http://www.soemoeblogspot.com
ဤဘလော့ပါအကြောင်းအရာများသည်မြန်မာဘာလော့များမှကူးယုထားပြီး မိမိတဦးတည်း ပြန်လည်လေ့ လာနိုင်ရန်အတွက်သာဖြစ်ပြီးမည်သူ့ ကိုမျှ Public လုပ်မထားပါခင်ဗျာ..
Friday, December 5, 2014
Tuesday, March 20, 2012
Wednesday, January 11, 2012
PhotoShop CS3 ကို အသုံးပြု၍ မိမိလိုချင်သောပုံကို ဖြတ်ထုတ်ခြင်း
လွမ်း အသုံးပြုပုံကိုသာ ရှင်းပြထားခြင်း ဖြစ်ပါသဖြင့် တကယ့် Professional အသုံးပြုနေသောသူများနှင့် နည်းပညာမတူပါက လွမ်းရဲ့ အားနည်းချက်လို့ ပဲ ယူဆပေးကြပါ…
ကိုးရီးယားဇာတ်လမ်းကြော်ငြာလေး တစ်ခုမှ စုံတွဲပုံလေးကို ဖြတ်ထုတ်ပါမယ်…
(၁) မိမိဖြတ်ထုတ်မဲ့ပုံကို Zoom>>> Fit on Screen လုပ်ထားပါမယ်…
(၂) ပုံကို ဖြတ်ရန်အတွက် Select ပြုလုပ်ရန် Magnetic Lasso Tool (L) ကို အသုံးပြုပါမယ်…
အဲဒီ့ Tool က အရောင်တူတဲ့နေရာလေးတွေကို သံလိုက်လိုကပ်သွားတဲ့အတွက် ရွေးချယ်ရ လွယ်ကူစေပါတယ်… စိတ်ရှည်စွာနဲ့  နည်းနည်းချင်း ကလစ်လုပ်ပြီး ရွေးချယ်သွားပါ…
(၃) ပတ်လည်ရွေးချယ်ပြီးသွားတဲ့အခါ Edit>>> Copy (0r) Cut လုပ်နိုင်ပါတယ်…
(၄) File>>>New ပြုလုပ်ပြီး Edit>>>Paste ပြုလုပ်လိုက်ပါမယ်…
(၅) ပိုနေသောနေရာလေးများကို ညှိရန်အတွက် Smudge Tool (R) ကို ရွေးချယ်ပါမယ်… မိမိရွေးချယ်သော ပုံပေါ်မူတည်ပြီး Brush Size ကို ရွေးချယ်ပေးလို့  ရပါတယ်…
Smudge Tool ဖြင့် မိမိရွေးချယ်ထားသောပုံမှ အစွန်းထွက်နေသည်များကို Mouse Press & Drag ပြုလုပ်ပြီး ညှိပေးလို့  ရပါတယ်…
(၆) နောက်ခံအရောင်ကို မိမိကြိုက်နှစ်သက်ရာအရောင် ပြောင်းပေးခြင်းဖြင့် သီးခြားစုံတွဲပုံလေးကို ခွဲထုတ်ပြီး ဖြစ်နေပါမယ်…
ဤနည်းဖြင့် ကျန်သောပုံများကိုလည်း ရွေးချယ်ပြီး မိမိနှစ်သက်ရာနေရာတွင် ပြောင်းရွှေ့ အသုံးပြုနိုင်ပါသည်။
ကွန်ပျူတာကို အသုံးပြု၍ နည်းပညာများ တိုးတက်ကြပါစေ။
Wednesday, June 22, 2011
သည်းချေကျောက်တည်သူများအတွက် ဆေးနည်းကောင်းတလက်
အစာကိုများများစားပြီးနောက် ၀မ်းဗိုက်ပြည့်အင့်ဖောင်းကားလားသကဲ့သို့
ခံစားရခြင်းဖြစ်ပါသည်။ အစာမကြေသကဲ့သို့လည်း ခံစားရပါသည်။ အကယ်၍
ရောဂါအခြေအနေဆိုးပါက အသည်းတစ်ဝိုက်တွင် နာကြင်မှုကိုခံစားရပါသည်။
သည်းခြေကျောက် သည် ကင်ဆာရောဂါကို ပင်
ဖြစ်စေနိုင်ပါသည်..ကင်ဆာရောဂါဖြစ်နေသော ဝေဒနာရှင်များသည် အများအားဖြင့်
ကျောက်တည်သူများဖြစ်ကြကြောင်း မှတ်တမ်းများတွင် တွေ့ ရှိရကြောင်း Dr.
Lai Chiu Nan ကပြောပါသည်..။
အသည်းနှင့်သည်းခြေကျောက်တို့သည် တစ်နည်းတစ်ဖုံ ဆက်စပ်နေသည်ဖြစ်ရာ
အောက်ပါဆေးနည်းသည် အသည်းအားနည်းသူများအတွက်လည်း သင့်လျော်ပါသည်။
စနစ်တကျစားသောက်နေထိုင်ခြင်းဖြင့်ကုသနည်း
• ပထမ(၅)ရက်တွင် နေ့စဉ် ပန်းသီးဖျော်ရည် လေးငါးခွက် သို့မဟုတ်
ပန်းသီးလေးငါးလုံး ခန့်စားပါ။ (ပန်းသီးဖျော်ရည် သို့မဟုတ်
ပန်းသီး မိမိနှစ်သက်ရာကို စားသောက်နိုင်ပါသည်)
• ပန်းသီးရည်သည်သည်းခြေကျောက်ကို ပျော့စေနိုင်ပါသည်။
• ထိုငါးရက်တွင်အစားအစာ ပုံမှန်စားသုံးပါ။
• ခြောက်ရက်မြောက်နေ့တွင် ညစားမစားဘဲနေပါ။
• ထိုနေ့ညခြောက်နာရီတွင် ဆားခါး (Epsom salt) တစ်ဇွန်းကို
ရေနွေးတစ်ဖန်ခွက်နှင့်သောက်ပါ။
• ည ရှစ်နာရီ တွင် နောက်တစ်ကြိမ်ထပ်သောက်ပါ။ ဆားခါးသည်
သည်းခြေအိတ်ပြွန်များကို ပွင့်စေနိုင်ပါသည်။
• ည ဆယ်နာရီတွင် သံလွင်ဆီ(သို့မဟုတ်) နှမ်းဆီ ပန်းကန်လုံးတစ်ဝက်ကို
လတ်ဆတ်သော သံပုရာရည် ပန်းကန်လုံးတစ်ဝက်နှင့် သောက်ပါ။
(ဆီသည်သည်းခြေကျောက်များကို ချောမွေ့စွာထွက်စေနိုင်ပါသည်။)
မှတ်ချက်။ ပန်းကန်လုံးတစ်လုံးစာ = ၂၅၀ မီလီ လီတာ
သံပုရာရည်ပန်းကန်လုံးတစ်ဝက် = သံပုရာသီးဆယ်လုံးခန့်
နောက်တစ်နေ့ဝမ်းသွားသောအခါ အစိမ်းရာင် သည်းခြေကျောက်တုံးလေးများကို တွေ့ရပါမည်။
ဤဆေးနည်းကို တခြားသူများသို့ လက်ဆင့်ကမ်း၍ မျှ
ဝေခြင်းဖြင့်ကူညီပါ..တစ်စုံတစ်ယောက်သည် သင့်ထံမှ တဆင့်ကြားပြီး
ဤဆေးနည်းဖြင့် ရောဂါပျောက်ကင်းခဲ့ခြင်းပင်လျှင် သင်ရရှိသော ဆုလာဘ်ဟု
မှတ်ယူပါ..
(Dr. Lai Chiu Nan နည်းပေးသည်…..။)
( ဧဒင်ဥယျာဉ်မှကူးယူတင်ပြပါသည်...။ )
Tuesday, May 17, 2011
ဗုဒ္ဓဘာသာဝင် များအတွက် ဗုဒ္ဓဘာသာ မိတ်ဆက်
ဒီစာစုလေးကို ဗုဒ္ဓဘာသာဝင် လူငယ်များလို့ ခေါင်းစဉ်တပ်လိုက်ခြင်းဟာ တစ်ခြားဘာသာဝင် လူငယ်များနဲ့ ယှဉ်လိုက်ရင် ဗုဒ္ဓဘာသာဝင် လူငယ်များ အနေနဲ့ ကိုယ့်ဘာသာအကြောင်း ဘာမှဂဃဏန မသိဘဲ ဖြစ်နေလို့ သူတို့သူတို့လေးတွေကို ရည်ရွယ်ပြီး တင်ပြပေးလိုတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုပြောတော့ လူကြီးတွေက သူတို့မပါဘူးလို့လည်း ထင်နေကြဦးမယ်။ လူကြီးတွေလည်း အသက်ကြီးနေလို့ သီးသန့်ခေါင်းစဉ် မတပ်လိုပေမယ့် မသိသူတွေ များနေမယ်ဆိုတာတော့ အတော်များများက လက်ခံကြမှာပါ။ ဒီလိုဆိုတော့ ဒီစာစုလေးဟာ လူငယ်တွေအတွက် ဆိုတာထက် ဗုဒ္ဓဘာသာ အမည်ခံထားပြီး ဘာမှမသိဘဲ ဖြစ်နေတဲ့ သူတွေအတွက်လို့ ဆိုရင်ပိုမှန်ပါလိမ့်မယ်။ ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အားနည်းချက်က အဲဒါပါပဲ။ လူကြီးလူငယ် အတော်များများက ကိုယ့်ဘာသာအကြောင်း မေးလာရင် အင်းအဲနဲ့ပဲ တိကျတဲ့အဖြေကို မပေးနိုင်ဘဲ ဖြစ်နေကြတဲ့ အဖြစ်ပါ။
ဟုတ်ပါတယ်။ အင်တာနက်မှာ စာတွေရေးနေ၊ ပြည်ပရောက် မြန်မာလေးတွေအတွက် တရားလေးတွေ ဟောပေးနေတော့ ဒီအားနည်းချက်ကို ဘုန်းဘုန်းတို့က သိနေရပါတယ်။ တစ်ခါတစ်လေလည်း လူငယ်လေးတွေနဲ့ စကားပြောဖြစ်တော့ သူတို့တွေ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး မသိတာတွေ အတော်များနေပါလားလို့ သတိပြုမိခဲ့ပါတယ်။ မသိတာတွေများဆို အခြေခံ သိသင့်သိထိုက်တာက အစ မသိတဲ့သူတွေ များများလာနေတဲ့ အဖြစ်ပါ။ ခုချိန်မှာ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်လို့ အပြစ်ပုံချလို့လည်း မဖြစ်ပါဘူး။ အခြေခံ နည်းစနစ်ကအစ ပုံစံမကျ ဖြစ်ခဲ့ကြတဲ့အတွက် မြန်မာဗုဒ္ဓဘာသာဝင်တွေမှာ ဘာသာတရားနဲ့ ပတ်သက်ပြီး အသိပညာ ဗဟုသုတ အားနည်းခဲ့တာလို့ပဲ ယေဘုယျ ပြောရမှာ ဖြစ်ပါတယ်။ အားနည်းချက်ကို အသားထား။ အခုအချိန်ရှိတုန်း လုပ်သင့်တာက မသိတာကို သိအောင်လုပ်ရမှာ ဖြစ်ပါတယ်။ လေ့လာဖို့ဆိုတော့ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ အင်တာနက်ကို အသုံးချပြီး လေ့လာမယ်ဆိုရင်လည်း မဆိုးလှပါဘူး။ ဘာသာတရားနဲ့ ပတ်သက်ပြီး သိချင်တာမှန်သမျှကို အင်တာနက် စာမျက်နှာတွေမှာ အတော်များများ ရှာဖွေလေ့လာ ဖတ်ရှုနေနိုင်ပြီ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ မသိပါဘူးဆိုပြီး ဒီအတိုင်း နေကြတာထက်စာရင် ကိုယ်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာအကြောင်း သိသင့်သိထိုက်တာလေးတွေတော့ သိနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။
သိသင့်သိထိုက်တာဆိုတော့ ဗုဒ္ဓဘာသာကို စတင်တည်ထောင် ဟောကြားပေးခဲ့တဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ ဖြစ်စဉ်အကျဉ်းကစပြီး သိထားဖို့ လိုပါတယ်။ ပြီးတော့မှ ဗုဒ္ဓဆိုတာဘာလဲ၊ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ စတာတွေ အပါအဝင် ရတနာသုံးပါးကို ကိုးကွယ်ယုံကြည်ရတဲ့အကြောင်း၊ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမနဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့ ကျင့်ကြံလိုက်နာမှု အကြောင်း စသဖြင့် သိရှိထားရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အကျဉ်းလောက် သိထားရင်ကိုပဲ မဆိုးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘုရားရှင်ရဲ့ အတ္ထုပ္ပတ္တိနဲ့ ပတ်သက်လို့ ဒီမှာဖော်ပြပေးမယ့် ဗုဒ္ဓရဲ့ မှတ်တမ်းအကျဉ်းလေးကိုပဲ စွဲစွဲမြဲမြဲ မှတ်သားထားဖို့ တိုက်တွန်းလိုပါတယ်။
ဗုဒ္ဓဘုရားရဲ့ မှတ်တမ်းအကျဉ်း
လူအမည် = သိဒ္ဓတ္ထ
ဘုရားဘွဲ့အမည်တော် = ဂေါတမဗုဒ္ဓ
မွေးသက္ကရာဇ် = မဟာသက္ကရာဇ် ၆၈ခု၊ ကဆုန်လပြည့်၊ သောကြာနေ့ (BC- 623 ခန့်)
မိဘအမည် = ခမည်းတော် သုဒ္ဓေါဓနမင်း၊ မယ်တော် မဟာမာယာဒေဝီ မိဖုရား
နေပြည်တော် = ကပိလဝတ်မင်းနေပြည်တော် (ယခုခေတ် နီပေါနယ်)
အမျိုးအနွယ် = သကျသာကီဝင် မင်းမျိုး
အိမ်ထောင်ပြုချိန် = အသက် ၁၆နှစ်အရွယ်
ဇနီး = ဖွားဖက်တော် ဘဒ္ဒကဉ္စနာ ယသောဓရာ
သားတော် = ရာဟုလာ
နန်းစည်းစိမ်စံနှစ် = ၂၉နှစ် (မွေးကတည်းက တောထွက်ချိန်အထိ)
တောထွက်ချိန် = သက်တော် ၂၉နှစ်၊ မဟာသက္ကရာဇ် ၉၇ခုနှစ်၊ ဝါဆိုလပြည့်၊ တနင်္လာနေ့ (BC- 594 ခန့်)
