More about GIF
Photoshop ဟာသူ့တစ်ခုထဲဆိုရင် Animation လုပ်ငန်းစဉ်ကိုမဆောင်ရွက်နိုင်ပါဘူး။ ဒါကြောင့် Image Ready software ရဲ့အကူအညီ နဲ့သာ ဖန်တီးနိုင်ပါတယ်။ Image Ready ဟာအများအားဖြင့် Photoshop ကို install လုပ်ကထဲကပါဝင်တဲ့ Software ပါ။ Image Ready ကိုအသုံးမပြုမီ Animation ရဲ့အခြေခံသဘောလေးတွေကိုအရင်ကြည့်ကြရအောင်ပါ။ Photoshop နှင့် Image Ready တို့ကိုအသုံးပြုပြီး ဖန်တီးမဲ့ File တွေဟာအများအားဖြင့် GIF လေးတွေပါ။ Photoshop's file formats များအကြောင်းသင်ခန်းစာမှာ ဒီ File type အကြောင်း အနည်းငယ်ရေးထားပါတယ်။ အခု အဲဒီ GIF အကြောင်းကိုဆက်ပြောချင်ပါသေးတယ်။ သူတို့တွေကိုအဓိကအားဖြင့် Web Page တွေအတွက် ရည်ရွယ်တာပါ။ File size သေးငယ်လို့ web page တွေမှာသုံးရင် download time ကိုနဲစေပါတယ်။ Page တစ်ခုကို လျှင်မြန်စွာဖွင့်နိုင်တဲ့ သဘောပါ။ GIF မှာအဓိကအားဖြင့် နှစ်မျိုးရှိပါတယ်။
၁) Still GIF (သူက လှုပ်ရှားမှုမရှိတဲ့ပုံသေပါ)
ဒီမှာတော့ပြောစရာထွေထွေထူးထူးမရှိတော့ပါဘူး။ File>Save As... ကိုနှိပ်ပြီးရင် ပေါ်လာမယ့် Save As Dialog box ရဲ့ Format မှာ CompuServe GIF[*.GIF] အမျိုးအစားကိုရွေးပေးလိုက်ပြီး Save button ကိုနှိပ်လိုက်ရုံပါပဲ။ GIF Options မှာလာပြတဲ့ Normal နဲ့ interlaced မှာကြိုက်ရာတစ်ခုရွေးပေးရပါမယ်။ ( Normal ကတော့ web page တွေမှာ ပုံကိုDisplay ပြတဲ့အခါ အပေါ်မှအောက်သို့ တဖြေးဖြေး download လုပ်ရင်းပြတဲ့နည်းပါ။ Interlaced ဆိုတာကတော့ File ကို download လုပ်ရင်း horizontal line အစင်းလေးတွေနဲ့display ပြပါတယ်၊ ကြည့်လို့ ပိုကောင်းပါတယ်)
၂) Animated GIF (သူကတော့ လှုပ်ရှားမှုပါတဲ့ file ပါ)
ဒီအမျိုးအစား GIF မှာ Frame တွေအများအပြားပါဝင်နိုင်ပါတယ်၊ အဲဒီ Frame တွေကိုအစဉ်လိုက် Display လုပ်ပြနေတာကြောင့် Animation အဖြစ်မြင်နိုင်တာပါ။ အောက်ကပုံကိုကြည့်ပါ Frame ၁၀ ခုပါဝင်ပါတယ်။

ဒီ Frame ၁၀ ခုကို ၁ ကနေ ၁၀ အထိ အစဉ်လိုက် တစ်ခုချင်းစီဆက်တိုက်ပြလိုက်ရင် ဒီပုံလိုဖြစ်လာမှာပါ။ ပြောစရာတစ်ခုရှိသေးတာက Frame တွေဆုံးသွားရင် အစက Frame ကိုပြန်ရောက်သွားပါတယ်။ အမြဲ Loop ဖြစ်နေပါတယ်၊ ဒါမှအမြဲတမ်းလှုပ်ရှားနေတဲ့ပုံလေးဖြစ်မှာပါ

