3D Text
ဒီ tutorial ကတော့ text တစ်ခုကို 3D ပုံစံလေးရအောင်ဖန်တီးကြည့်မှာပါ။ တကယ်တော့ Photoshop ဟာ 2D composition တွေနဲ့သာ အလုပ်လုပ်တဲ့အပြင် Raster Image တွေကိုအခြေခံတဲ့ software လဲဖြစ်ပါတယ်။ ဒါကြောင့် 3D အစစ်တော့ဖြစ်မှာမဟုတ်ပါဘူး။ ပုံစံတူရုံတင်ပြုလုပ်ကြမှာပါ။
၁) ပထမဦးဆုံးအနေနဲ့ Text တစ်ခုကိုအရင် create လုပ်ပါမယ်။

၂) အဲဒီ Text ကို Layer Palette မှာ Right Click လုပ်ပြီး Rasterize Layer လုပ်ပါ။ ( Layer>Rasterize>Type လုပ်လဲရပါတယ်)

၃) Foreground ကိုအနီ နဲ့ Background ကိုတော့ အ၀ါရောင် လေးရွေးထားရအောင်။

၎) Layer Palette မှာ စာသား Layer အား Ctrl + Click လုပ်ခြင်းအားဖြင့် Layer ရဲ့ဧရိယာကို Select လုပ်ပါ၊ပြီးရင် Gradient Tool သုံးပြီးတော့ အဲဒီ Layer ကို ဘယ်မှညာသို့ အရောင်ခြယ်ပါ။ ( Gradient Preset ကိုတော့ Foreground to Background နဲ့ Liner Gradient ပဲရွေးထားပါတယ်) ။

Deselect လုပ်ပါ (Ctrl+D)။ ဒါဆိုရင်ပုံမှာပါတဲ့အတိုင်းမြင်ရပါပြီ။ ဒါက Layer တစ်ခုထဲရှိပါသေးတယ်။

၅) နောက်ဆက်ရမှာက အဲဒီ Layer ကို Duplicate လုပ်ပါ။ (Layer Palette တွင်ထို Layer အား Right Click နှိပ်ပြီး Duplicate Layer ကိုရွေးပါ။ Duplicate Layer Option dialog တွင် OK နှိပ်ပါ)

၆) Move Tool ကိုရွေးပါ၊ ဒါပေမယ့်ဒီ Layer ကို Mouse နဲ့မရွေ့ပဲ Keyboard မှ UP Arrow တစ်ချက်နှင့် LEFT Arrow တစ်ချက်နှိပ်ပါ။ စာသားလေးဟာ အပေါ်နဲ့ညာဘက်ကိုကပ်သွားမှာပါ။
ရ) အပေါ်ဆုံးက စာသား Layer ကိုပဲ Duplicate လုပ်ပြီး အဆင့် ၆ အတိုင်း အပေါ်ညာဘက်သို့ကပ်ပေးပါဦး။
၈) ဒီအတိုင်းပဲ အပေါ်ဆုံးက Layer တွေကို ၇ ခုလောက်ရအောင် Duplicate ထပ်လုပ်ပြီး အပေါ်ညာဘက်သို့ကပ်ပါဦး။ ထုထည်ပုံလေးထွက်လာပါပြီ။ ဒါပေမယ့်အလင်းအမှောင်လေးပါထည့်လိုက်ရင်ပိုကောင်းလာမှာပါ။

၉) Layer Palette မှာအပေါ်ဆုံးက စာသား Layer ကို select လုပ်ပါ၊ Ctrl+L ကိုနှိပ်ပြီး Levels Dialog box ကိုခေါ်ပါ။ Slider ကိုဘယ်ဘက်သို့ အနည်းငယ်ကပ်ခြင်းဖြင့် အရောင်ပိုဖွေးတက်လာပါလိမ့်မယ်။ နှစ်သက်သောပမာဏရောက်လျှင် OK ကိုနှိပ်ပါ။

၁၀) အခု ဒုတိယမြောက် Layer ကို Select လုပ်ပါ၊သူကနေအောက်ဆုံးက စာသား Layer အထိကို Link လုပ်ပါ။ ပုံတွင်ကြည့်ပါ။