ဒုက္ကရစရိယကျင့်သည့်ကာလ = ၆ နှစ် (ခဲရင်းစွာကျင့်ရသည့် အကျင့်ဖြစ်သဖြင့် ဒုက္ကရစရိယဟုခေါ်သည်၊ ဒုက္ခစရိယ မဟုတ်ပါ။)
ဘုရားဖြစ်ချိန် = သက်တော် ၃၅နှစ်၊ မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ (BC- 588 ခန့်)
တရားဟောသည့်ကာလ = ၄၅နှစ် (သက်တော် ၃၅မှ သက်တော် ၈၀အထိ)
ပရိနိဗ္ဗာန်စံတော်မူသည့်နှစ် = သက်တော် ၈၀၊ ဝါတော် ၄၅ဝါ၊ မဟာသက္ကရာဇ် ၁၄၈ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့ (BC- 543 ခန့်)
ဒါကဗုဒ္ဓဘုရားရဲ့ ဖြစ်တော်စဉ် အကျဉ်းပဲ ဖြစ်ပါတယ်။ ဆက်ပြီးသိထားဖို့လိုတာက ဗုဒ္ဓဆိုတာနဲ့ ပတ်သက်လို့ သိသင့်တာလေးတွေ သိထားရမှာ ဖြစ်ပါတယ်။
ဗုဒ္ဓ
ဗုဒ္ဓဆိုတာ ဘာလဲလို့မေးရင် ဒီစကားလုံး အဖွင့်အတိုင်း “သိသူ”လို့ အလွယ်ဖြေရမှာ ဖြစ်ပါတယ်။ သိတယ်ဆိုတော့ ဘာကိုသိတာလဲ ဆိုရင် သစ္စာလေးပါး အပါအဝင် သိစရာမှန်သမျှ အားလုံးကို သိတာလို့ ဖြေရမှာပေါ့။ အဲဒီသစ္စာကို ဘယ်သူကသင်ပြပေးလို့ သိတာလဲ၊ သူပဲသိပြီး တခြားသူတွေကို သိစေနိုင်သလားလို့ ထပ်ပြီးမေးခွန်း ထုတ်မယ်ဆိုရင်တော့ ဘုရားရှင်တွေဟာ သစ္စာလေးပါး တရားတော်ကို ဆရာမရှိဘဲ ကိုယ်တော်တိုင် ကျင့်ကြံကြိုးကုတ် အားထုတ်မှုနဲ့ သိရှိတော်မူတာဖြစ်ပြီး ကိုယ်တော်မြတ် သိတော်မူတဲ့အတိုင်း ဝေနေယျ သတ္တဝါတွေကိုလည်း သိစေတော်မူတဲ့သူလို့ အလွယ်နားလည် မှတ်သားထားနိုင်ပါတယ်။ ဗုဒ္ဓဆိုတော့ ဒီနေရာမှာ
၁။ သမ္မာသမ္ဗုဒ္ဓ
၂။ ပစ္စေကဗုဒ္ဓ ဆိုတဲ့ ဗုဒ္ဓ နှစ်မျိုးကို သိထားဖို့ လိုပါတယ်။
သမ္မာသမ္ဗုဒ္ဓဆိုတာ လေးအသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း (ပညာ၊ သဒ္ဓါ၊ ဝိရိယ တရားအားသာမှုကို လိုက်ပြီး ကွဲပြားမှုရှိ) ဒါန၊ သီလစတဲ့ ပါရမီတော်များကို ဖြည့်ကျင့်ကာ ပါရမီတော် ပြီးပြည့်စုံတဲ့အခါမှာ သိစရာမှန်သမျှ အကြွင်းအကျန်မရှိ အကုန်အစင်ကို သိတော်မူနိုင်တဲ့ သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပြီး ကိုယ်တော်မြတ် သိတော်မူတဲ့ သစ္စာတရားအတိုင်း ဝေနေယျ သတ္တဝါတွေကိုလည်း သိစေတော်မူနိုင်တဲ့ ဘုရားမျိုး ဖြစ်ပါတယ်။
ပစ္စေကဗုဒ္ဓဆိုတာ နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလကြာအောင် ဒါန၊ သီလစတဲ့ ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူကာ ပါရမီတော် ပြည့်စုံတော်မူတဲ့အခါ ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူပြီး သစ္စာလေးပါး တရားတော်ကို ဆရာမကူ ကိုယ်တော်တိုင် သိတော်မူခဲ့ပေမယ့် သတ္တဝါဝေနေယျတွေကို သိရှိအောင် ဟောတော်မမူနိုင်တဲ့၊ သာသနာပကာလမှာ ပွင့်တော်မူတဲ့ ဘုရားငယ်မျိုး ဖြစ်ပါတယ်။
ဒီဗုဒ္ဓနှစ်မျိုးမှာ အခုကြုံတွေ့နေရတဲ့ သာသနာတော်ဟာ သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်တော်မူတဲ့ ဂေါတမ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ပဲ ဖြစ်ပါတယ်။ ဒီလို သမ္မာသမ္ဗုဒ္ဓဘုရားရှင်များရဲ့ သာသနာထွန်းကားရာ ကာလကို သာသနာတွင်းကာလို့ခေါ်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်များ ပွင့်ထွန်းတော် မမူတဲ့ကာလကိုတော့ သာသနာပ ကာလလို့ခေါ်ကာ အဲဒီသာသနာပ ကာလမှာပဲ ပစ္စေကဗုဒ္ဓ အရှင်မြတ်များ ပွင့်ပေါ်တော်မူကြခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဆိုတာနဲ့ ပတ်သက်ပြီး ဒီလောက်သိထားရင်ကိုပဲ ဗုဒ္ဓဘာသာ လူငယ်တွေအတွက် မဆိုးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာ
ဗုဒ္ဓအကြောင်းကို အနည်းငယ် မိတ်ဆက်အနေနဲ့ သိထားပြီးရင်တော့ ဗုဒ္ဓဘာသာဆိုတာနဲ့ ပတ်သက်ပြီး သိထားဖို့ လိုပါတယ်။ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဟောကြားချက်၊ ဗုဒ္ဓဘာသာဆိုတော့ ဘုရားရှင်ရဲ့ အယူဝါဒ၊ ဟောကြားချက်လို့ပဲ အလွယ်နားလည် မှတ်သားထားနိုင်ပါတယ်။ ဘုရားရှင်ရဲ့ ဟောကြားချက်ဆိုတာ ဘုရားဖြစ်တော်မူပြီးနောက် ၄၅နှစ်လုံးလုံး ဟောကြားတော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ တရားတော်ကိုပဲ ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီဟောကြားချက်ကိုပဲ ဒီနေ့ခေတ် အသုံးအနှုန်းတွေနဲ့ ပြောတော့ ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုတဲ့ အခေါ်အဝေါ်တွေ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒီအခေါ်တွေဟာ အမျိုးမျိုး ဖြစ်နေပေမယ့် ရည်ညွန်းချက်ကတော့ ၄၅နှစ်လုံးလုံး ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကိုပဲ ရည်ညွန်းတာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အကျဉ်းဆုံး စကားလုံးတွေနဲ့ ပြောမယ်ဆိုရင်တော့ သီလ၊ သမာဓိ၊ ပညာ ဒီသုံးမျိုးကိုပဲ တိုက်ရိုက်ပြောရမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဘုရားရှင်ရဲ့ ဝါဒနဲ့ ပတ်သက်ပြီး ဘုရားရှင်ရဲ့ ဝါဒဟာ ကံကံရဲ့အကျိုးအပြစ်ကို ဟောကြားတော်မူတဲ့ ကမ္မဝါဒ၊ အကြောင်းအကျိုးကို ထောက်ပြတဲ့ ကြောင်းကျိုးဆက်စပ်မှု ဝါဒ၊ အမှားအမှန်ကို စိစစ်ဝေဘန် လက်ခံစေတဲ့ ဝိဘဇ္ဇဝါဒ၊ အစွန်းမရောက်တဲ့ အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးတဲ့ မဇ္ဈိမပဋိပဒါ ဝါဒ၊ အရာအားလုံးမှာ အတ္တဆိုတာ မရှိဘဲ အစိုးမရခြင်း အနတ္တသဘောသာ ရှိတယ်ဆိုတဲ့ အနတ္တဝါဒ စသဖြင့် အမည်အမျိုးမျိုးနဲ့ ဖွင့်ဆိုပြောကြားနိုင်ပေမယ့် အားလုံးကို ခြုံပြီးပြောရမယ်ဆိုရင်တော့ ဘုရားရှင်ရဲ့ ဟောပြောပို့ချချက် အယူဝါဒဟာ တကယ့်အမှန်တရားဖြစ်တဲ့ အမှန်တကယ်ဝါဒ (Realism)ပဲ ဖြစ်ပါတယ်။ ဘုရားဟော တရားတွေဟာ အမှန်တရားအစစ်တွေပဲ ဖြစ်ပါတယ်။ ဒီအမှန်တရားဟာလည်း ဘုရားဟောလိုက်လို့ မှန်တာမဟုတ်ပါဘူး။ မှန်လို့ ဘုရားဟောတာပဲ ဖြစ်ပါတယ်။ အဲဒါကို စာလိုပြောတော့ သစ္စာတရားလို့ ပြောကြခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့ ဗုဒ္ဓဘာသာကို အမှန်တကယ်ဝါဒ၊ အမှန်တကယ်ဘာသာလို့ ဆိုခြင်းဖြစ်ပါတယ်။
ဘာကြောင့် ဘုရားရှင်ရဲ့ဟောကြားချက်ဟာ အမှန်တကယ်ဝါဒလို့ ဆိုရတာလဲဆိုရင် ရုပ်နာမ်များနဲ့ တည်ဆောက်ထားတဲ့ သတ္တဝါ အားလုံးမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အရာတွေပဲ ဖြစ်နေလို့ ဖြစ်ပါတယ်။ ဘုရားဟော တရားတွေဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက်သာမှန်ပြီး တခြားဘာသာဝင်တွေအတွက် မမှန်ဘူးဆိုတာ မရှိပါဘူး။ နာမ်ရုပ်များနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါအားလုံးမှာ အကုန်မှန်နေတာ ဖြစ်ပါတယ်။
ဆိုကြပါစို့။ ဗုဒ္ဓရဲ့ သစ္စာလေးပါး အမှန်တရားမှာ ဒုက္ခသစ္စာနဲ့ ပတ်သက်ပြီး ဘုရားရှင်က “ပဋိသန္ဓေနေရတာ ဒုက္ခ၊ အိုရတာဒုက္ခ၊ နာရတာ ဒုက္ခ၊ သေရတာဒုက္ခ၊ မချစ်မနှစ်သက်ဖွယ်တွေနဲ့ အတူယှဉ်တွဲနေရာတာ ဒုက္ခ၊ ချစ်ခင်နှစ်သက်ဖွယ်တွေနဲ့ ကွေကွင်းရတာ ဒုက္ခ၊ အလိုရှိတဲ့ အရာကို မရတာဒုက္ခ၊ အကျဉ်းအားဖြင့် ဒီခန္ဓာကြီးကပင် ဒုက္ခ”လို့ ဖွင့်ဆိုဟောပြောပြပါတယ်။ ဒီဟောကြားချက်ကိုကြည့်ရင် ခန္ဓာရှိနေတဲ့သူမှန်သမျှ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်သတ္တဝါမှာ မဆို ဒီဒုက္ခက ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဆိုတော့ကား ဒီဒုက္ခဟာဘာကြောင့် ဖြစ်တာလဲဆိုတဲ့ အကြောင်းတရားကိုရှာတော့ တွယ်တာမှု သံယောဇဉ် သမုဒယကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကို ဗုဒ္ဓက သမုဒယသစ္စာ ဒုက္ခဖြစ်ကြောင်း အမှန်တရား တစ်ခုအနေနဲ့ ထပ်ပြီးရှင်းတော်မူပါတယ်။ အကြောင်းရှိရင် အကျိုးရှိတတ်သလို အကြောင်းချုပ်ရင်လည်း အကျိုးချုပ်တတ်တဲ့ သဘောရှိတဲ့အတွက် ဒီလိုဒုက္ခရှိရင် ဒုက္ခချုပ်ကြောင်းလည်း ရှိမှာအမှန်ပဲ ဖြစ်ပါတယ်။ ဒီအတွက် ဗုဒ္ဓဘုရားရှင်က နိရောဓလို့ခေါ်တဲ့ နိဗ္ဗာန်ကိုဆိုက်ရင် ဒီဒုက္ခလည်း ချုပ်ပြီလို့ဆိုကာ နိရောဓသစ္စာ ဒုက္ခချုပ်ကြောင်း အမှန်တရားကို ဟောတော်မူခြင်း ဖြစ်ပါတယ်။ အဲဒီလိုဆိုတော့ ဒီဒုက္ခချုပ်ရာကို သွားဖို့အတွက် ကျင့်ကြံအားထုတ်ရမယ့် လမ်းလည်းရှိဖို့ လိုလာပြန်ပြီဖြစ်ပါတယ်။ ဒီအတွက် ဘုရားရှင်က မှန်ကန်တဲ့ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို ရှင်းလင်းပြသကာ မဂ္ဂသစ္စာဖြစ်တဲ့ ဆင်းရဲချုပ်ရာသို့ လျှောက်လမ်းရာ လမ်းမှန်ကို ပြသတော်မူခြင်း ဖြစ်ပါတယ်။