Frame တစ်ခုနဲ့တစ်ခုကြားက ကြာချိန်ကိုတော့ Frame Delay Time လို့ခေါ်ပါတယ်၊ အခုပုံဟာဆိုရင် Frame တွေအားလုံးဟာ Delay Time 0.1 second ရှိပါတယ်။ Delay များရင်ပိုကြာပြီး Delay ပေးမထားရင်တော့လှုပ်ရှားတာကမြန်နေမှာပါ။ Animation ပြုလုပ်ပုံတွေကိုတော့ နောက်သင်ခန်းစာများမှာ အသေးစိတ် ဆက်လက်ဖော်ပြပေးပါ့မယ်။
Animation Method1 (Frames from Layers)
ImageReady မှာ Animation ကိုအဓိကအားဖြင့် အပိုင်းနှစ်ပိုင်းခွဲပြီးလေ့လာရအောင်ပါ။ ဒီ Tutorial မှာတော့ပထမတစ်ခုဖြစ်တဲ့ Frame from Layer ဆိုတဲ့ Method နဲ့စရအောင်။ PhotoShop မှာ New Document ကို 200 Pixel ပတ်လည်နဲ့ စပြီး Create လုပ်ပါတယ်။ နောက်ပြီး Image file လေး ၉ ခုကိုဖွင့်ပြီး New Document ထဲကို Layer အသစ်များအဖြစ်Move Tool သုံးပြီး ဆွဲထည့်ပါမယ်။ အခုသုံးထားတဲ့ Image file လေးတွေကတော့ ကားတစ်စီးကိုဘေးပတ်ပတ်လည်ကနေ မြင်ရတဲ့ပုံလေးတွေပါ။ Layer ၉ ခုနဲ့ Background Layer ရှိနေပါပြီ။ အဲဒီ Layer ၉ခုကိုဆွဲပြီးသွားရင် Background Layer ကို Delete လုပ်ပါမယ်။ အခုဆိုရင် ပုံမှာပြထားတဲ့အတိုင်း Document ဟာ Layer 1 ကနေ Layer 9 အထိရှိနေပါတယ်။ Sample File ကို Download လုပ်ပါ။

ဒီအခြေအနေမှာပဲ ImageReady ထဲကိုဝင်ရအောင် (Ctrl+Shift+M) ကိုနှိပ်ပါ။ ဒါမှမဟုတ်လဲ File>Jump to>Adobe ImageReady ဆိုလဲရပါတယ်။ Tool Box ရဲ့အောက်ဆုံးက Button လေးကိုနှိပ်လဲ ImageReady ကိုရောက်ပါတယ်။ ဒါဆိုရင် ImageReady မှာစောစောက လုပ်ထားတဲ့ Layer ၉ခုနဲ့ File လေးပွင့်လာမှာပါ။ ImageReady မှာ Frame တစ်ခုကတော့ Default မြင်ရမှာပါ။ Animation Palette မှာကြည့်ပါ။ အကယ်၍ Animation Palette ကိုမတွေရရင်တော့ Window>Animation menu သို့သွားပါ။ အဲဒီ Animation Palette ရဲ့ ညာဘက်အပေါ်နားမှာ Triangle လေးတစ်ခုတွေ့မှာပါ၊ အဲဒီ Triangle လေးကိုနှိပ်ခြင်းအားဖြင့် Popup menu တစ်ခုထွက်လာမှာပါ၊ ဒီ Menu ထဲကမှ Make Frames From Layers ဆိုတဲ့ Menu ကိုရွေးလိုက်ရင် သင်ရဲ့ Animation palette မှာ Frame ကိုးခုရောက်လာမှာပါ။

