Photo Repairing Guide (PART 2)
KZO: ဟာ ဘာပုံကြီးတုန်း
MHZ: Gold Man လေဗျာ၊ ဘေးမှာစာရေးထားတယ်မတွေ့ဘူးလား၊ အဲဒီလူကရွှေရောင်အ၀တ်အစားတွေဝတ်ပြီး မလှုပ်မယှက် ကျောက်ရုပ်လို ငြိမ်ငြိမ်လေးနေတာ လူတွေကသူ့ကိုဓါတ်ပုံရိုက်သွားကြတယ် အလှူငွေပေးသွားကြတယ်။ ကျုပ်လဲလမ်းသွားရင်းနဲ့ သဘောကျလို့ရိုက်လာတာ။ ဒီပုံကိုကြည့်လို့ကောင်းသွားအောင် ကျောက်ပြားတွေမှာ ပေနေတဲ့အစွန်းတွေဖျက်ပေးစမ်းပါဗျာ

KZO: အင်း အိုကေ Tool သုံးခုပဲသုံးပြီး ခင်ဗျားပုံကိုပြင်ပေးမယ်
MHZ: ဘာ Tool တွေတုန်း
KZO: Patch tool, Healing brush tool နဲ့ Polygon Lasso tool တွေပဲသုံမယ်ဗျာ၊ အရင်ဆုံး Patch tool သုံးမယ်၊ Patch tool ဟာ Select လုပ်ထားတဲ့ Pixel တွေကို တစ်ခြား Source point area မှာရှိတဲ့ Pixel တွေကိုသုံးပြီး ပြုပြင်ပေးတာပါ၊
အဆင့်(၁) Patch Tool ကို ရွေးလိုက်မယ်၊ Patch tool မှာ patch type ကို Source မှာထားလိုက်မယ်။
![]()
အဆင့်(၂) ပြီးရင်တော့ Lasso tool သုံးသလို ပြင်လိုတဲ့နေရာက pixel တွေကို Select လုပ်လိုက်မယ်။
အဆင့်(၃) အဲဒီနောက်မှာတော့ Patch tool နဲ့ပဲအဲဒီ Selection ကို အစွန်းတွေမရှိတဲ့နေရာတစ်ခုသို့ ရွေ့လိုက်မယ်

ဒါဆိုရင်စောစောက အစွန်းကွက်တွေဟာ ပြုပြင်ပြီးဖြစ်သွားပြီပေါ့၊ Photoshop 7 ထိမှာတော့ အခုလိုမျိုး Selection ရွေ့သွားတုန်းမှာ Preview မပြဘူး။ Mouse လွတ်လိုက်မှသာ Effect ဖြစ်သွားတာ။ နောက်ပိုင်း Version တွေကတော့ ပိုအဆင်ပြေတယ်ပေါ့ဗျာ။
MHZ: ok ပထမ Tool တစ်ခုပြီးပြီ နောက်တော့ကော
KZO: Healing brush tool ဗျာ။ သူကလဲ patch tool လိုမျိုးပဲ တစ်ခုရှိတာက သူက Source point အရင်ကောက်ပေးရတယ်၊
အဆင့်(၁) အခုပဲ Healing brush tool ကိုရွေးလိုက်မယ်ဗျာ၊ Source ကိုတော့ Sample ပဲထားလိုက်မယ်၊
အဆင့်(၂) အရင်ဆုံး အစွန်းမရှိတဲ့နေရာကို Alt key နှိပ်ပြီး Mouse နဲ့ Click လုပ်မယ်ဗျာ၊ ဒါက Source point ကောက်လိုက်တာ
အဆင့်(၃) ပြီးရင်တော့ အစွန်းတွေရှိတဲ့နေရာကို mouse နဲ့ Click လိုက်လုပ်ရုံပဲ။ click and drag လဲရတယ်။ ဒါဆိုရင်အစွန်းတွေ ပျောက်သွားပြီပေါ့

MHZ: ဟာဟုတ်ပါ့ဗျာ၊ လွယ်လွယ်ကူကူပဲဗျ
KZO: နောက်ဆုံးကတော့ အရင်တုန်းကပြောခဲ့တဲ့ Lasso tool ကိုသုံးပြီးပြင်တာပဲဗျ၊ ကျောက်ပြားလေးတွေအနားမှာ ဒီလိုနေရာမျိုးဆိုရင် Lasso tool ကပိုအဆင်ပြေတယ်ဗျ၊ Healing brush တို့ Patch tool တို့ဆိုရင် အနားသတ်က Pixel တွေကပါလာတတ်တယ်ဗျ၊ စမ်းကြည့်ရင်သိလာလိမ့်မယ်ဗျာ

KZO: ကဲဒီလိုမျိုး ရှိသမျှအစွန်းတွေကိုဖယ်ပြီးရင်ခင်ဗျားပုံကိုဒီလိုမြင်ရပြီပေါ့ဗျာ

MHZ: thank u ဗျာ၊ ပိုကြည့်လို့ကောင်းသွားပြီ
KZO: ကျုပ်လဲ အဲဒီလိုမျိုးလုပ်ရင်ကောင်းမလားလို့
MHZ: ဒီလူတင်မကဘူး ပုစိန်ကြီးကိုင်ပြီး ရပ်နေတဲ့ပုံစံတွေလဲတွေ့ဖူးတယ်ဗျ၊ သူ့ကိုပိုက်ဆံပေးလိုက်ရင် စက်ရုပ်လိုလှုပ်ရှားမှုမျိုးနဲ့ အလေးပြုသေးတယ်ဗျ။
KZO: ကျုပ်တော့အကြာကြီးငြိမ်ငြိမ်နေဖို့မလွယ်ပါဘူးဗျာ ဟား ဟား ဟား
No comments:
Post a Comment