ဒီသစ္စာလေးပါး အဖွင့်ကိုကြည့်ရင် အားလုံးအတွက် အမှန်တွေပဲ ဖြစ်နေတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ခန္ဓာရှိနေတဲ့ သတ္တဝါမှန်သမျှ ဒီသစ္စာတရားအတိုင်း လွဲမှားခြင်းမရှိ မှန်ကန်နေတဲ့အတွက် ဘုရားဟော တရားတော်၊ ဘုရားရှင်ရဲ့ အယူအဆတော်၊ ဗုဒ္ဓရဲ့ဝါဒတော်ကို အမှန်တကယ်ဝါဒ၊ အမှန်တကယ်ဘာသာ၊ အမှန်သစ္စာတရားလို့ ဆိုခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာခေါ် ဗုဒ္ဓရဲ့အဆုံးအမနဲ့ ပတ်သက်ပြီး ဒီလောက်လေး သိထားရင်ကိုပဲ မဆိုဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်
ဆက်လက်ပြီးတော့ ဗုဒ္ဓဘာသာဝင် ဆိုတာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာ အလွယ်ပြောတော့ ဗုဒ္ဓဘုရားရဲ့ အယူဝါဒ ဟောကြားချက်များကို လက်ခံလိုက်နာ ကျင့်သုံးကြတဲ့ သူတွေကို ဗုဒ္ဓဘာသာဝင်လို့ ခေါ်တာဖြစ်ပါတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် ဘယ်သူ့ပယောဂ၊ ဘယ်သူ့စည်းရုံးလှုံ့ဆော်မှုမှ မပါဘဲ ကိုယ်ကိုယ်တိုင် ကျေနပ်လက်ခံလို့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - ဘုရားရှင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ ဓမ္မံ သရဏံ ဂစ္ဆာမိ - တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃံ သရဏံ ဂစ္ဆာမိ - သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏” လို့ဆိုကာ သရဏဂုံတည်ပြီး ဗုဒ္ဓဘာသာအဖြစ် ခံယူထားကြသူတွေကို ဗုဒ္ဓဘာသာဝင်လို့ ပြောဆိုကြတာ ဖြစ်ပါတယ်။
ဆိုတော့ကား ကိုယ်ကိုယ်တိုင် ရတနာသုံးပါးကို ကိုးကွယ်ပါ၏လို့ သရဏဂုံကို ခံယူဆောက်တည်ပြီး ဗုဒ္ဓဘာသာ ဖြစ်လာတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘာကြောင့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို သရဏလို့ ဆိုတာလဲ၊ ဘာကြောင့် ရတနာသုံးပါးဟာ ကိုးကွယ်ခံထိုက်တာလဲလို့ မေးလာခဲ့မယ်ဆိုရင် “သတ္တဝါတွေရဲ့ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးတတ်တဲ့ အတွက်ကြောင့် ရတနာသုံးပါးဟာ သရဏ အမည်ရကြောင်း၊ ရတနာသုံးပါးကို ကိုးကွယ်တာနဲ့ ပတ်သက်လို့ ဘုရားရှင်ဟာ သတ္တဝါတွေကို ကြီးပွားချမ်းသာကြောင်း နည်းလမ်းကို ဖြစ်စေ၊ မကြီးပွား မချမ်းသာကြောင်း မကောင်းတဲ့ နည်းလမ်းတွေကနေ ပယ်ခွါစေ၊ အပြစ်ကင်းပြီး ဂုဏ်ကျေးဇူးအပေါင်းနဲ့ ပြည့်စုံစေတဲ့အတွက် ကိုးကွယ်ခြင်းဖြစ်ကြောင်း၊ တရားတော်ဟာလည်း ကျင့်ကြံလိုက်နာသူတွေကို ဘဝသံသရာ ခရီးမှ ဆွဲထုတ်ကယ်တင်နိုင်ခြင်း၊ ကျင့်စဲအခိုက်နှင့် ကျင့်ပြီးနောက်မှာလည်း သက်သာငြိမ်းချမ်းမှုကို ဖြစ်စေခြင်းနှင့် သတ္တဝါတွေရဲ့ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီး စေနိုင်ခြင်း စတာတွေကြောင့် ကိုးကွယ်ခြင်းဖြစ်ကြောင်း၊ သံဃာတော်ဟာလည်း ကောင်းမှုကုသိုလ်ကို ကြီးကျယ်များပြာစေ၊ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီးစေတဲ့ အတွက်ကြောင့် ကိုးကွယ်ခြင်း ဖြစ်ကြောင်း” စသဖြင့် ရတနာသုံးပါးကို ကိုးကွယ်ရခြင်း အကြောင်းနဲ့ ပတ်သက်ပြီး ဒီလောက်တော့ သိထားဖို့ လိုပါတယ်။
နောက် သရဏဂုံကို ခံယူပြီး ဗုဒ္ဓဘာသာ တစ်ယောက်ဖြစ်လာတဲ့ သူတစ်ယောက်အတွက် မှန်ကန်တဲ့အယူဝါဒ သမ္မာဒိဋ္ဌိ ရှိနေဖို့လည်း လိုပါတယ်။ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ရတနာသုံးပါး၊ ကံကံရဲ့ အကျိုးတရား၊ အကြောင်းအကျိုး ဆက်စပ်မှုနဲ့ မျက်မှောက်လောက တမလွန်လောက စတာတွေအပေါ်မှာ သံသယမရှိ အမှန်သိပြီး ယုံကြည်လက်ခံဖို့ လိုပါတယ်။ ဒါမှလည်း ဗုဒ္ဓအလိုကျ မှန်ကန်တဲ့ အယူရှိသူ ဖြစ်နေမှာ ဖြစ်ပါတယ်။
ဒီတော့ကား သရဏဂုံကို ခံယူထားပြီး ဗုဒ္ဓဘာသာ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ဒီသရဏဂုံ တည်မြဲဖို့အရေး၊ မပျက်စီးရေးအတွက်လည်း ကြိုးစားအားထုတ်ဖို့ လိုပါတယ်။ စာပေမှာကတော့ သရဏဂုံ ပျက်စီးတတ်တဲ့ အကြောင်း (၂)မျိုးရှိတယ်လို့ ဖွင့်ပြပါတယ်။
၁။ သေသွားရင် သရဏဂုံပျက်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ် သေသူကို သရဏဂုံတင်တယ်ဆိုတဲ့ အသုံးဟာ ဒီမှာ အကြုံးမဝင်ပါဘူး။ သေသူကို သရဏဂုံ တင်လို့လည်း မရပါဘူး။ သေရင် သရဏဂုံဟာ အလိုလိုကို ပျက်သွားပါတယ်။
၂။ မသေသေးပေမယ့် သရဏဂုံကို ခံယူထားတဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ရတနာသုံးပါးထက် ပိုပြီး တစ်ခြားအယူဝါဒတွေကို လက်ခံယုံကြည်မယ်၊ ဗုဒ္ဓဘာသာကိုပစ်ပြီး တစ်ခြားအယူဝါဒကို လက်ခံသွားမယ်ဆိုရင် ဒါလည်း သရဏဂုံ ပျက်တဲ့အကြောင်းထဲမှာ ပါဝင်ပါတယ်။ ဒီအချက်ကတော့ အသက်ရှင်နေတဲ့ အချိန်မှာကို သရဏဂုံ ပျက်စရာအကြောင်း ရှိတဲ့အတွက် သတိပြုဖို့ လိုပါတယ်။ ဒါပေမယ့် တစ်ခါတလေ ဘေးဒုက္ခတစ်ခုခု၊ အကြောက်တရား တစ်ခုခုကြောင့် စိတ်မပါဘဲ တစ်ခြားအယူဝါဒတွေကို လက်ခံလိုက်နာ လုပ်နေရတာတွေ ရှိတတ်ပါတယ်။ ဒါကတော့ ကိုယ့်စိတ်က ရတနာသုံးပါးကို တကယ်ပစ်လိုတဲ့ သဘောမဟုတ်တဲ့အတွက် သရဏဂုံကတော့ မပျက်ပါဘူး။ သရဏဂုံတော့ ညစ်နွမ်းနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်ကိုလည်း သတိပြု ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။
ကံကံရဲ့ အကျိုးအပြစ်နဲ့ ပတ်သက်ပြီးတော့ ဗုဒ္ဓဘာသာတစ်ယောက်ဟာ မကောင်းမှုကိုရှောင်ပြီး ကောင်းမှုကို ဆောင်ဖို့ လိုပါတယ်။ မကောင်းမှုဒုစရိုက်အမှုကို မလုပ်ဖြစ်အောင် ရှောင်ကြဉ်ပြီး ကောင်းမှုသုစရိုက်ကို လုပ်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ မကောင်းမှု ဒုစရိုက်ကို ရှောင်ဖို့အတွက် သီလကို ထိန်းသိမ်း စောင့်ရှောက်ရပါမယ်။ အနည်းဆုံး ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းထားတဲ့ သူဟာ မကောင်းမှု ဒုစရိုက်ကိုလည်း ရှောင်ကြဉ်ပြီး ဖြစ်ပါတယ်။ ကောင်းမှုဆောင်ဆိုတာကတော့ ဗုဒ္ဓဘာသာတွေရဲ့ ကောင်းမှုလုပ်ခြင်း ရည်ရွယ်ချက်က နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးနဲ့ နိဗ္ဗာန်မရခင် သံသရာလည်ရတဲ့ အခါမှာလည်း သံသရာခရီးမှာ ချမ်းသာရေးအတွက်ပဲ ဖြစ်ပါတယ်။ ဒီလို ပန်းတိုင်တွေကို လှမ်းကိုင်ဖို့အတွက် နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ သီလကို အခြေခံတဲ့ ဘာဝနာ အလုပ်ကို ကြိုးစားအားထုတ်ရမှာဖြစ်ပြီး နိဗ္ဗာန် မရခင် သံသရာလည်တဲ့ အခါမှာလည်း ကောင်းတဲ့သုဂတိ ဘဝတွေမှာဖြစ်ဖို့ သီလကုသိုလ်ကို ကောင်းကောင်းထိန်းသိမ်းပြီး ဒါနကုသိုလ်ကိုလည်း စွမ်းနိုင်သမျှ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းများနဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ယုံကြည်မှုနဲ့ ကျင့်ကြံမှုကို လက်တွေ့လိုက်နာ ကျင့်ကြံပြီး ကိုယ်လုပ်ရင် ကိုယ်ရမယ်၊ ကိုဖြစ်ရင် ကိုခံရမယ်ဆိုတဲ့ မှန်ကန်ပြီး အကြောင်းအကျိုးသင့်တဲ့ အယူဝါဒကို သဘောပေါက် နားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒီထက်နားလည်ချင်ရင်တော့ ဒီထက်ပိုပြီး လေ့လာကျင့်ကြံကြည့်ရမှာ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာလေးတွေကို မိတ်ဆက်သဘောလောက် သိနိုင်မယ်လို့ ထင်ပါတယ်။ အလွန်လေးနက်ပြီး ကျယ်ပြန့်လှတဲ့ ဗုဒ္ဓအဆုံးအမတွေကို စာမျက်နှာ တစ်ခုနှစ်ခုလောက်နဲ့တော့ ပြည့်စုံအောင် တင်ပြဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အခု တင်ပြခဲ့တာလေးတွေကိုပဲ သေသေချာချာ လေးလေးနက်နက် ဖတ်မှတ်ထားမယ်ဆိုရင် ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်က မေးလာခဲ့မယ်ဆိုရင် ဘာမှမသိတာထက်စာရင် သိသလောက်တော့ ဖြေကြားပေးနိုင်ကြမှာ ဖြစ်ပါတယ်။ သေချာတာကတော့ ဗုဒ္ဓဘာသာအဖြစ် ခံယူထားပြီး ဘာတစ်လုံးမှ မသိဘဲ ဖြစ်နေတဲ့ သူတွေအတွက်တော့ အများကြီး အထောက်အကူဖြစ်တဲ့ ဗုဒ္ဓဘာသာ မိတ်ဆက်လေးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာ ဖြစ်နေပြီး ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ မသိဘဲ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ကိုယ်ကိုးကွယ်တဲ့ ဘုရား၊ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားနဲ့ ဗုဒ္ဓဘာသာ ဖြစ်နေတဲ့ ကိုယ်ကိုယ်တိုင်ရဲ့ ယုံကြည်မှု တရားတွေကို နည်းနည်းလေးပဲ ဖြစ်ဖြစ် အသိတစ်ခု ရရှိစေဖို့ အခုတင်ပြခဲ့တဲ့ ဗုဒ္ဓဘာသာ မိတ်ဆက်လေးကို လေ့လာပြီး သိသင့်သိထိုက်တဲ့ အချက်တွေကို သိအောင်ကြိုးစားရင်း ဗုဒ္ဓဘာသာဝင် ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို အသိအကျင့် ထပ်တူဖြစ်အောင်သာ လေ့လာကျင့်ကြံ အားထုတ်ကြပါလို့ စေတနာကောင်းနဲ့ တိုက်တွန်းလိုက်ရပါတယ်။
May 17, 2011 ရက် ၊ 9:18am တွင် ပြည် တီ ရေးသားခဲ့သော ဘလော့မှကူးယူတင်ပြထားပါသည်..