GIF file လေးတွေဟာ Frame တွေနဲ့ ဖွဲ့စည်းထားကြောင်းဖော်ပြပြီးသားပါ။ ဒီတစ်ခါမှာ Animation Palette ကနေပထမဆုံး Frame1 ကို select လုပ်ပြီး Layer Palette ကိုကြည့်လိုက်ပါ။ Layer1 ရဲ့ Visible ကိုပဲဖွင့်ထားပြီး ကျန်တဲ့ Layer တွေအားလုံးဟာ Visible icon မျက်လုံးလေးတွေ မှိတ်ထားတာကိုတွေ့ရမှာပါ။ အဲဒီလိုပဲ Frame2 မှာလဲ Layer2 ကိုပဲဖွင့်ပြီး ကျန်တာတွေဖျောက်ထားမှာပါ။ Frame9 ဆိုရင် Layer9 ပဲမြင်ရပြီး ကျန်တဲ့ Layer တွေကိုပိတ်ထားမှာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် Frame တစ်ခုမှာ Layer တွေအများအပြားပါဝင်နိုင်တယ် ဆိုတာသိနိုင်ပါတယ်။ Animation Palette မှာ Plays / stops animation ဆိုတဲ့ Button ကို Click လုပ်လိုက်ရင် Document Window မှာ ပုံလေးတွေ လှုပ်ရှားနေတာကို မြင်ရမှာပါ။
အခုမြင်နေရတဲ့ Animation ကမြန်နေပါတယ်။ ဒါကြောင့်နဲနဲကြာစေဖို့အတွက် frame delay time ကိုတိုးပေးရမှာပါ။ Animation Palette က frame တွေရဲ့အောက်မှာ 0 sec လို့ရေးထားတဲ့စာလေးတွေကိုမြင်ရမှာပါ၊ ဒါကိုသုံးပြီး Frame delay time ကို Adjust လုပ်မှာပါ။ အခု Frame 1 ကို Select လုပ်ပြီး Shift+ Frame9 ကိုနှိပ်ပါ၊ Frame ကိုးခုစလုံးကိုရွေးလိုက်တာပါ။ ပြီးရင် အောက်ခြေနားက 0 sec ဆိုတဲ့ စာလေးကို နှိပ်ရင် ပေါ်လာတဲ့ Menu ကနေ 0.5 ကိုရွေးပါ၊ အခုဆိုရင် Animation လေးဟာအရင်ကလိုမမြန်တော့ပါဘူး။

အခုဆိုရင် ပုံလေးကို GIF အဖြစ် Optimize လုပ်ပေးဖို့ပဲကျန်ပါတော့တယ်။ ဒီအတွက် File>Save Optimized ကိုရွေးပါ၊File Name ပေးပြီး Save as type မှာလဲ Image Only ကိုရွေးပါ၊ Setting ကိုတော့ Default ပဲထားပါ၊ ပြီးရင် Save လုပ်ပါ။ ဒါဆိုရင် Animated GIF လေးတစ်ခု ရပါပြီ။

Animation Method2 (Tweening) PART 1
Animation method2 ဖြစ်တဲ့ Tweening Method ကိုဆက်ရအောင်။ Tweening ဆိုတာက In betweening ဆိုတာရဲ့ အတိုကောက်ပါ။ Frame တစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ တန်ဖိုးပြောင်းလဲခြင်း တွေကိုတွက်ချက်ပေးတဲ့ Method တစ်ခုပါ။
ဥပမာအားဖြင့် အရာဝထ္တုတစ်ခုကို ဘယ်ဘက်မှညာဘက်သို့ ရွေ့သွားတဲ့ပုံစံပြုလုပ်ချင်တယ် ဆိုပါစို့။

Frame နှစ်ခုကိုဖန်တီးပေးပါမယ်။ ပထမ Frame မှာတော့ ထိုအရာဝထ္တုကိုဘယ်ဘက်မှာထားပြီး ဒုတိယ Frame မှာတော့ ထိုအရာဝထ္တု ကိုညာဘက်မှာထားပေးလိုက်ပါမယ်။

ပြီးရင်တော့ ကြားထဲမှာလိုချင်တဲ့ Frame တွေကိုတစ်ခုစီပြုလုပ်နေစရာမလိုပဲ အလွယ်တကူဖန်တီးပြီးသားဖြစ်သွားစေတဲ့ နည်းလမ်းတစ် ခုပါ။ လက်တွေ့စလုပ်ရအောင်။ Sample File လေးကို Download လုပ်ပါ။ Sample File ကို ImageReady မှာဖွင့်ပါ (သို့) PhotoShop မှာဖွင့်ပြီး Jump To ImageReady လုပ်လဲရပါတယ်။