ပြီးရင်ထို Link လုပ်ထားသော Layer အားလုံးကို(Ctrl+E) ကိုနှိပ်ပြီး Merge Linked လုပ်ပါ။ ထို့နောက် Ctrl+L ကိုနှိပ်ပြီး Levels ကိုခေါ်ပါဦး၊ ဒီတစ်ခါတော့ Slider ကိုညာဘက်သို့အနည်းငယ်သွားပြီး အရောင်ကိုမဲတက်လာစေပါ။ မိမိနှစ်သက်သောအနေအထားတွင် OK နှိပ်ပါ။

ဤနည်းအားဖြင့်လှပသော 3D Text များကိုအလွယ်တကူပြုလုပ်နိုင်ပါတယ်။
Metal Text
ရွှေအိုရောင်လို မှုန်းတဲ့စာသား
ဒီတစ်ခေါက် Tutorial ကတော့ Crushed Gold Text လို့တင်စားရမယ့် လိမ်တွန့်ကြွေပြုန်း ရွှေစာလုံးပဲဖြစ်ပါတယ်။
၁) ထို့အတွက် Background Color ကို #3c0101 ထားပါ။ နီညိုရောင် ခပ်ရင့်ရင့်ဖြစ်ပါသည်။ လိုအပ်သော Text ကို အဖြူဘက်သန်းသော Grey Color တစ်ခုပေး၍ ရိုက်ပါ။ Width ထူသော Text ဖြစ်က ပိုကောင်းပါသည်။

၂) ထို Text ကို (Filter > Stylize > Diffuse) နှင့် (Filter > Distort > Ripple) စသည့် Effect များထည့်ပါ။ ပုံအတိုင်းတွေ့ရမည်။

၃) ပြီးလျှင် Blending Options သို့ဝင်ပြီး အောက်ပါအတိုင်း Layer Styles များကိုထည့်ပါ။ ပထမဦးဆုံး Drop Shadow ကိုဝင်ပါ။ လိုအပ်သော Angle, Distance, Size များကို ပြင်ပါ။

၎) Bevel & Emboss အတွက် Technique ကို Chisel Hard သို့ပြောင်းပြီး Depth=300 နှင့် Size=9 သို့ပြောင်းပါ။ ပုံ၏ Resolution နှင့် Text Width ကို လိုက်ပြီး အတိုးအလျှော့လုပ်နိုင်ပါသည်။ (Highlight Mode Color = #e5d266, Color Dodge) နှင့် (Shadow Mode Color = #5a3015) များသို့ထားပါမည်။

၅) Bevel & Emboss အတွက်လိုအပ်သော Texture ကို Wrinkles နှင့် Scale ကို 150, Depth ကို -5 သို့ ပြောင်းပါ။

Satin အတွက် လိုအပ်သော Color မှာ #254e46 ဖြစ်သည်။ ရွှေရောင်မှာ အမှန်အားဖြင့် လိမ္မော်ရောင်သမ်းသောကြောင့် Shadow အနေဖြင့် Satin Color ကို အစိမ်းဖက်သမ်းသောအရာင်ကို ရွေးရခြင်းဖြစ်ပါသည်။ ပြီးလျှင် (Opacity=61) (Angle=132) (Distance=38) (Size=59) (Contour=Ring) စသည်ဖြင့် ပြောင်းပါ။

၆) ပြီးလျှင်Pattern Overlay သို့ဝင်ပြီး Wood Pattern ကိုရွေးပါ။ အကယ်၍ Wood Pattern ကိုမတွေ့ပါက Preset setting ကို Reset လုပ်ဖို့လိုအပ်ပါလိပ့်မည်။

အထက်က အဆင့် (၃) မှ (၆) အထိ တစ်ခုမကျန်ပြုလုပ်ခဲ့လျှင်တော့ အောက်ပါအတိုင်း ရွှေရောင် Text ကိုတွေ့ရပါမည်။ သို့သော်ပို၍သဘာဝကျ စေရန် Lighting Effect အနည်းငယ် ထည့်ပါမည်။