Wednesday, February 2, 2011
မြတ်စွာဘုရားဟောကြားခဲ့တဲ့ငရဲကြီးရှစ်ထပ်ဆိုတာက
မြတ်စွာဘုရားဟောကြားခဲ့တဲ့ငရဲကြီးရှစ်ထပ်ဆိုတာကို
မြတ်စွာဘုရားဟောကြားခဲ့တဲ့ငရဲကြီးရှစ်ထပ်ဆိုတာကို နော်ဝေးနိုင်ငံနှင့် ဖင်လန်နိုင်ငံမှ ဘူမိဗေဒပညာရှင်များကအတည်ပြု၊
[By Lovely Man]
http://www.facebook.com/note.php?note_id=174951869216601
မြတ်စွာဘုရားဟောကြားခဲ့တဲ့ငရဲကြီးရှစ်ထပ်ဆိုတာကို နော်ဝေးနိုင်ငံနှင့် ဖင်လန်နိုင်ငံမှ ဘူမိဗေဒပညာရှင်များကအတည်ပြု၊
ဘာကြောင့်ပါလိမ့်
နော်ဝေးနိုင်ငံမှဘူမိဗေဒပညာရှင်များရယ်ပူးပေါင်းပြီး
...ဆိုဗီယက်နိုင်ငံ ဆိုက်ဗေးရီးယား
နယ်စွန်တစ်နေရာတွင် မြေအောက်ဆိုက်စမစ်တူးဖော်နည်းနှင့် တူးခဲ့ကြပါတယ် ။ ပိုက်လုံးတွေချပြီးတူးကြရင်းက မြေအေညက်အနက်ကိုးမိုင်အရောက်မှာဇာတ်လမ်းက
စတော့တာပဲ။ ပူးပေါင်းတွင်းတူးအဖွဲ့ ခေါင်းဆောင် ဆိုဗီယက်ဘူမိဗေဒပညာရှင်ဒေါက်တာ
ဒီမီထရီအက်ဇာကော့ လို့ ခေါ်ပါတယ်။ တွင်းအနက် ကိုးမိုင်ရောက်တဲ့အခါ တွင်းတူးတဲ့ပိုက်
ဟာ ထိန်းမရအောင်တုန်ခါလာတာကိုတွေ့ ရှိရပါတယ် ။ ဘာကြောင့်တုန်ခါသလဲဟုစစ်ဆေးကြ
တဲ့အခါ တွင်းတူးပိုက်ထိပ်ပိုင်းဟာ လေဟာနယ်လို တွင်းခေါင်းပြင်ကျယ်ကြီးတစ်ခုကိုရောက်
နေလို့  ထိမ်းမရအောင်လှုပ်ရမ်းနေခြင်းဖြစ်တယ်လို့ တွေ့ ရှိပါတယ် အဲဒီအခါမှာတော့လုံးဝမခံ
မရပ်နိုင်အောင်နာကျင်တယ်လို့  အော်ဟစ်နေကြတဲ့အသံကိုစတင်ကြားရပါတယ်။ ပထမတော့သူတို့ ရဲ့တွင်းတူးစက်နဲ့  ပိုက်လုံးတွေနဲ့ မြေလွှာတွေရဲ့ တုန်ခါမှုအသံဟု ထင်မှတ်
ထား ကြပေမဲ့ သေချာစူစမ်းပြီးနားထောင်တဲ့အခါမှာတော့ ပိုက်လုံးတစ်လျှောက်ထဲမှာကြားနေ
ရတယ်အသံတွေဖြစ်တာကြောင့် နားတွေတောင်မယုံနိုင်အောင်ဖြစ်ခဲ့ရတယ်လို့ ဒေါက်တာ ဒီမီထရီအက်ဇာကော့ ကဆိုပါတယ်။ သေချာအောင်လို့ အသံဖမ်းစက်ကိုတွင်းထဲချပြီး အသံဖမ်းနားထောင်တဲ့အခါမှာတော့
မခံမရပ်နိုင်အောင်အော်ဟစ်နေတဲ့လူတစ်ယောက်ရဲ့အသံကို သဲသဲကွဲကွဲစတင်ကြားလိုက်ရတယ်။ အဲဒီအသံနဲ့ အတူလူပေါင်းထောင်ပေါင်းများစွာ သို့ မဟုတ် သန်းပေါင်းများစွာရဲ့ အော်ဟစ်ငြီးငြူနေကြတဲ့အသံကိုလဲ ကြားလိုက်ရတယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာဒေါက်တာ ဒီမီထရီအက်ဇာကော့အပါအ၀င်.တခြားပညာရှင်တွေရော..တွင်းတ
ူးလုပ်သားတွေပါ
အံ့သြတုန်လှုပ်မှုများစွာဖြစ်ခဲ့ရပါတယ် အဲဒီအသံတွေကိုအလွန်ဆွဲအားကောင်းတဲ့အသံဖမ်းစက်တွေနဲ့ အသံကူးထားလိုက်ပြီး လုပ်ငန်းကိုဆက်မလုပ်တော့ပဲ တွင်းပေါက်ကိုအဖုံးဖုံးပြီးပိတ်ထားလိုက်ကြတယ်။ ဒါဟာငရဲကိုတွေ့ ရှိခြင်းလို့ သူတို့ ခံယူထားလိုက်ကြတယ်။ အနိဌာရုံတွေနဲ့လူ့ လောကကိုဆက်ပေးလိုက်ကြပြီးလို့ ထင်မိပါတယ်။“ ကျနော်အခုခင်ဗျားတို့ ကိုပြောပြနေတဲ့ဟာတွေကတွင်းတူးအဖွဲ့ ခေါင်းဆောင်
ဒေါက်တာ ဒီမီထရီအက်ဇာကော့ နဲ့ တွင်းတူးအဖွဲ့ ဝင်နော်ဝေးနိုင်ငံဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ် အသက် ၆၅ နှစ်တို့ ရဲ့ ပြောကြားချက်တွေပါပဲ“ဒီသတင်းတွေကိုဖင်လန်နိုင်ငံကအင်
မန်နုဆက်စတီးယားဆိုတဲ့ လစဉ်ထုတ်စာစောင်ကရေးသားဖော်ပြကြတယ် ။ ဒီကျနော်တို့ ကမာမြေကြီးရဲ့အောကိုးမိုင်မှာ သိပ်ကိုပူလောင်တယ်လို့ သိခဲ့ရပါတယ်။ အခုကျနော်တို့ ရောက်နေတဲ့ပူအိုက်စွတ်စိုတဲ့တောဟာ ဖာရင်ဟိုက်အပူချိန်ဒီဂရီ ကိုးဆယ့်ငါးလောက်ပဲရှိတယ်။
မြေကြီးအောင်ကိုးမိုင်အကွာကအပူချိန်ဒီဂရီဖာရင်ဟိုက် 2000ရှိတယ်လို့ တွက်ချက်သိရှိရတယ် ။ သူတို့ မူလခန့် မှန်းထားတဲ့အပူချိန်ထက် ဆယ်ဆလောက်တောင်များနေတယ်လို့ တွင်းတူးအဖွဲ့ ဝင်နော်ဝေးနိုင်ငံဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ် ကဆိုပါတယ်.။
တွင်းတူးအဖွဲ့ ဝင်နော်ဝေးနိုင်ငံဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်နှင့်ဘူမိဗေဒပညာရှိချုပ် တို့ ဟာ နော်ဝေးနိုင်ငံရဲ့အကြီးဆုံးနှင့် အောင်မြင်ကျော်ကြားမှုအရှိဆုံး အော့ဘရမ်းဘတ်စတိုက်ကီး ဆိုတဲ့သတင်းစာကြီးက 1990ခုဇန်န၀ါရီလ4ရက်နေ့ မှာ
တွေ့ ဆုံမေးမြန်းခဲ့တယ်။ ဘာနီနန်မီဒယ်ပြောတာတွေကိုသတင်းစာမှာရေးသားဖော်ပြခြဲ့
ကတယ် ။အဲဒီသတင်းစာမှာတော့...
ဒီကမာကြီးရဲ့အောက် ကိုးမိုင်းအကွာမှာ ငရဲပြည်ဆိုတာတကယ်ရှိနေပြီ တွင်းတူးတွေ့ ရှိချက်အရ ငရဲပြည်ရဲ့ ဂိတ်ပေါက်တံခါးဝပဲဟု ရေးသားခဲ့ကြတယ်။
ဒီလိုတွေ့ ရှိမှုတွေပြီးတဲ့ နောက်မှာ နော်ဝေးနိုင်ငံနဲ့  ဖင်လန်နိုင်ငံမှ.ဘူမိဗေဒပညာရှင်တချို့ ..အလုပ်ကနှုတ်ထွက်လိုက်ကြတယ်လိုသတင်းစာတွေမှာရေးသားေ
ဖ်ာပြခဲ့ ကြတယ်။ အမှန်တစ်ကယ်ဖြစ်ရပ်က သူတို့ ငှားရမ်းထားတဲ့နိုင်ငံခြားသား
အားလုံးကို. တွေ့ ရှိချက်အပြီးနှစ်ရက်အကြာမှာ ဆိုဗီယက်နိုင်ငံတွင်မထားတော့ပဲ. ပြည်ပကိုပြန်ပို့ လိုက်ကြပြီး အလုပ်ကနှုတ်ထွက် ခိုင်းတယ်လို့ ဆိုပါတယ်။ အဲဒီသတင်းကိုကြားတဲ့အခါမှာ ဆိုဗီယက်အာဏာပိုင်တွေဟာ လာဒ်ထိုးမှုတစ်ခုနှင့် ဖြေရှင်းလိုက်ကြတယ်။
ဆိုဗီယက်သာသနာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ေ
ယာက်ကတစ်ဦးချင်းကို ငွေပေးပြီးနှုတ်ပိတ်ခဲ့တယ်။
ဒါပေမဲ့ ငွေဘယ်လောက်ဆိုတာကိုတော့တွင်းတူးအဖွဲ့ ဝင်နော်ဝေးနိုင်ငံဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်ကိုမေးလို့ မရခဲ့ပါဘူး။
ခန့် မှန်းရသလောက်ကတော့တစ်ဦးစီကို သိန်းဂဏန်းလောက်ပေးပုံရတယ်လို့  မီဒီယာသမားတွေကထင်မြင်ချင်ဖြင့်ရေးသားခဲ့ကြပါတယ်။ ဘာနီနန်မီဒယ့် ကတော့သူရရှိတဲ့ ငွေတွေကိုတပြားတချပ်မှမယူပဲကယ်ဆယ်ရေးလုပ်ငန်းတွေကို လှူဒန်းလိုက်တယ်လို သိရပါတယ်။ ဒီသတင်းပေါက်ကြားတဲ့အခါမှာတော့သူ့ အသက်လဲဆိုးရိမ်ရပါတယ်ဟုလဲ ပြောခဲ့ပါတယ်
ဆိုဗီယက်အာဏာပိုင်တွေဟာ ထိုငြီးငြူသံတွေကို မြေဆီလွှာလှုက်ရှားသံဟု..ဆိုပြီ.ပယ်ချခဲ့ပါတယ်။ နောက်စာတစ်စောင်ကတော့နော်ဝေးနိုင်ငံသားအေ့(ချ)ရန်ဒါလ
န်ဂျူနီယာ ဆိုတဲ့လူရေးခဲ့တဲ့စာပါပဲ။ သူဟာ.နော်ဝေးနိုင်ငံ
တရားရေးဝန်ကြီးဌာန၀န်ကြီးရဲ့ အထူးအတိုင်ပင်ခံတစ်ယောက်လဲဖြစ်တယ် ။ စာရေးတဲ့ နေ့ စွဲက ၁၉၉၀ခု ဇန်န၀ါရီလ ၇ ရက်နေ့ 
သူ့ စာထဲမှာရေးခဲ့တာကတော့ ၁၉၈၉ ခု ခရစ်စမစ်ရုံးပိတ်ရက်မှာသူက အမေရီကန်နိုင်ငံ ကားလီဖိုးနီးယားပြည်နယ်ကို အလည်အပတ်ရောက်နေချိန်မှာနော်ဝေးနိုင်ငံက ဆိုက်စမစ်ဘူမိဗေဒပညာရှင်တွေဟာ တွင်းတူးရင်းနဲ့  ဟောင်းလောင်းပေါက်ဟင်းလင်းပြင်ကိုတွေ့ ရပြီး..လူထောင်းပေါင်းများစွာရဲ့ အော်ဟစ်သံကိုကြားရကြောင်းသတင်းစာကို
ဖတ်ရတယ်။ ဒီသတင်းစာကိုဟာသဆိုပြီးပြရယ်ပြုခဲ့ပါသေးတယ်ဟုဆိုပါတယ
်။ ဒါပေမဲ့မကြာပါဘူး ပြည့်ပြည့်စုံစုံရေးထားတဲ့ နော်ဝေးနိုင်ငံမှ စာတန်းကိုဖတ်လိုက်ရတဲ့အခါမှာတော့ သူဟာအရမ်းအံ့သြတုန်လှုပ်မိပါကြောင်းနှင့် နောက်ဆုံးမှာတော့သူ့ ကို
ဘုရားသခင်ထံမှာအပ်နှံကြောင်းနှင့် လုံခြုံတဲ့နေရာမှာထားပေးကြပါလို့  ရေးသားထားကြောင်းသိရပါတယ်။
*SNOW CHIT CHIT* မှ ကူး ယူ ဖော် ပြ ပါ သည်
Sunday, December 26, 2010
ရောင်စုံရုပ်ပြပဌာန်း
ပဋ္ဌာန်း (၂၄) ပစ္စည်း (မြန်မာဘာသာ)
..