ဦးစွာ New Frame တစ်ခုကိုဖန်တီးပါမယ်။ Animation Palette ရဲ့ Popup menu ကိုခေါ်ပါ ပြီးရင်အပေါ်ဆုံးမှ New Frame Menu ကိုရွေးပါ။ ဒါဆိုရင်သင့်ရဲ့ Animation မှာ Frame နှစ်ခုဖြစ်လာပါပြီ။

Animation Palette မှာဒုတိယ Frame ကို Select လုပ်ပါ။ ပြီးရင် Document Window မှာ Move Tool သုံးပြီး Layer1 ကိုဘယ်ဘက် သို့ဆွဲရွေ့ပါ။ Hotizontal Align ဖြစ်ချင်ရင်တော့ Move လုပ်နေစဉ်မှာ Shift Key ကိုသုံးပြီးရွေ့ပါ။ အခုဆိုရင် Frame နှစ်ခုမှာရှိတဲ့ပုံလေးဟာ ဘယ်မှာတစ်ခု ညာမှာတစ်ခု ဖြစ်သွားပါပြီ။ ပြီးရင် Animation Palette ရဲ့အောက်ခြေက Tweens Animation Frames Button ကိုClick လုပ်ပါ။


Tween Dialog မှာတော့ ပုံပါအတိုင်း Option တွေကိုယူပါ။ Tween With ဆိုတာက ဘယ် Frame နဲ့ Tween လုပ်မလဲဆိုတာကို ပြောတာပါ။ အခု Previous Frame ကိုရွေးလိုက်တဲ့အတွက် အရှေ့က Frame ကိုဆိုလိုပါတယ်။ Frames to Add ဆိုတာက ဒီ Frame နှစ်ခုကြားမှာ Frame ဘယ်နှစ်ခုထပ်ထည့်မလဲကိုပြောတာပါ။ အခု 10 ကိုရွေးလိုက်တဲ့အတွက် Frame ၁၀ ခုပေါင်းထပ်ထည့်မှာပါ။ ဒါဆိုရင် Animation Palette မှာ Frame ၁၂ ခုဖြစ်လာမှာပါ။ Layers option မှာတော့ All layers ဆိုတာက Effect ဖြစ်မှာက Layer အကုန်လုံးလို့ ဆိုလိုတာပါ။ အကယ်၍ Selected Layer ကိုရွေးခဲ့ရင်တော့ Select လုပ်ထားတဲ့ (သို့) Active ဖြစ်နေတဲ့ Layer ကိုပဲ Effect ဖြစ်မှာပါ။ Parameters ကတော့ ဘယ်အရာကို Animation effect အဖြစ်ဆောက်ရွက်စေမလဲကိုဆိုလိုတာပါ။ အခု Position ကိုရွေးထားတဲ့ အတွက် Layer1 ရဲ့ Move ဖြစ်သွားတဲ့ ပြောင်းလဲခြင်းကို Animation ဖြစ်စေမယ့်သဘောပါ။ Opacity ကတော့ Fading in or out ကိုဆိုလိုတာဖြစ်ပြီး Effect ကတော့ Layer Style ရဲ့ Value တွေကိုဆိုလိုတာပါ။ အကယ်၍ ဒီနေရာမှာ Parameters ရဲ့ Options တွေအကုန်လုံး Select လုပ်ခဲ့လည်းဘာမှထူးမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အခုအသုံးပြုနေတဲ့ Layer မှာအဲဒီ ပြောင်းလဲခြင်းတွေ မပါဝင်လို့ပါ။
Frame အားလုံးကို Select လုပ်ပြီး Frame delay time ကို 0.1 sec လောက်ထားပေးပါ။ ပြီးရင် File>Save Optimized လုပ်ပေးပါ။ ပြုလုပ်ပုံတွေကတော့ အရင် Tutorial အတိုင်းပါပဲ။ ဒါဆိုရင် ပုံလေးဟာဘယ်မှညာကိုသွားနေပါပြီ။