၇) သို့အတွက် (Layer > Flatten Imgae) ကို လုပ်ပြီး Layer များကိုပေါင်းလိုက်ပါ။ ပြီးလျှင် (Filter > Render > Lighting Effect) သို့ဝင်ပါ။ Light Type ကို Omni သို့ပြောင်းပြီး လိုအပ်သော Lighting Intensity ကိုပေးပါ။ ကျန်တာအားလုံး Default Setting များသာဖြစ်သည်။


Diffuse, Distort များမပါဘဲ ဖန်တီးထားသော Gold Text တစ်ခုကို အောက်မှာနမူနာဖော်ပြပေးလိုက်ပါတယ်။ ဒီပုံကိုတော့ Omni Lighting ၃ခုနဲ့ ဖန်တီးထားပါတယ်။ Design ကောင်းတစ်ခုဆိုတာ ဖန်တီးသူရဲ့ Creativity, Flexibility, Patience, Feeling, Mood စတာတွေအပေါ်မှာ မူတည်ပါတယ်။ သင့်စိတ်ကူးတွေ ဖွင့်ထုတ်နိုင်သရွေ့ Design ခပ်မြူးမြူးတွေ လွှင့်ထုတ်နေနိုင်မှာပါ။

အဖန်ဖန်မှန်...
အေးတိအေးစက် ရေခဲ Text
ဒီတစ်ခေါက် Tutorial ကတော့ Ice Text လို့ခေါ်တဲ့ ရေခဲရိုက်စာလုံးပဲဖြစ်ပါတယ်။ ရေကို အရောင်အဆင်းအနေနဲ့ မှန်းကြည့်မယ်ဆိုရင် အပြာရောင်ခပ်ပြေပြေပါနေတာကို သတိထားမိနိုင်တယ်။ တကယ်တော့ စိတ်အထင်နဲ့ မျက်စိလှည့်စားချက်ပါပဲ။ ဘာပဲဖြစ်ဖြစ်ပါ... ရေခဲဆိုတာ ရေခဲလို့ဖြစ်လာတာဆိုတော့ ရေရဲ့ အရောင်အဆင်းမျိုးရှိပါတယ်။ ဒါကြောင့် ဒီ Tutorial မှာ အပြာရောင်တွေကို အသုံးများတာကို တွေ့ရပါလိမ့် မယ်။
၁) အဲဒီအတွက် လိုအပ်တဲ့ Background နဲ့ Text ကိုရိုက်ပါမယ်။ ဒီနေရာမှာ သတိထားရမှာက Text Color ဟာ အဖြူရောင် (#FFFFFF) ဖြစ်ပါတယ်။

၂) Image > Rotae Canvas > 90° CW ပြောင်းပါ။ ပြီးရင် Text ကို (Filter > Stylize > Wind) ကိုဝင်ပြီး Filter ထည့်ပါမယ်။ Rasterize လုပ်မလားဆိုတဲ့ Box ကျလာရင် OK လို့ပေးပါ။ ဒါဆိုရင် Text Layer မဟုတ်တော့တဲ့အတွက် နောက်ထပ်စာပြင်ရိုက်လို့မရတော့ပါဘူး။ Method=Wind နဲ့ Direction=From the right မှာထားပါတယ်။ ဒါဆိုအောက်က ပုံအတိုင်းတွေ့ရမှာပါ။ အကယ်၍သာ Text ကို အဖြူရောင် မထားခဲ့ရင် Wind Effect ကို အဲလိုတွေ့ရမှာ မဟုတ်ပါဘူး။ တခြား Color ထည့်ထားတဲ့ Text ကို Wind Filter ပေးရင် ဘယ်လိုဖြစ်သွားမလဲ ဆိုတာတော့ ကိုယ်တိုင်စမ်းကြည့်စေလိုပါတယ်။

၃) ပြီးရင် (Image > Rotate Canvas > 90°CCW) ကို ပြန်ပေးပါ။ Layer ရဲ့ Fill ကို 10% မှာထားပါမယ်။