အာရမ္မဏ ပစ္စယော — မျက်စိနှင့်နားသည် နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါစေသား။
အဓိပတိ ပစ္စယော —– ရုပ်၊ နာမ် နှစ်ပါးတို့ကို စောင့်ရှောက် ထိန်းသိမ်းနိုင်ရပါစေသား။
အနန္တရ ပစ္စယော —— များစွာသော ကုသိုလ်တရားတို့ကို မျက်မှောက်ပြုရပါစေသား။
သမနန္တရ ပစ္စယော —- ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကို မျက်မှောက်ပြုရပါစေသား။
သဟဇာတ ပစ္စယော — ရုပ်, ရုပ်ချင်း၊ နာမ်, နာမ်ချင်း ထင်ရှားစွာ သိရပါစေသား။
အညမည ပစ္စယော — ရုပ်မှနာမ်သို့၊ နာမ်မှရုပ်သို့ ပြောင်းလဲ၍ သိရပါစေသား။
နိဿယ ပစ္စယော —- ရုပ်နာမ် နှစ်ပါးတို့၏ တည်နေရာကို သိရပါစေသား။
ဥပနိဿယ ပစ္စယော - ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။
ပုရေဇာတ ပစ္စယော — ရှေးကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
ပစ္ဆာဇာတ ပစ္စယော — နောက်မှဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား။
အာသေဝန ပစ္စယော - လိုရာဆန္ဒ မရှိအောင် ပြည့်စုံရပါစေသား။
ကမ္မ ပစ္စယော ——– ကံသုံးပါးကို ထိန်းသိမ်းနိုင်ရပါစေသား။
ဝိပါက ပစ္စယော —— ဝဋ်ကြွေး သုံးသွယ်ကို ပယ်ဖျက်ရပါစေသား။
အာဟာရ ပစ္စယော — လိုရာဆန္ဒကို ပြည့်စုံစွာ ထောက်ပံ့နိုင်ရပါစေသား။
ဣန္ဒြိယ ပစ္စယော —– နာမ်ရုပ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။
ဈာန ပစ္စယော ——– သူတော်ကောင်းတရား (ရ)ပါး၊ ဉာဏ်စဉ် (၅)ပါးနှင့် ပြည့်စုံရပါစေသား။
မဂ္ဂ ပစ္စယော ———- ဘာဝနာ (၂)ပါး အပေါင်းကို အာရုံပြု၍ အထွဋ်အထိပ် ပညာကိုရ, ရပါစေသား။
သမ္ပယုတ္တ ပစ္စယော — သူတော်ကောင်းတို့နှင့်ပေါင်း၍ (ရ)ဖြာသော တရားနှင့် ယှဉ်တွဲရပါစေသား။
ဝိပယုတ္တ ပစ္စယော —- သူယုတ်မာနှင့်ဝေး၍ အကုသိုလ် ကင်းရှင်းရပါစေသား။
အတ္တိ ပစ္စယော ——- သမုတိနယ်၏ အရှိကို ဟုတ်မှန်စွာ သိရပါစေသား။
နတ္တိ ပစ္စယော ——– ပရမတ္တ မရှိတရား၏ အသိကို မျက်မှောက်ပြုရပါစေသား။
ဝိဂတ ပစ္စယော —— ရှေး၌ ပွင့်ပြီးကုန်သောဘုရားတို့ကို ရှိခိုးရပါစေသား။
အဝိဂတ ပစ္စယော —- ပွင့်လတ္တံ့သော ဘုရားတို့ကို ရှိခိုးရပါစေသား။
Tuesday, November 23, 2010
Monday, October 11, 2010
မြန်မာ သိပ္ပံပညာရှင် ၂ဦးအား NASA က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်လိုက်ခြင်း
အမေရိကန် အမျိုးသား လေကြောင်းနှင့် အာကာသဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့ (National Aeronautics and Space Administration)က မြန်မာ သိပ္ပံပညာရှင် ၂ ဦးအား ၊ ဂုဏ်ထူးတောင်ပါရဂူဘွဲ့များ ပေးအပ်ချီးမြှင့်လိုက်ကြောင်း နှင့် အဆိုပါ ဆုရရှိခြင်းအတွက် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဂုဏ်ပြုကြိုဆို စကားပြောကြားလိုက်ကြောင်း သိရသည် ။ 
သိပ္ပံပညာရှင်တစ်ဦးမှာ ဓါတုဗေဒပစ္စည်း တစ်မျိုးကို အောင်မြင်စွာ ၊ ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ၊ အခြား မြန်မာ သိပ္ပံပညာရှင် တစ်ဦးမှာ အာကာသဆိုင်ရာ လေ့လာတွေ့ရှိချက်အသစ် တစ်ခုကို ထုတ်ဖော် တင်ပြ နိုင်ခဲ့ခြင်းကြောင့် ထိုကဲ့သို့ ချီးမြှင့်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည် ။
မြန်မာသိပ္ပံပညာရှင်တစ်ဦးက ထုတ်လုပ်လိုက်သော အဆိုပါ ဓါတုဗေဒပစ္စည်းကြောင့် အမေရိကန်ပြည်သူ သန်းပေါင်းများစွာတို့ကို အလုပ်အကိုင်အခွင့်အလန်းသစ်များ ရရှိစေမည်ဟုဆိုသည် ။ ယခုအခါ ၄င်းဓါတုပစ္စည်းများကို စမ်းသပ်ထုတ်လုပ်မှုအဆင့် (Test Running)ကို အောင်မြင်ခဲ့ပြီဖြစ်ကြောင်း ၊ ပစ္စည်းပမာဏ မည်မျှများပြားစွာ ထုတ်လုပ်မည် ၊ မည်သို့ ထိန်းသိမ်းထားရှိမည် စသည်တို့ကို အဆုံးအဖြတ်ပေးနိုင်ရန် လာမည့် အေပြီလတွင် အထက်လွတ်တော်နှင့် အောက်လွတ်တော် ၂ ရပ်ပေါင်း ပူးတွဲကျင်းပမည့် ညီလာခံတွင် အတည်ပြုချက်ရယူမည်ဟု အိမ်ဖြူတော်ပြောခွင့်ရ အရာရှိက ထုတ်ဖော်ပြောကြားလိုက်သည်။
မြန်မာသိပ္ပံပညာရှင်ကြီး၏အမည်ကို ထုတ်ဖော်ပြောဆိုရန် အိမ်ဖြူတော်က ငြင်းဆိုလျက်ရှိသော်လည်း ၊ တီထွင်ထုတ်လုပ်လိုက်သည့် ဓါတုပစ္စည်းမှာ ၊ မည်သည့် အရာဝတ္ထုနှင့် မဆို ထိလျင်ထိချင်း အစအနလက်ကျန်လုံးဝ မရှိအောင် ဖျက်ဆီးနိုင်သည့် ဓါတုပစ္စည်းအသစ်ဖြစ်သည်ဟု ဆိုသည် ။
ူလိုတွေးတတ်လာကြပြီ ။
တမန်တော် မိုဟာမက်(ဆွ)ကြီးက အစ္စလာမ်ဘာသာကိုဖန်တီး တီထွင်ခဲ့သည့်အချိန်မှအစပြု၍ ၊ မိုဟာမက်ကြီးပြောသမျှ အဟုတ်ထင်ကာ ၊ အစ္စလာမ်ဘာသာဝင်(မူဆလင်)အဖြစ်ခံယူခဲ့ကြသူများဟာ ၊ ကိုယ်ပိုင်အသိဥာဏ်ဖြင့် စဉ်းစားခွင့်မရရှိရှာကြတော့ဘဲ ၊ လူလိုသူလိုမတွေးတတ်ကြတော့သည်မှာ နှစ်ပေါင်း ၁၄၀၀ကျော်ခဲ့ပါပြီ ။
မူဆလင်ဆိုသူတို့ဟာ ထိုနှစ်ပေါင်း ၁၄၀၀-ကျော်ကာလအတွင်း လူလိုမတွေးတတ် - မိုဟာမက်ကြီးလိုသာတွေးတတ် ၊ လူလိုမကျင့် - မိုဟာမက်ကြီးလိုသာကျင့် ။ လူလိုမကြံ- မိုဟာမက်ကြီးလိုသာကြံ ။ လူလိုမလုပ်-မိုဟာမက်ကြီးလိုသာလုပ်ခဲ့ကြပါသည်။
သို့ရာတွင် ၊ ယခု၂၁ရာစုသို့အရောက်တွင် ၊ မူဆလင်များထံမှ လူလိုသူလိုတွေးခေါ်တတ်သူအများအပြား ပေါ်ပေါက်လာသည်ကို ကျွန်ုပ်တို့ ဝမ်းမြောက်ဖွယ်ရာ တွေ့မြင်ကြားသိကြရပါသည် ။ အဆိုပါ ဝမ်းမြောက်ဖွယ်သတင်းများအနက် သတင်းတစ်ပုဒ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
၁၈ နှစ်အောက် မိန်းကလေးကို လက်မထပ်ရန် ဆော်ဒီအမိန့်ထုတ်
ရီယာ့ဒ်၊ မေ ၅
ဆော်ဒီအာရေဗျတွင် အသက် ၁၈ နှစ်အောက် မိန်းကလေးများနှင့် ထိမ်းမြားလက်ထပ်ခြင်းကို ဥပဒေဖြင့် ပိတ်ပင်တော့မည်ဟု အစိုးရအဆင့်မြင့်အရာရှိကြီးတစ်ဦး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
''၁၈ နှစ်အောက်မိန်းကလေးကို ပေါင်းသင်းတဲ့ မည်သူ့ကိုမဆို အရေးယူ တော့မှာပါ'' ဟု ဆော်ဒီတရားရေးဝန်ကြီး မိုဟာမက်အယ်လ်အီစာ(Mohammed al-Eissa)က သတင်းထောက်များကို ပြောကြားသည်။
၁၈ နှစ်အောက်အရွယ်သည် မိသားစုအရေး ဖြေရှင်းရာတွင် နုနယ်သေးကြောင်း၊ အထူးသဖြင့် ကိုယ်ဝန်ရရှိခဲ့ပါက မိခင်တစ်ယောက်ဖြစ်ရန် အဆင်သင့်မဖြစ်သေးကြောင်း ("A girl below 18 is often not fit to take the family responsibility especially if she quickly gives birth (after marriage),") တရားရေးဝန်ကြီးက ထပ်လောင်းပြောကြားသည်။
အစ္စလာမ်နိုင်ငံဖြစ်သည့် ဆော်ဒီလူ့အဖွဲ့အစည်းသည် အမျိုးသားကြီးစိုးသော လူ့အဖွဲ့အစည်းဖြစ်သည် နှင့်အညီ ဖခင်က အိမ်ထောင်တစ်ခု၏အခရာဖြစ်သည်။ သား၊ သမီးတို့သည် ဖခင်အလိုရှိသောသူနှင့် လက်ထပ်ထိမ်းမြားကြရရာ အကျင့်ပျက်ယုတ်မာသော ဖခင်အချို့က ယင်းတို့၏သမီးငယ်များကို ငွေကြေးဖြင့် ရောင်းကုန်ကဲ့သို့ ဇနီးမယား အဖြစ် ရောင်းစားမှုများ ဖြစ်ပွားတတ်သည်။မိဘများ၏ အစီအစဉ်အရ ၊ အသက် ၈ နှစ်အရွယ် ကလေးမတစ်ယောက်က ၊ အသက်၅၀အရွယ်ရှိအဖိုးကြီးတစ်ဦး(A 50-year old man in the small Saudi town of Onaiza) ထံ ဇနီးအဖြစ်ရောင်းစားခံထားရရာမှ ၊ အမျိုးသမီးငယ်က အဆိုပါ အဖိုးအရွယ်ခင်ပွန်းကို ကွာရှင်းလိုမှု တရားတစ်ထုံးစွဲဆိုခဲ့ရာတွင် ၊ အမျိုးသမီးငယ်အား ကွာရှင်းခွင့်ပေးလိုက်(agreed to divorce his eight year-old bride) ပြီး ၊ ရက်အနည်းငယ်အကြာတွင် ၊ ဆော်ဒီတရားရေးဝန်ကြီးက ထိုသတင်းကို ၊ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည် ။
သို့ရာတွင် ၊ ခေါင်းမာဆဲ ဖြစ်သော ၊ တမန်တော်မိုဟာမက်(ဆွ)ကြီး၏ သွန်သင်ချက်များကို အဟုတ်အမှန်ဟု ထင်မှတ်နေကြဆဲဖြစ်သော ၊ ကိုယ်ပိုင်အသိညာဏ်အားကိုးဖြင့် လူလိုသူလိုမတွေးတောတတ် မတွေးဝံ့ကြသေးသော အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဆိုသူကဲ့သို့ တယူသန်များလည်း ဆက်လက်ရှိနေသေးကြောင်း ဝမ်းနည်းစွာမြင်တွေ့ကြားသိနေရပါသေးသည် ။ ဆက်လက်ဖတ်ရှုတော်မူကြပါ-
ဆော်ဒီဘာသာရေးခေါင်းဆောင်ချုပ် မွတ်ဖ်တီအပ်ဗဒူအဇစ်အပါအဝင် ဘာသာရေးခေါင်းဆောင်များက အရွယ်မတိုင်မီ လက်ထပ်ပေးခြင်းကို ထောက်ခံ ပြောဆိုကြသည်။ ယင်းတို့က မိန်းကလေးငယ်များကို စောစောလက်ထပ် ပေးခြင်းဖြင့် အပျိုကြီးအဖြစ်ကို ရှောင်ရှားနိုင်ခြင်း၊ ဖြားယောင်းသွေးဆောင်ခံရမှု မရှိနိုင် တော့ခြင်း စသည့်ကောင်းကျိုးများရကြောင်း အကြောင်းပြကြသည်။
ဆင်းရဲမွဲတေမှု နှင့် ယင်းတို့၏ရိုးရာအစဉ်အလာဓလေ့များကြောင့် အာရပ်နိုင်ငံများမှ မိန်းကလေး ငယ်များသည် လူကြီးများနှင့် လက်ထပ်နေရလေ့ရှိသည်။
ကလေးငယ်များနှင့် လိင်ဆက်ဆံခြင်း ၊ အိမ်ထောင်ပြုခြင်းအမှုကို တမန်တော်မိုဟာမက်(ဆွ)ကြီးက အစပြုခဲ့ကြောင်း ၊ တမန်တော်မိုဟာမက်သည် သူ၏ မိတ်ဆွေတစ်ဦး၏ သမီး(Aisha, daughter of his close friend, Abu Bakr) ၆နှစ်အရွယ်ကလေးငယ် အေရှာ(Aisha bint Abu Bakr, died 678)ကို လက်ထပ်ယူခဲ့ကြောင်း ၊ လက်ထပ်ပြီး ၃နှစ်အကြာ ၉နှစ်အရွယ်တွင် ကာမဆက်ဆံခြင်းအမှုကို စတင်ခဲ့ကြောင်း ၊ ထို့ပြင် မူဆလင်အမျိုးသမီးများအား လိင်အင်္ဂါပြုပြင်ကြရမည်ဟုလည်း ပရမတ်ဘုရားသခင်အလ္လာဟ်ရှင် အမိန့်တော်မြတ်အဖြစ် ပြဋ္ဌာန်းထားကြောင်း ၊ ကုရ်အန်ခေါ် အစ္စလာမ်ဘာသာအလင်းကျမ်းနှင့် ဟာဒစ်(Hadiths)ခေါ် မိုဟာမက်ကြီးဘဝမှတ်တမ်းတော်မြတ်အရ သိရသည် ။ 
ကိုရမ်ကျမ်း(အချို့အကုန်အံဟု ဖတ်သည်) ပါ ပြဋ္ဌာန်းချက်များအား ဝေဖန်ခြင်း ၊ မိုဟာမက်(ဆွ)တမန်တော်အားဝေဖန်ခြင်း တို့သည် ကြီးလေးသောအပြစ်ဒဏ်(သေဒဏ်)ထိုက်သင့်သော အပြစ်များအဖြစ် ပြဋ္ဌာန်းထားကြောင်း ၊ ထို့ပြင် မူဆလင်ခင်ပွန်းသည်များသည် ဇနီးသည်များကို အလွယ်တကူ ကွာရှင်းခွင့်မပေးကြောင်း ၊ ကွာရှင်းခွင့်တောင်းလာသော ဇနီးသည်ကို ခင်ပွန်းသည်အနေဖြင့် သဘောမတူပါက နားရွက်ဖြတ် ၊ နှာခေါင်းဖြတ်ခြင်းစသည့် နည်းနာမျိုးစုံဖြင့် အမျိုးမျိုးနှိပ်စက်ခြင်းတို့ကိုလည်း ရိုးရာယဉ်ကျေးမှုတစ်ရပ်လိုပြု လုပ်လေ့ရှိကြကြောင်း လည်းသိရသည် ။
ယခုအခါ ၊ အဆိုပါ တမန်တော်မိုဟာမက်(ဆွ)ကြီး ၏ အမိန့်တော်မြတ်ကို ဆန့်ကျင်လျက် သို့တည်းမဟုတ် တမန်တော်မိုဟာမက်ကြီး၏ လုပ်ရပ်ကို ဆန်းစစ်ဝေဖန်လျက် ၊ ဆော်ဒီအစ္စလာမ်နိုင်ငံတွင် အသက် ၁၈ နှစ်အောက် မူဆလင် အမျိုးသမီးများအား လက်ထပ်ခြင်းမှ တားမြစ်မည်ဆိုသည့် ကိစ္စသည် ၊ လူလိုသူလိုတွေးတတ်လာသော လူလိုသူလိုတွေးရဲတတ်လာသော လုပ်ရပ်အဖြစ် ၊ ကျနော်တို့မစ်ရှင်က လှိုက်လှဲစွာ ကြိုဆိုလိုက်ပါသည် ။
လေးစားမှုဖြင့်-
ဟာဂျီဝက်စ်လီ
ရည်ညွှန်းချက်များ-
1. http://news.yahoo.com/s/ap/20090430/ap_on_re_mi_ea/ml_saudi_child_marriage
2. http://www.reuters.com/article/newsOne/idUSTRE5410XL20090502
3. http://en.wikipedia.org/wiki/Aisha
4. http://en.wikipedia.org/wiki/Muhammad
5. http://www.rawa.org/temp/runews/2007/12/26/husband-cut-off-wife-s-ears-nose-on-eid-day.html
6. http://www.google.co.kr/imgres?imgurl=http://img.thesun.co.uk/multimedia/archive/00015/ed_imgSNN0825K_540_15456a.jpg&imgrefurl=http://www.thesun.co.uk/sol/homepage/news/article31621.ece&h=320&w=540&sz=29&tbnid=z1y4CfCnfkL4sM::&tbnh=78&tbnw=132&prev=/images%3Fq%3DCut%2BNose&hl=ko&usg=__OPw1h32q95KVbdvdWRpLxuuMZl0=&ei=kYwYSveQA5H8tgOr-8TeCA&sa=X&oi=image_result&resnum=3&ct=image
(Iran: 13-Year-Old Girl Sentenced to Death for Incest)
(Wednesday October 20, 2004)

၂၀၀၄ ခုနှစ် ၊ အောက်တိုဘာ ၂၀ ။ ဗုဒ္ဒဟူးနေ့ ။
အီရန်နိုင်ငံအနောက်မြောက်ရှိ ၊ မာရီဗန်မြို့(Marivan)တွင် ၊ ၁၃ နှစ်အရွယ် ဇီလာအီဇာဒီ (Zhila Izadi) ဆိုသူ အမျိုးသမီးငယ်တစ်ဦး သေဒဏ်ပေးခြင်းခံရသည် ။ အကြောင်းမှာ အသက် ၁၅ နှစ်ရှိ သူ၏ အစ်ကိုက သူမအား ကိုယ်ဝန်ရရှိစေခဲ့သောကြောင့်ဟူ၏ ။ သူမအား ကိုယ်ဝန်ရရှိစေခဲ့သူ သူ၏ အစ်ကိုမှာမူ သေဒဏ်ကျခံရခြင်းမရှိဘဲ ၊ ကြိမ်ဒဏ် အချက် ၁၅၀ ခံရမည်ဟုဆိုသည် ။ ဇီလာအီဇာဒီသည် သူမ၏ ရင်သွေးငယ်ကို မွေးဖွားပြီးဖြစ်ရာ ၊ မူဆလင်အသိုက်အဝန်းက သူမအား ခဲဖြင့်ပစ်ပေါက်ပြီး သေဒဏ်စီရင်မှုကိုခံယူရန် အသင့်အနေအထားသို့ ရောက်ရှိသွားပြီဖြစ်ကြောင်းသိရသည် ။
( In Iran, a 13-year-old girl has been sentenced to death because her 15-year-old brother got her pregnant. The boy, of course, doesn't face a death sentence - he'll only be whipped 150 times with a lash. Zhila Izadi just gave birth to her child so now she is eligible for stoning by the community.)
