Photo Repairing Guide (PART 1)
ပုံတစ်ပုံကိုဘယ်လိုပြင်လဲဆိုတာကိုမပြောခင် အရင်ဆုံး Pixel များအကြောင်းသိဖို့လိုပါတယ် အဲဒါကို ပုံရိပ်များရဲ့ဖွဲ့စည်းပုံ သဘာဝ သင်ခန်းစာမှာရှင်းပြပြီးပါပြီ၊ နောက် Camera ကနေပုံတစ်ပုံရိုက်ထားတယ်ဆိုပါစို့ အဲဒီပုံမှာရှိတဲ့ Pixel တွေရဲ့အရောင်တွေဟာ ရုတ်တရက် ပြောင်းလဲ သွားဖြင်းမျိုးမဟုတ်ပဲ တဖြည်းဖြည်း ပြောင်းလဲခြင်းရှိလာတာကိုလဲ မမေ့သင့်ပါဘူး၊ အဲဒီတော့ Pixel တချို့ပျက်ယွင်းနေရင် အဲဒီ Pixel နဲ့အနီးအနားမှာရှိတဲ့ အရောင်တူ Pixel တွေကိုကူးပြီးပျက်သွားတဲ့ Pixel area မှာသွားထပ်လိုက်တာဟာလဲ ပုံတွေပြုပြင်တဲ့နေရာမှာ အလွန် အသုံးဝင်တဲ့နည်းတစ်ခုဖြစ်ပါတယ်။ အခုတော့အလွယ်ကူဆုံး ဖြစ်တဲ့ Selection tool တစ်ခုထဲကိုသုံးပြီး ပုံတစ်ပုံကိုပြင်ကြည့်ပါမယ်။ ဟောဒီပုံကတော့ Photoshop မှာ sample ပါတဲ့ပုံပါ။

အခုပြင်ချင်တဲ့အဖြူကွက်တွေရှိတဲ့နေရာကို Selection tool (Polygon Lasso) ကိုသုံးပြီး Select လုပ်လိုက်ပါမယ်။

ပြီးရင်အဲဒီ Selection area ကိုအောက်ကိုရွေ့လိုက်ပါမယ် (Polygon lasso tool ရွေးထားချိန်တွင် Tool Option bar မှာ Selection operation ကို New Selection တွင်ထားပါက Selection are ကို Mouse ဖြင့် Click and drag လုပ်ပြီးရွေနိုင်ပါသည်၊မိမိလိုချင်သောနေရာရောက်မှ Mouse ကိုလွှတ်ပါ။)
![]()

အဲဒီနောက်မှာတော့ Polygon lasso tool ဖြင့်ပင် Selection area ကို Ctrl + Alt Key များကိုတစ်ခါထဲပူနှိပ်ပြီး Click and drag လုပ်ပြီး စောစောက အဖြူကွက်နေရာကိုအုပ်လိုက်ပါမယ်။ Ctrl key နှိပ်ပြီး Click and Drag လုပ်ခြင်းသည် Cut ဖြစ်ပြီး Alt ဖြင့်ပူးနှိပ်ပါက Duplicate ဖြစ်သွားပါတယ်၊ ဒါဆို အဖြူကွက်ဖြစ်နေတဲ့နေရာကို ပြင်ပြီးသားဖြစ်သွားပါပြီ။

Polygon lasso tool အသုံးပြုပုံအဆင့်ဆင့်ကို ပိုမိုရှင်းလင်းစေရန် အောက်မှာပြထားသောပုံတွင်ကြည့်ပါ

ဒီနည်းကိုအသုံးပြုပြီး ပုံတစ်ခုလုံးကိုပြုပြင်နိုင်ပါတယ်၊ အောက်ကပုံကတော့ အချောသတ်ပြီးသွားတဲ့ပုံပါ။

နောက်တစ်ခေါက်မှာတော့ ပိုမိုကောင်းမွန်တဲ့ Clone stamp, Healing brush ကဲ့သို့သော Tool များသုံးပြီး ပြုပြင်သောနည်းလမ်းများ ကိုဖော်ပြပေးပါဦးမယ်။
No comments:
Post a Comment