထားပြီး အဲဒီ လူပုံရှိတဲ့ Layer ကိုပဲ ဖွင့်ထားရပါမယ်။
ပြီးရင်တော့ Channel Tab ထဲကို သွားပြီး Red, Green, Blue Channel သုံးခုထဲက အတောက်ပ၊ အဖြူစင်ဆုံး Channel ကိုရွေးမယ်။ ဒီပုံမှာတော့ အနီရောင် Red Channel ဖြစ်တယ်။ ပြီးလျှင် အဲဒီ Channel ကို Right Click နဲ့ထောက်ပြီး Duplicate Channel လုပ်လိုက်မယ်။

ပြီးသွားရင် Soft Rounded Brush တစ်ခုနဲ့ အဖြူရောင် (#FFFFFF) ကိုရွေးပြီး ပုံရဲ့ အနောက်က Background ကို အဖြူရောင်ခြယ်ပစ်လိုက်မယ်။ ပြီးလျှင်တော့ ဒီလိုမြင်ရမယ်ဗျာ။

အဲဒါပြီးသွားရင် အဲဒီ Channel ကို (Ctrl + Left Click) နဲ့ထောက်ပြီး Select လုပ်မယ်၊ ပြီးရင် Shift + Ctrl + I (သို့) Select > Inverse နဲ့ Selection ကို ပြောင်းပြန်လုပ်မယ်။ ပြီးရင် Layer Tab ကိုပြန်သွား၊ New Layer တစ်ခုခေါ်ပြီး ခပ်ရင့်ရင့် မီးခိုးရောင် (#494949) နဲ့ Fill လုပ်လိုက်မယ်။ ပြီးတဲ့အခါ စောစောက ပိတ်ထားတဲ့ Layer တွေအကုန်ပြန်ဖွင့်ပါမယ်။ မူရင်း လူပုံပါတဲ့ Layer တစ်ခုသာ ပိတ်ထားပါမယ်။

ဒါဆိုရင် ပုံအတိုင်းတွေ့ရမှာဖြစ်တယ်။

`ကဲ... ရပြီဗျို့...´
`ဟင့်အင်း၊ မကြိုက်သေးဘူး၊ ဒီထက်နည်းနည်းလေး ခပ်ရှုပ်ရှုပ်ဖြစ်အောင် စာသားလေး ဘာလေး ထည့်ပေးပါလား။
`ဟုတ်ပြီဗျာ...၊ အဲဒီတော့ ပုံကို နည်းနည်းရွှေ့ပြီး နောက်ထပ် Layer အသစ်တစ်ခုခေါ်၊ ပြီးတော့ ခပ်ရှုပ်ရှုပ်ဖြစ်စေမယ့် လိုင်းတွေ ဆွဲလိုက်မယ်၊ ဆွဲပြီးရင် သိပ်မထင်အောင် Soft Rounded Eraser Tool နဲ့ ပြန်ဖျက်လိုက်မယ်...´

နောက်ထပ် Layer တစ်ခုထပ်ခေါ်ပြီး Photoshop မှာ ပါပြီးသား ညောင်ရွက်ပုံ Brush နဲ့ Paint လုပ်မယ်ဗျာ။ ပြီးရင် လိုတဲ့ စာတန်းလေး တစ်ခုနှစ်ခု ထပ်ထည့်မယ်။ ဒါဆိုရင်တော့...

`ကဲ... ကျေနပ်ပြီလား မမတို့ရေ...´
`သူ့ပုံတော့ ဟုတ်သွားပြီ၊ ကျွန်မပုံကိုလည်း... အဲဒီအတိုင်း...´
`အော်... ဒါလေးများ ဒီမှာဗျာ...´

`အားပါး၊ လှတယ်ရှင့်... ဒီတစ်ခါတော့ တကယ်ကျေးဇူးတင်ပါတယ်ရှင်၊ နောက်တစ်ပတ် ကျွန်မတို့ အဆောင်ကို ထမင်းစားကြွပါလားရှင့်...´
`ဟုတ်ကဲ့... လာခဲ့ပါမယ်ဗျ၊ ဘာဟင်းချက်ကျွေးမှာလဲ...´
`အာလူးနဲ့ ပဲဟင်း...´
`ဗျာ...´
No comments:
Post a Comment