သူမသည် ကိုယ်ကျင့်တရားဖောက်ဖျက်မှု(moral sin)နှင့် အမျိုးယုတ်ကလေး(unholy child)မွေးဖွားမှုဖြင့် စွပ်စွဲခံရခြင်းဖြစ်သည် ။၁၅နှစ်အရွယ် သူ၏ အစ်ကိုမှာလည်း အလားတူအမှုဖြင့် စွပ်စွဲခံရခြင်းဖြစ်ပြီး ၊ လောလောဆယ် တီဟီရန်ထောင်တွင်ရှိနေသည် ။ ၄င်းမှာ အစ္စလာမ်ဥပဒေအရ ကြိမ်ဒဏ်အချက် ၁၅၀ ကိုသာခံရမည်ဖြစ်သည်ဟုဆိုပါသည် ။
(She was accused of committing ‘moral sin’ and giving birth to an ‘unholy child’. Her brother a 15-year-old boy who was also accused and is currently in prison in Tehran was given a sentence of 150 lashes, in accordance with Islamic laws. ... As a party to the International Covenant on Civil and Political Rights and the UN Convention on the Rights of the Child, Iran is bound not to execute child offenders.)
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၊ နောက်သတင်းတစ်ပုဒ်ကို ဖတ်ကြည့်ကြဦးစို့-
(TUESDAY, JULY 21, 2009
Bangladesh: Muslim girl raped and beaten by Imam fell pregnant, receives 101 lashes and forced to marry her torturer)
၂၀၀၉ခုနှစ် ဇူလိုင်လ ၂၁ ရက် ။ အင်္ဂါနေ့ ။
ဘင်္ဂလားဒေ့ရှ် ၊ အီမမ်(မူဆလင်ဆရာ)က ရိုက်နှက်ပြီး မုဒိမ်းကျင့်ခံရသော မူဆလင် အမျိုးသမီး ကိုယ်ဝန်ရ ၊ ကြိမ်ဒဏ် ၁၀၁ ချက်ခံရသည့်ပြင် ၊ သူမအား နှိပ်စက်သူကို အဓမ္မအိမ်ထောင်ပြုရန် အမိန့်ချ
(Giving the girl the option - to marry her rapist is common in the Islamic
သူအမျိုးသမီိးများအားရွေးချယ်ခွင့်ပေးခြင်း ။
အစ္စလမ်လောကတွင် မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများသည် အဓမ္မလက်ထပ်ရန် အမိန့်ချမှတ်ခြင်းမခံရဘူးဆိုလျင် ၊ မုဒိမ်းကျင့်သူအား လက်ထပ် ယူသည်မှာ ဓလေ့လိုဖြစ်နေပါသည် ။ တစ်ခါတစ်ရံတွင်မူ ၊ လက်ထပ်ယူရန် သို့မဟုတ် ကျူးလွန်သူအား ထောင်ကျခံစေရန်လည်း ရွေးချယ်ကြသည်ဟုဆိုသည် ။ ခေတ်မီသည့် နိုင်ငံများတွင်မူ ဖြစ်နိုင်သည်မှာ-
ဆောဒီအာရေဗျတွင် မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးမှာ ကြိမ်ဒဏ်ခံရဖွယ်ရှိပြီး ၊ ပါကစ္စတန်တွင်မူ မုဒိမ်းကျင့်ခံအမျိဲးသမီးများမှာ ထောင်ဒဏ်ခံရဖွယ်ရှိပါသည် ။ အဘယ်ကြောင့်ဆိုသော် မူဆလင်လောကတွင် အမျိုးသမီးများ၏ တန်ဖိုးသည် အပျိုစင်အဖြစ်တွင် ဆုံးသည် (အပျိုစင်ပျက်လျင်ဘဝလည်းပျက်ပြီ) ဟုဆိုသည် ။
Dhaka (AsiaNews) – The victim of repeated rapes who has become pregnant is being forced by local leaders to marry the man who abused her and sentenced to a beating for the "crime" committed. This is the story of a teenager in the village of Char Padma in Faridpur district of central Bangladesh.
အိုမာဖာရုက်(Omar Faruk)သည် မက်ဂတပ်(Maktab) အမည်ရှိ အစ္စလာမ်ကျေးရွာမှ ကျောင်းဆရာ တစ်ဦးဖြစ်သည် ။ ထိုအီမမ်(ဆရာ)သည် ဒေသ ဆိုင်ရာ အသိုင်းအဝိုင်းတွင် ဆရာ့အခွင့်အရေးကို အခွင့်ကောင်းယူလျက် ၊ ကလေးသူငယ်မများအပေါ် မတော်မတရားပြုနေသည်မှာ ကြာပေပြီ ။ သူငယ်မသည် ကိုယ်ဝန် ၇ လရှိပြီ ။ သူမ၏ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေမှာ မကောင်းပါ။ ထို့ပြင် သူမသည် လမစေ့မှီ မီးဖွားဖွယ်ရှိသည် ။
(Omar Faruk is a teacher from the "Maktab", the village Islamic school. The imam has long abused the minor, taking advantage of the position of prestige within the local community. The girl is in the seventh month of pregnancy, her physical and mental health is not good, and she risks a premature birth.)
သူမသည် အဆိုပါအဓမ္မပြုခံရခြင်းနှင့် ကိုယ်ဝန်ရရှိခဲ့ခြင်းကိစ္စကို ကြောက်ခြင်း ၊ ရှက်ခြင်းတို့ကြောင့် လပေါင်းများစွာ လူတောမတိုးဘဲ ပုန်းအောင်းနေခဲ့သည် ၊ သူမ၏ ဗိုက်လုံးပေါ်လာချိန်တွင် ၊ တစ်ရွာလုံးသို့ သတင်းပျံ့နှံ့ခဲ့သည် ။ ဇူလိုင် ၁၈ ရက်နေ့တွင်မူ ၊ ဖာဇလူရ်ရာမန်ဖာဇယ်(Fazlur Rahman Fazal) ခေါင်းဆောင်သည့် ပါရဂူအဖွဲ့ပါဝင်သည့် ခုံသမာဓိကောင်စီ(the Arbitration Council)က သူမအားတွေ့ဆုံခဲ့ပြီး ၊ အမိန့်ထုတ်ခဲ့သည် ။ ခုံသမာဓိအစည်းအဝေးသည် သူမနှင့် အီမမ်တို့အား ကြိမ်ဒဏ် ၁၀၁ ချက်စီ
ကျခံစေခဲ့ခြင်းဖြစ်သည် ။(For several months she hid the violence and pregnancy, for fear and shame. When her belly started to grow, the news spread throughout the village. On July 18 last the Arbitration Council met, consisting of a group of experts led by Fazlur Rahman Fazal, to discuss the matter and issue a verdict. The meeting ended with a conviction of 101 lashings a head for the young girl and the imam, author of the violence.)
အဆိုပါ ဆုံးဖြတ်ချက်အရ ၊ ၄င်းတို့သည် ကြိမ်ဒဏ် ၂၅ ချက်စီကို အသီးသီး ကျခံပြီးဖြစ်ကြောင်း ၊ ဒေသမီဒီယာများအရ သိရသည် ။ အဆိုပါအမျိုးသမီးသည် သူမအား နှိပ်စက်ခဲ့သည့် ၊ လက်ရှိမယား ၂ယောက်၏ခင်ပွန်းဖြစ်သူနှင့် လက်ထပ်ရလိမ့်မည်ဟုဆိုသည် ။ ဘင်္ဂလားဒေ့ရှ်တွင် အမျိုးသမီးများသည် အဆိုပါ ပြစ်မှုမျိုး မကြာခဏဆိုသလို ကျူးလွန်ခံရလေ့ရှိပြီး ၊ ကျူးလွန်သူအမျိုးသားများအနေဖြင့် မည်သို့မျှအရေးယူခံရလေ့ (မရှိ) မရှိကြောင်းလည်း သိရသည် ။
(Local sources revealed that both have already received 25 beatings, pursuant to the decision. The girl will even have to marry her torturer, who has two previous marriages behind him. In Bangladesh, women are often victims of violence and abuse, most of which goes unpunished.)