အခုဒီပုံလေးကိုဘယ်မှညာ ညာမှဘယ် အပြန်အလှန်သွားတဲ့ပုံလေးလုပ်ကြည့်ရအောင်။ လွယ်ပါတယ် Animation Palette မှာ Frame 1 ဟာ ဘယ်ဘက်အစွန်ဆုံးမှာရှိပါတယ်၊ Frame 12 ကတော့ ညာဘက်အစွန်ဆုံးမှာရှိပါတယ်။ ဒါကြောင့် ဘယ်မှညာ ကိုအလွယ်တကူ Tween လုပ်ထားတာပါ။ အခုဘယ်မှညာအပြင် ညာကနေဘယ်ကိုပါသွားချင်သေးတော့ Frame 1 ကို Copy ကူး Frame 12 နောက်မှာထားပြီး Tween လုပ်ပေးရုံလေးပါပဲ။
Animation Palette မှာ Frame 1 ကို Select လုပ်ပါ။ ပြီးရင် Animation Palette ရဲ့ Popup Menu ကနေ Copy Frame ကိုရွေးပါ။ ပြီးရင် Frame 12 ကို Select လုပ်ပါ၊ Animation Palette ရဲ့ Popup Menu ကနေပဲ Paste Frame လုပ်ပါ။ Paste Frames Option ပေါ်လာမှာပါ။

Paste Method မှာတော့ Paste After Selection ကို Choose လုပ်ပြီး Ok နှိပ်ပေးပါ။ ဒါဆိုရင် Frame 13 ပေါ်လာမှာပါ။ Frame 13 နဲ့ Frame 12 ကိုလည်းအထက်မှာပြောခဲ့တဲ့နည်းအတိုင်း Tween လုပ်ပေးလိုက်ပါဦး။ ဒါဆိုရင် Animation ပုံလေးကိုအခုလိုမြင်ရမှာပါ။

Animation Method2 (Tweening) PART 2
ဒီတစ်ခါတော့ ပုံလေးတွေကိုတစ်ပုံပျောက်သွားလိုက် တပုံပေါ်လာလိုက်ပုံစံလေးလုပ်ရအောင်ပါ။ ရှေ့က Tutorial ရဲ့အဆက်ဖြစ်တဲ့ အတွက်အသေးစိတ်ကိုမရေးတော့ပါဘူး၊ လိုအပ်သလောက်ပဲရေးသွားမှာပါ။ Sample File ကို Download လုပ်ပါ။ ပြီးရင် ImageReady မှာဖွင့်ပါမယ်။
Default အနေနဲ့ Frame1 ကိုတွေမှာပါ။ Layer Palette ကိုကြည့်ပါ Layer3 ခုရှိပါတယ်၊ အဲဒီထဲကမှ Layer1 ရဲ့ Opacity ကို 100% ထားပြီး ကျန် Layer ၂ ခုကိုတော့ 0% မှာထားပါ။

New Frame အသစ်ခေါ်ပါ။ အဲဒီ Frame2 မှာ Layer2 တစ်ခုထဲရဲ့ Opacity ကို 100% ထားပြီး ကျန်တဲ့ Layer တွေကိုတော့ 0% ပဲထားပါ။ အဲဒီအတိုင်းပဲ New Frame တစ်ခုထပ်ခေါ်ပါဦး၊ ပြီးရင် Frame3 ရလာတဲ့အခါမှာ Layer3 ရဲ့ Opacity ကို 100% ထားပြီးတော့ ကျန်တဲ့ Layer တွေကိုတော့ 0% ပဲထားပါ။ Animation Palette ကိုကြည့်ရင် ဒီလိုမြင်နေရပါပြီ။