၎) Blending Option ထဲက Bevel & Emboss ကိုဝင်ပါ။ Setting တွေကတော့ အောက်ကအတိုင်းပဲဖြစ်ပါတယ်။ Glass Contour= Ring Double မှာထားပါမယ်။ ဒီ Contour Style က Text ကို ရေခဲနဲ့တူအောင် ဖန်တီးပေးမှာဖြစ်ပါတယ်။ Highlight Mode Color=#d5f5ff နဲ့ Shadow Mode Color=#1b374a မှာထားပါမယ်။ အပြာနုနဲ့ အပြာရင့်ပဲဖြစ်ပါတယ်။

အဲဒီ Bevel & Emboss အောက်က Contour ကို ၀င်ပြီး Half round ကိုပြောင်းပါ။

ပြီးရင် Texture ထဲကို ၀င်ပြီး Satin texture ကို ပေးပါ။ ရှုံ့တွနေတဲ့ ရေခဲပုံစံမျိုးကို လိုချင်လို့ဖြစ်ပါတယ်။ အောက်က Setting အတိုင်းပါ။ ဒီ Texture ရဲ့ Scale နဲ့ Depth တန်ဖိုးတွေကို အမျိုးမျိုး ပြောင်းပြီး စမ်းကြည့်စေလိုပါတယ်။

၅) ပြီးရင် Outer Glow ကိုဝင်ပြီး အပြာရောင်ခပ်ဖျော့ဖျော့ #d5f5ff နဲ့ Opacity=25% မှာထားပါမယ်။ ရေခဲဟာ မှန်နဲ့ခပ်ဆင်ဆင်ဖြစ်လို့ Reflection ပြန်ပါတယ်။ ဒီ Outer Glow ကရေခဲအနားစွန်းက Reflection မျိုးကို ဖန်တီးတာဖြစ်ပါတယ်။

ပြီးရင် Inner Glow ကိုလည်း အဲဒီအပြာရောင်ပဲထည့်ပြီး Opacity ကိုတော့ 75% မှာထားပါမယ်။ ရေခဲတုံးတွေကို မြင်ဖူးမှာပါ။ သေချာကြည့်ရင် အနားသတ်တွေက အလယ်ကရေခဲသားလို မကြည်လင်ပါဘူး။ Inner Glow က အဲဒီ အနားသတ်တွေက အရောင်အဆင်းမျိုးကို ဖန်တီးပေးမှာပါ။

အထက်ကအဆင့်များအတိုင်းပြုလုပ်ပြီးပြီဆိုရင်တော့ ပုံအတိုင်းတွေ့ရမှာပါ။

ဒီနေရာမှာရပ်ထားလို့ရပါတယ်။ ဒါပေမယ့် ပိုမိုဖန်တီးချင်တယ်ဆိုရင် အဲဒီ Layer ကို Duplicate ထပ်ပွားနိုင်ပါတယ်။ ဒါဆို ပိုထင်းတဲ့ Text ကို ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် Sparkle လို့ခေါ်တဲ့ အလင်းပွင့်များကို Brush နဲ့ထည့်လိုက်ရင်တော့ လင်းလက်တောက်ပနေတဲ့ အေးတိအေးစက် ရေခဲ Text ကို ရရှိမှာဖြစ်ပါတယ်။

အကယ်၍များ ရေခဲချောင်းလုပ်ငန်းတစ်ခုက သင့်ကို Cover Design ဆွဲခိုင်းမယ်ဆိုရင် ဒီ Tutorial က သေချာပေါက် အသုံးတည့်မှာပါ။ ကျန်တာကတော့ သင့်စိတ်ကူးပေါ့... တစ်လောကလုံးကို ရေခဲရိုက်ချင်ရင်တောင် ရိုက်လို့ရသွားပါပြီနော်...။

Design ကောင်း တစ်ခုဆိုတာ သင့်ရဲ့ စိတ်ကူးနဲ့ အချိန်ပေးနိုင်မှုအပေါ်မှာ မူတည်ပါတယ်။ အကယ်၍သာ ခံစားချက်ပြင်းပြင်းပျပျရှိလာပြီဆိုရင် သင့်ရဲ့ ဖန်တီးမှုကနေ ထူးခြားသက်ဝင်တဲ့ Design တွေဖြစ်တည်လာမှာပါ။
No comments:
Post a Comment