ကောသလမင်း အိပ်မက် ၁၆ ချက်
[အိပ်မက်မှာ အိပ်မက် အကြောင်း မသိသေးသူများ၊ သေချာ မသိသေး သူများ၊ သိသလို မသိသလို ဖြစ်နေသူများအတွက် ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေနဲ့ နှိုင်းယှဉ် ကြည့်ပြီး စဉ်းစားစရာ လေးတွေပေါ့ဗျာ ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ခန့်က သကျဆရာကြီး ကြိုပြီး ဟောကြားထားတဲ့ မျက်မှောက်ကာလ အဖြစ်အပျက်တွေပါ ။]
မိဘုရားကြီး တိုက်တွန်းချက်အရ ကောသလမင်းကြီး သွားရောက် လျှောက်ထား၍ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဖြေကြား နှစ်သိမ့်တော်မူ၏ ။
(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌
ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ဘဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည်ရွာအံ့သကဲ့သို့ ထစ်ကြိုးလျက် မရွာဘဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း
ဖြစ်လတ္တံ့။
(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျားမိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင်အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။
(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို
စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီးသားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။
(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သောသူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့ ။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့ ။
(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို
ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။
(၆) အဖိုးတစ်သိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည်အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍အသက်မွေး ကြကုန်လတ္တံ့။
(၇) တစ်ယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျားမသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျား သည် ဆင်းရဲငြိုငြင်စွာ ရှာဖွေစုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌လည်းကောင်း ၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌လည်းကောင်း ၊ သဘောက်လင်ငယ် ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင်ဖြုန်းတီးလေလတ္တံ့ ။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။
(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တစ်လုံးကိုမြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီးအတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍
ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသောအခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကိုမြင်မက်ပါသည်။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါမင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ့။ ထမ်းရွက်စေအံ့။ သို့ဖြစ်ရကား မင်းတို့၌သာပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာတစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။
(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တစ်ခုတွင် သတ္တဝါတို့ ဆင်း၍ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာသတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ်ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသောအချင်းအရာဖြင့်အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါလူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက်မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည်ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။
(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါအချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင်
ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။
(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့်ရောင်းစားသည်ကို မြင်မက်ပါသည်။
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို
မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်းဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန်
အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍တစ်သိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့
ဖြစ်ကုန်လတ္တံ့။
(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ်အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။
(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသောသူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။
(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော
အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကားဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။
(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့်တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။
နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီးစသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါတိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသားတို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုးယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။
(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက်ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကိုမြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ်သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍တရားတဘောင် ဖြစ်လျှင်တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက်အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တစ်ပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည်အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင်ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်းတို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။
Monday, July 12, 2010
ိလိပ်ခေါင်းရော၈ါအကြောင်း
Q: ဆရာ ကျွန်တော် အပြင်လိပ်ခေါင်း ဖြစ်နေလို့ သူများနိုင်ငံမှာ အလုပ်လုပ် နေရတော့ မကုသ သေးရင် ဘာတွေဖြစ်နိုင် ပါသလဲ ဆရာ။
5 May 10, 12:51
A: ဖြစ်လာနိုင်တာတွေက -
၁။ ၀မ်းချုပ်ရင် ညှစ်ရရင် သွေးထွက်တာ ဖြစ်နိုင်တယ်။ ၀မ်းမချုပ်စေတဲ့ အစားအစာ စားပါ။ ရေများများ သောက်ပါ။
၂။ အဆင်မသင့်ရင် လိပ်ခေါင်းမှာ သွေးပြန်ကြောပိတ်လို့ ရုတ်တရက် အတင်းနာပြီး၊ မထိုင်နိုင် ဖြစ်လာတတ်တယ်။ ချက်ချင်း သွေးကြောပိတ်နေတာကို ခွဲပြစ်ရမယ်။ စိုးရိမ်စရာ မလိုပါ။ ပြင်ပလူနာအဖြစ်တောင်မှ ခွဲပေးလို့ ရတတ်တယ်။
၎။ ထွက်နေတဲ့ လိပ်ခေါင်းက ပြန်မ၀င်တာ ဖြစ်တတ်တယ်။ ကိုယ့်လက်နဲ့ကိုယ် ပြန်သွင်းရင် ရမှာဖြစ်ပေမဲ့ အမှုမဲ့အမှတ်မဲ့ နေသူတွေမှာ ထွက်နေတဲ့ လိပ်ခေါင်းက ရောင်လာလို့ ပြန်သွင်းမရ ဖြစ်နိုင်တယ်။ ဖြစ်ရင် လိပ်ခေါင်းကို (ဆားခါး) မှုံ့ကို အဆီ (ပါရာဖင်ဆီ) တခုခု ဆွတ်ထားတဲ့ ပတ္ထီး၊ အ၀တ်စမှာ တင်ပြီး လိပ်ခေါင်းပေါ် ကပ်ထားပေးရင် အရောင်ကျပြီး၊ ပြန်သွင်းလို့ ရလာမယ်။
၅။ ၀မ်းသွားတဲ့အခါ နာတာ။ ဒါတွေဘဲ ဖြစ်မှာပါ။
လုပ်ရမှာတွေကိုပါ ပြောပါမယ်။ လိပ်ခေါင်းကနေ သွေးထွက်ရင် သွေးတိတ်ဆေးတွေက သိပ်မထိရောက်ပါ။ သွေးထွက်တာ ကြာကြာဖြစ်လို့ သွေးအား နည်းနေမယ်။ အသားအရေ ဖြူရော်ရော် ဖြစ်နေတာနဲ့ အကြမ်းဖျဉ်း သိနိုင်တယ်။ သွေးအားကောင်းဆေး Ferrous Sulfate စတာမျိုး သောက်ပါ။ သံဓါတ်က ၀မ်းချုပ်တတ်ပြန်တယ်။ ဟင်းနုနွယ်ရွက်၊ ကန်ဇွန်းရွက်၊ ဒယ်အိုး-ဟင်းအိုးမှာ ချက်-ပြုတ်-ကျော်တဲ့အခါ အမဲရောင်အရည်ထွက်တဲ့ အသီးအရွက်တိုင်း သံဓါတ်တာမို့ ရွေးစားပါ။ ခါးရမ်းသီး၊ ဘောက်ရွက်။ အမဲ-၀က်-ကြက် အသဲကလဲ သွေးအား ကောင်းစေတယ်။
ဝမ်းပြော့အောင်စားရမဲ့ အမျဉ်များအစာခေါ်တဲ့ အစားအစာတွေက အကြမ်းဖျင်းပြောရရင် အသီးအရွက်-အသီးအနှံတွေ အကုန်လုံးလိုလိုပါ။ သခွါးသီး၊ ပဲသီး၊ ရုံးမတီ (ရုံးပတီး)သီး၊ မုံလာ ဖြူ-နီ-စိမ်း၊ အာလူး၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပဲ အမျိုးမျိုး၊ ကြက်သွန်နီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ သင်္ဘောသီး၊ မာလကာသီး၊ စွန်ပလွန်သီး၊ ဘယ်ရီသီး၊ သစ်တော့သီး၊ ကီဝီသီး၊ စပျစ်သီး၊ ပန်းသီး၊ နေကြာစေ့၊ မြေပဲဆံ၊ အုံးသီးဆံ၊ ငှက်ပြောသီး၊ လိမ်မော်သီး၊
ဝမ်းချုပ်ရင် ပြင်းတဲ့ ၀မ်းနုတ်ဆေး အစား ခပ်ပြော့ပြော့သောက်ပါ။ ကောင်းတာက Milk of Magnesia or Cream of Magnesia ခေါ်တဲ့ ဆေးရည်ကို မအိပ်ခင် ဟင်းစားဇွန်း ၂ ဇွန်းသောက်ပါ။
ဝမ်းသွားတဲ့အခါ နာတာဖြစ်ရင် လိပ်ခေါင်းထည့်ဆေး တခုခုကို ၀မ်းမသွားခင် ထည့်ပေးလို့ရတယ်။ ဆေးတောင့်လဲ လာတယ် (ခရင်မ်) လဲလာတယ်။ တချို့က ချောဆီသဘောဖြစ်ပြီး၊ တချို့က ထုံဆေးသဘောဖြစ်တယ်။
အစိုးရိမ် မကြီးပါနဲ့။ ခန္ဓာကိုယ် အ၀မလွန်စေနဲ့။ အနေအထိုင် ဂရုစိုက်ပါ။ ကြမ်းပြင်မှာ ဆောင့်ကြောင့် မထိုင်ပါနဲ့။ ဗမာပြည်မှာ မီးလှုံရင်း၊ မြေစိုက် မီးဖိုမှာ ထမင်းချက်ရင်း၊ သန်းရှာရင်း စသဖြင့် လုပ်ချိန်သုံးတဲ့ ဖင်ထိုင်ခုံလို ခုံအနိမ့်ကို မသုံးပါနဲ့။ ချောင်းဆိုးတာ၊ နှာခြေတာ လုပ်ရတိုင်း၊ စအိုနေရာကို စိတ်ကနေ ထိန်းထားပါ။ အလေးအပင်မတာ၊ အထိုင်အထ လုပ်တာမှာလဲ ထိန်းပြီးမှ လုပ်ပါ။
ခြေလေးချောင်း တိရိစ္ဆာန်တွေမှာ လိပ်ခေါင်း မဖြစ်ပါ။ ရောဂါထနေရင် တယောက်တည်း ရှိနေတဲ့အခါ၊ အိပ်ယာပေါ်မှာ လေးဘက်ထောက် အနေအထားနဲ့ နားနေရင် သင့်ပါတယ်။ စအိုနေရာကို ဘာဖိအားမှ မသက်ရောက်စေလို့ပါ။ အိမ်သာက ဆောင့်ကြောင့် ထိုင်ရတာမျိုးကို မသုံးပါနဲ့။ အင်္ဂလိပ်ပုံစံဆိုတာမျိုး သုံးပါ။ ခါးကို ၉၀ ဒီဂရီထိုင်လို့ရတာမျိုး။ ၀မ်းသွားပြီးတိုင်း စက္ကူ၊ တွိုင်းလက်ပေပါ၊ တစ်ရှူး အစား၊ ရေကိုသာသုံးပါ။
ကျန်းမာပါစေ။
Dr. တင့်ဆွေ
၅-၅-၂၀၁၀
Tuesday, July 6, 2010
သဲချေအိပ်ထုတ်ထား၇သူများအတွက်
Q and A Cholecystectomy သည်းခြေအိပ် ထုတ်ထားသူ
5-7-2010
ဒေါက်တာခင်ဗျား...
သည်းခြေ ကျောက်တည်နေသော ဝေဒနာ နောက်ဆက်တွဲအကြောင်း သိလိုပါသည်။ သည်းခြေ ထုတ်ပစ်လိုက်ပါက လူ့သက်တန်းစေ့ နေနိုင်ပါသလားဆရာ။ ခန္ဒာကိုယ်တွင် သည်းခြေသည် အရေးကြီးသည့် အပိုင်းတွင် ပါဝင်သည့်အတွက် သည်းခြေ ထုတ်ပစ်လိုက်ပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို သိလိုပါသည်။
လူတိုင်းမှာ အသဲရဲ့အောက်မယ်ကပ်နေတဲ့ Bile သည်းခြေရည် ထုတ်ပေးမဲ့ Gallbladder သည်းခြေအိပ်တခုစီ ရှိကြတယ်။ Cholecystectomy ဆိုတာ သည်းခြေအိပ် ထုတ်ပြစ်တာကို ခေါ်တယ်။ အများဆုံးက Gallstone ကျောက်တည်လို့ပါ။ အစဉ်အလာ Open cholecystectomy နဲ့ နောက်ပေါ် Laparoscopic cholecystectomy နည်းတခုခုနဲ့ ထုတ်တယ်။ ထုတ်လိုက်တဲ့ သည်းခြေအိပ်ကို ကင်ဆာရှိနေ-မနေ biopsy လုပ်သေးတယ်။ Ayurveda or Homoeopathy နည်တွေ စမ်းပြီးနောက် ခွဲစိတ်ဆရာဝန်ဆီ ပြန်လာကြရတယ်။
Bile ဆိုတဲ့ သည်းခြေရည်ဟာ ဆီ-အဆီကို ကျေချက်ဘို့ အဓိကကျတယ်။ ဒါပေမဲ့ သူ့ကို ထုတ်လိုက်ရင် သိပ်မစိုးရိမ်ပါနဲ့။ Bile ကို Liver အသဲကနေလည်း ဆက်ထုတ်နေမှာပါ။ အရင်ကတော့ အစာ စားချိန်ရောက်မှ သည်းခြေအိပ်ထဲက သည်းခြေရည်ကို ညှစ်ထုတ်ပေးခဲ့တာ။ သိုလှောင်ထားပေးမဲ့ အိပ်တော့ မရှိတော့လို့၊ တစက်တစက်နဲ့ ဖြေးဖြေးလေး အူသိမ်ထဲကို တိုက်ရိုက် စီးကျနေပါမယ်။ သရက်ရွက်ပြွန်နဲ့ သည်းခြေပြွန်တွေက နှစ်ခုတခု ဆက်နေလို့ သရက်ရွက်က ထွက်တဲ့ အရည်တွေကိုပါ နှေးသွားစေတယ်။
သည်းခြေအိပ် မရှိတောပေမဲ့ လူအများစုဟာ နေကောင်းတဲ့လူတွေနဲ့မခြား နေနိုင်ကြပါတယ်။ Bloating ဗိုက်ပြည့်သလို ဖြစ်တာက တခြားသူတွေလည်း ဖြစ်တတ်တာမျိုးပါ။ ကွာတာက အစားကို များများစားလိုက်ရင် ဆီ-အဆီတွေကို နိုင်အောင် မချက်နိုင်တော့ဘူး။ သည်းခြေအိပ် ထုတ်လိုက်ရတဲ့ လူနာ ၁၀-၂၀% မှာ Chronic diarrhoea နာတာရှည် ၀မ်းပျက်တာ ဖြစ်လာစေတယ်။ သည်းခြေရည်တွေက အူသိမ်ထဲကို ဆက်ဆင်းကျနေတာကြောင့် အစာတွေကို အောက်ပို့တဲ့နှုံး ပြောင်းသွားစေလို့ ဖြစ်ရတာပါ။ ၄၀% လောက်မှာ အစာလမ်း မမှန်တာနဲ့ ဗိုက်အပေါ် ညာဘက်က နာနေတတ်တာ ဖြစ်တယ်။
ဘာစားရမလဲ။ ပုံမှန်စားသလို စားပါလို့ ယေဘူယျပြောနိုင်တယ်။ ယာယီအားဖြင့် အစာမကျေ ဖြစ်တတ်တယ်။ စပ်တဲ့ အစာကို ထူးပြီးတော့ ရှောင်စရာ မလိုပါ။ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် A, D, E, K တို့ကို ထိခိုက်တယ်။ လိုအပ်ရင် ထိုးဆေးနဲ့ ဖြည့်နိုင်တယ်။
• Milk sugar (lactose) နွားနို့လျှော့ဘို့ အကြံပေးတယ်။
• နည်းနည်းသာ စားသင့်တာတွေက ဆီ-အဆီများတာ၊ ကျော်တာ၊ အစေ့အဆံတွေ (whole grain breads, cereals, nuts, seeds) ဖြစ်တယ်။
• လေများစေတဲ့ (broccoli, brussel sprouts, cabbage or cauliflower) တွေကို လျော့ပါ။
• စားနိုင်တဲ့ အစာမျိုးတွေကတော့ leaner meats, skinless chicken and fish အရေခွံမပါတဲ့ အသားငါ။
• အလွယ် ၀ယ်စားလို့ရတဲ့ အစာတွေ fast foods တွေကို လျှော့ပါ။
• ဆီ-အဆီ လျှော့စားရတာမို့ (ကယ်လိုရီ) ပြည့်အောင် ဂရုစိုက်ရလိမ့်မယ်။ Carbohydrate များတဲ့ အစာတွေကတော့ starches or sugars ပါတာတွေ ဖြစ်တယ်။
• Omega 3 fatty acids ပါစေအောင်လည်း ဂရုစိုက်ပါ။ fish, oil soybeans, alfalfa, and walnuts တွေမှာ ပါတယ်။
• (ပရိုတင်း) လုံလောက်ပါစေ။ low fat milk and dahi, pulses, legumes, meat, fist, chicken, eggs မှာ ပါတယ်။
• ခါတိုင်းလို တနေ့ ၃ ခါ မစားဘဲ၊ တခါစား နည်းနည်းနဲ့ ၄-၆ ခါ စားပါ။
• ၀မ်းလျှောတာ များရင် ORS သောက်ပါ။
• အသဲကို မထိခိုက်အောင် အရက် ရှောင်သင့်တယ်။
ဒေါက်တာတင့်ဆွေ
Monday, June 28, 2010
Flash နဲ့ဝဘ်ဆိုဒ်
Flash နဲ့ဝဘ်ဆိုဒ်တွေ၊Headerတွေနဲ့တခြားသော Animationများကိုအလွယ်တကူဖန်တီးနိုင်ပါတယ်။ Serial Keyတော့မပါဘူး။ ဒါပေမယ့်Crackတော့ပါတယ်။ Setup.exeကိုrunပြီးတာနဲ့ Patch.exeကိုထပ်ပြီးတော့Runပေးလိုက်ပါ။ Serial Key တောင်းတော့မှာမဟုတ်ပါဘူး။ Registered versionဖြစ်သွားပါလိမ့်မယ်။
http://rapidshare.com/files/132638832/Flash_Effect_Maker_Pro_v5.01.rar
သံလုံငယ် : rapid က Free User နဲ့ဆို သိပ်အဆင်မပြေဘူး ကျနော် နောက်နှစ်ခု က ပြန်တင်ပေးလိုက်တယ်နော် …. ။
Websiteများအတွက်Flash Header
ဒီအကြောင်းကတော့ကျွန်တော်ဘလော့စလုပ်တုန်းကလုန်ခဲ့တဲ့နည်းလေးတွေပေါ့။ အဲဒီတုန်းကတော့ Flashနဲ့လုပ်ထားတဲ့Siteတွေ Blog တွေဆိုကျွန်တော်အရမ်းသဘောကျတာ။ ဒါနဲ့ပဲFlashနဲ့Blogအတွက်Headerလေးလုပ်မယ်ဆိုပြီး google မှာရှာရင်းနဲ့တွေ့လာတဲ့ နည်းလေးပေါ့။လုပ်မယ်ဆိုရင် နည်းတွေကတော့အများကြီးပေါ့။ ကျွန်တော်ကတော့ လွယ်တာကိုပဲသဘောကျလို့ လွယ်တဲ့နည်းလေး ကိုပဲဖော်ပြလိုက် ပါတယ်။ ခက်တာတွေကိုလည်းမသိဘူးလေ။ ကျွန်တော်သုံးတာကတော့Flash Effect Maker 4ကိုစသုံးခဲ့တာ အခုတော့version 5 ထွက်နေပါပြီ။ ဖိုရမ်ထဲမှာလည်းကျွန်တော်ပေးထားပါတယ်။ သူတော့ဒီအောက်ကလင့်ကနေပဲယူလိုက်ပါ။
(အပေါ်မှာ ဒေါင်းလုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်)
သူကိုအဲဒီလင့်မှာပြောထားတဲ့အတိုင်းပဲinstallလုပ်ပေးပါ။ လုပ်ပုံလုပ်နည်းကိုတော့ကျွန်တော်အဆင့်လိုက်ပဲ ဖော်ပြပေးသွားပါမယ်။
1. မိမိHeaderရဲ့အရွယ်အစားကိုသတ်မှတ်ပေးရပါ့မယ်။Background imageထည့်မယ်ဆိုရင်လည်းHeaderရဲ့အရွယ်အစားနှင့်Image ရဲ့အရွယ်အစားကိုက်ညီမှုရှိဖို့လိုပါတယ်။ဒါမှလည်းကြည့်လို့ကောင်းမှပေါ့။ ဥပမာအခုကျွန်တော်ပုံဆိုရင်အရွယ်အစားဆိုရင် 980*270 ရှိပါတယ်။
2. Flash Effect Makerကိုဖွင့်ပြီးတာနဲ့ဘယ်ဘက်မှာရှိတဲ့Create Newဆိုတာကိုသွားပါ။Swf Advance Optionsဆိုတာပွင့်လာပါလိမ့် မယ်။အဲဒီမှSwf Optionဆိုတဲ့နေရာမှာHeaderရဲ့အရွယ်အစားကိုသတ်မှတ်ပေးရပါမယ်။
3. Background မှာမိမိနောက်ခံထားမယ့်Imageကိုထည့်ပေးရပါမယ်။Image FillကိုSelectလုပ်ပြီးမိမိနောက်ခံထားလို့သည့်image ကိုရွေးပေးပါ။
4. Mouse Asတို့Percent Loaderတို့ကိုတော့မိမိကြိုက်နှစ်သက်ရာကိုထည့်ပေးပါ။မထည့်ချင်လည်းမထည့်လို့ရပါတယ်။
5. အားလုံးစိတ်ကြိုက်ရွေးပြီးသွားပြီဆိုရင်တော့Okပေးလိုက်ပေါ့
6. Navigation Barထည့်ဦးမယ်ဆိုရင်တော့ဘယ်ဘက်မှာရှိတဲ့Button(Link)ကိုသွားပါ။အဲဒီမှAdd Button ကိုClick လုပ်ပြီးမိမိစိတ် ကြိုက်ButtonများကိုရွေးပြီးAdd ButtonကိုClickလုပ်ပါ။
7. ButtonများကိုAddလုပ်ပြီးသွားပြီဆိုရင်တော့Captionမှာနာမည်များထည့်ပြီးLink နေရာမှာမိမိရဲ့ Link များကိုထည့်ပေးပါ။
8. အားလုံးပြီးသွားပြီဆိုရင်တော့Save SWF/HTMLဆိုတာကိုClickလုပ်ပြီးSaveလိုက်ပါ။ မိမိပြုလုပ်လိုက်တဲ့ Flash Header ကိုမြင် တွေ့ရပါလိမ့်မယ်။
အခုကျွန်တော်ကHeaderလုပ်တာကိုပဲပြောတာပါ။အဲဒီFlash Effect Makerနဲ့အခြားသောအရာများကိုလည်းဖန်တီးလို့ရပါသေး တယ်။ကျွန်တော့BLogရဲ့Headerကိုလည်းဒီSoftwareနဲ့ပဲလုပ်ထားတာပဲ။ကြော်ငြာဝင်လိုက်ဦးမယ်။ www.exodusjoemin.blogspot.com
Blog မှာFlash Headerထည့်သွင်းခြင်း
ကျွန်တော်Websiteအတွက်Flash Header ပြုလုပ်ခြင်းအခြေခံကိုရေးသားခဲ့ပြီးပါပြီ။အခုအဲဒီFlash HeaderကိုBlogမှာဘယ်လိုinstall ပြုလုပ်မလဲဆိုတာကိုဖော်ပြပေးသွားပါမယ်။မိမိရဲ့Flash Headerဖြစ်တဲ့SWFဖိုင်ကိုအရင်uploadတင်ပေးရပါမယ်။ကျွန်တော်ကတော့ www.pages.google.comမှာပဲတင်တယ်။အဲဒီuploadလင့်ကိုnotepadမှာမှတ်ထားလိုက်ပါ။အဲဒီအဆင့်ပြီးသွားပြီဆိုရင်တော့မိမိ ဘလော့ထဲကို ၀င်ပြီးLayoutမှတဆင့်HeaderကိုEditပေးလိုက်ပါ။
အဲဒီမှာImage Placementတွင်Instead of title and descriptionကို ရွေးပေးပြီးsaveလုပ်လိုက်ပါ။ Header Imageပုံသည်Flash Headerပြုလုပ်တုန်းကBackground အဖြစ်ထည့်သွင်းခဲ့သည့်ပုံဖြစ်ဖို့တော့လိုပါတယ်။နောက်ပြီးImageရဲ့ဆိုဒ်အရွယ်အစားကအစတူညီ ရပါမယ်။ဒါမှလည်းHeaderဆိုဒ်နဲ့Flash Headerရဲ့Width တို့Height တို့နှင့်လိုက်လျောညီထွေဖြစ်မှာဖြစ်ပါတယ်။Edit HTMLမှာတော့မိမိ Flash Headerနဲ့ကိုက်ညီမယ် Header ၊ Outer-Wrapper ၊ Footer တို့ကိုတော့ပြင်ပေးဖို့လိုမယ်ဆိုရင်ပြင်ပေးရပါတယ်။ မလိုရင် တော့မပြင်လည်းရပါတယ်။အဲဒီမှာExpand Widget Templatesဆိုတာကိုအမှန်ခြစ်လိုက်ပါ။
အဲဒီမှာ Ctrl + F နဲ့
ဆိုတာထည့်ပေးလိုက်ပါ။(http://moenat.googlepages.com/jm.swf)ဆိုတဲ့နေရာကိုတော့မိမိswf ဖိုင်uploadတင်ထားတဲ့လင့်ကို ထည့်ပေးလိုက်ပါ။ HEIGHT နဲ့WIDTH ကလည်းမိမိSWF လုပ်တုန်းကထည့်ခဲ့တဲ့အရွယ်အစားအတိုင်ပဲထည့်ပေးရပါတယ်။ ပြီးရင် တော့Save Templateပေါ့။
အဲဒီcodeက သူ့ရဲ့Header Image codeနေရာမှာထည့်ပေးရတယ်။
အဲဒီနေရာမှာအောက်ကပုံအတိုင်းလေထည့်ပေးရတာပါ။လုပ်ကြည့်ပေးပါဦးဗျ။အဆင်ပြေမှာပါ။
Browserတွေကလည်း ကြောင်တတ်ပါတယ်။ Firefox နဲ့ထည့်လို့ အဆင်မပြေခဲ့ရင် IEနဲ့ပြောင်းလုပ်ကြည့်ပါ။
…………………………………………….
မျှဝေခွင့်ပေးတဲ့ ကိုဂျိုးမင်းကို အထူးကျေးဇူးတင်ပါတယ်။ အားလုံးလည်း အဆင်ပြေကြပါစေဗျာ။ တစ်ခုခု အဆင်မပြေတာ မေးချင်တာများရှိရင်လည်း ကွန်မန့်ထားပေးခဲ့ကြပါဦး။ တတ်နိုင်သမျှ ကူညီပါ့မယ်။ လေးစားစွာဖြင့်
"Super Fast" your XP
လက်ရှိအသုံးပြုနေတဲ့ ၀င်းဒိုးကို (အခုမှ တင်လိုက်တာပဲဖြစ်ဖြစ်၊ သုံးတာကြာနေပြီပဲဖြစ်ဖြစ်) မလိုအပ်တဲ့ လုပ်ဆောင်မှုတွေ ဖြုတ်ပစ်ပြီး မိမိကွန်မျူတာကို performance တိုးလာအောင် လုပ်ကြည့်တာပါ။ တကယ်မြန်လား မမြန်လား ကိုယ်တိုင်စမ်းသပ်ကြည့်ပေးပါဦး။ အခုလုပ်မှာက မလိုအပ်တဲ့ လုပ်ဆောင်မှုတွေ ကို disable လုပ်ထားပြီး RAM စားသက်သာအောင် လုပ်တာဖြစ်လို့ အန္တရာယ်ကင်းပါတယ်။

၁။ …. အောက်က registry ဖိုင်နှစ်ခုကို run ပေးပါ။ windows ရဲ့ ပုံမှန်လုပ်နေတဲ့ အလုပ်တွေကို safe ဖြစ်တဲ့ အမြန်ဆုံး Value ပြောင်းပေးဖို့ပါ။ (rar ဖိုင်နဲ့ ချုံ့ထားတာပါ။ ဖြည်လိုက်ရင် reg ဖိုင်ရလိမ့်မယ်။ Double-click နှိပ်ပေးလိုက်ပါ)
၂။ …. Desktop ပေါ်မှာ Right-click လုပ်ပြီး Properties ကို နှိပ်ပေးပါ။ ပြီးရင် Appearance tab ထဲက Effects ကိုနှိပ်ပါ။ အောက်မှာ ရေးပေးထားတဲ့ functions နှစ်ခုကို uncheck လုပ်ပေးပါ။ (uncheck လုပ်ရမှာတွေကို အနီနဲ့ပြပြီး check လုပ်ရမှာတွေကို အပြာနဲ့ပြပါ့မယ်)
a.) Use the following transition effect for menus & tooltips.
b.) Show shadows under menus.
၃။ …. My Computer မှာ Right-click လုပ်ပြီး Properties ကိုနှိပ်ပါ။ (Shortcut key … Win+Pause/Break )
Advanced tab ထဲမှာ Performance section အောက်က Settings ကိုနှိပ်လိုက်ပါ။
Visual Effects tab ထဲက မလိုအပ်တာတွေ Disable လုပ်ပစ်မှာဖြစ်ပါတယ်။ Custom ကိုနှိပ်ပြီး အောက်က ငါးခု ထားခဲ့ပါ။ ကျန်တာ disable ပေးလိုက်ပါ။
a.) Show window contents while dragging
b.) Smooth edges of screen fonts
c.) Use common tasks in folders
d.) Use drop shadows on icon labels on the desktop
e.) Use visual styles on windows and buttons

၎။ …. Tools - Folder Options က View tab click ပါ။ အောက်ပါ Options များကို ဖြုတ်ပေးပါ။
a.) Automatically search for network folders & printers.
b.) Display file size information in folder tips.
c.) Display simple folder view in Explorer’s Folders list.
d.) Show encrypted or compressed NTFS files in color.
e.) Show pop-up description for folder and desktop icons.
f.) Use simple file sharing.

၅။ …. RUN ထဲမှာ msconfig လို့ ရိုက်ထည့်ပြီး။ Start up ထဲက မလိုအပ်တာတွေ Disable ပေးလိုက်ပါ။ ကျနော်ကတော့ Disable All ပဲ ပေးပလိုက်တယ်။ Kaspersky လို Anti တွေက သူ့ဘာသာ ပြန် check လုပ်ပေးပေမယ့် NOD 32 လိုကောင်တွေက ကိုယ်ပြန်ဖွင့်ပေးမှ Start up ပြန်ဖြစ်ပါတယ်။ VGA driver တွေကိုလည်း disable ပေးလိုက်တာ ပိုကောင်းပါတယ်။ (၀င်းဒိုးအတွက် လိုအပ်တဲ့ driver က System 32 ထဲရောက်ပြီးသားပါ။ Start up ထဲပါနေတာက သူ့ရဲ့ အခြား performance တွေဖြစ်ပါတယ် ) Disable All ပေးလိုက်လို့ ပြဿနာ တက်သွားမှာ မရှိပါဘူး။
၆။ …. Control Panel ထဲက Sound & Audio Devices ကိုဖွင့်ပါ(or type mmsys.cpl in RUN)။ Sounds tab ထဲမှာ No Sounds ပေးလိုက်ပါ .. Sound Scheme section ထဲမှာ ရှိပါတယ်။ အားလုံးမဖြုတ်ချင်ဘူး အသံလေးတွေ Alert လေးတွေ ကြိုက်တယ်ဆိုရင်တော့ ထားနိုင်ပါတယ်။ ဒါပေမယ့် အောက်က လေးခုကိုတော့ No sound ပေးထားသင့်တယ်။
Exit Windows, Start Windows, Windows Logoff, Windows Logon
(ကျနော်ပြောခဲ့သလိုပေါ့ … အသံပါမှ ကြိုက်တယ်ဆိုရင်တော့ ထားနိုင်ပါတယ်။ မိမိအဆင်ပြေဖို့က အဓိကပါ။ အရမ်းကြီး လေးသွားတာမှ မဟုတ်တာလေ)

အားလုံးအဆင်ပြေလွယ်ကူမယ်ထင်ပါတယ်။ အခုမှ စဖတ်တဲ့လူတွေလည်း ကျနော်ပြောတဲ့နေရာတွေ ရှာတွေ့ကြမယ်ထင်ပါတယ်။ အဆင်ပြေကြပါစေ ..






