Frame1 ရဲ့ Opacity အနေနဲ့ Layer1 = 100%, Layer2 = 0%, Layer3 = 0%
Frame2 ရဲ့ Opacity အနေနဲ့ Layer1 = 0%, Layer2 = 100%, Layer3 = 0%
Frame3 ရဲ့ Opacity အနေနဲ့ Layer1= 0%, Layer2 = 0%, Layer3 = 100% အသီးသီးဖြစ်ပါတယ်။
ပြီးရင်တော့ Tween Method ကိုသုံးပြီး Animate လုပ်ကြည့်ပါမယ်။ Frame1 ကို Select လုပ်ပါ၊ Tween လုပ်ပါမယ်။ Option တွေကတော့ပုံပါအတိုင်းပါပဲ။ Parameters မှာတော့ Opacity ကိုရွေးထားပါတယ်။

အခုတစ်ခါနောက်ဆုံးက Frame8 ကိုSelect လုပ်ပြီး Tween လုပ်ပါဦး။ Option ကလဲပုံပါအတိုင်းပဲယူပါ။ Frame တွေကတော့ ၁၃ ခုအထိဖြစ်လာမှာပါ။

နောက်တစ်ဆင့်ကတော့ Frame1 ကို Copy လုပ်ပြီး Frame13 နောက်မှာ Paste လုပ်ပါ။ (အသေးစိတ်ပြုလုပ်ပုံကိုတော့ရှေ့ Tutorial တွင်ကြည့်ပါ၊ Paste Method မှာတော့ Paste After Selection ကိုရွေးရမှာ သတိပြုပါ)။ Frame14 ပေါ်လာပါပြီ၊ သူ့ကိုလဲ Frame13 မှာ Tween လုပ်တဲ့အတိုင်းပြုလုပ်ပါဦး။
Frame delay time ကိုတော့ Frame1,7,13 တို့ကို 0.5 sec ယူပြီးကျန်တဲ့ Frame တွေကိုတော့ 0.2 sec ပဲထားပါ။ Animation ကို Play ကြည့်ရင်ဒီလိုပုံကိုမြင်နေရမှာပါ။ ပြီးရင်တော့ Optimize လုပ်လိုက်ရုံပါပဲ။

ဒီမှာတစ်ခုသတိထားစေချင်တာက ပုံလေးသုံးပုံဟာ တစ်ခုပြီးတစ်ခုပေါ်စေဖို့အတွက် Tween ကိုသုံးထားတာအပြင် အဆုံး Frame ကနေ အစကိုပြန် Loop ပတ်တဲ့အခါမှာ ပုံဟာရုတ်တရက်ပြောင်းသွားတာမျိုးမဖြစ်အောင် Frame1 ကို copy လုပ်ပြီး Tween တစ်ခါထပ်လုပ်ရတာပါ။ သတိထားမိလောက်မယ်ထင်ပါတယ်။
အောက်မှာပြထားတဲ့ ပုံလေးကိုကြည့်ပြီး ဘယ်လိုပုံစံဖန်တီးထားတယ်ဆိုတာကို စဉ်းစားကြည့်ကြပါဦး။ လွယ်ပါတယ် ခဏလေးနဲ့ အဖြေရနိုင်ပါတယ်။ Animation သင်ခန်းစာများမှာ ဖော်ပြထားတဲ့နည်းတွေကိုပဲ အသုံးပြုထားတာပါ။ သင်လည်းအလွယ်တကူနဲ့ဖန်တီးနိုင်မှာပါ။ ဘယ်လိုပုံစံလေးဖန်တီးမလဲဆိုတာသာအရေးကြီးတာပါ။

အကယ်၍များ သင့်မှာချစ်ခင်သူတစ်ယောက်ရဲ့ မွေးနေ့ အတွက် Birthday Card လေးကိုပေးဖို့ရှိလာခဲ့ရင် Ready Made Online Ecard တွေကိုပေးမယ့်အစား အခုလိုမျိုး ကိုယ်ပိုင် Creation လေးနဲ့တစ်ခုလောက်ဖန်တီးကြည့်ပါလား။
Animation Method2 (Tweening) PART 3
ရှုပ်ရှုပ်ရှက်ရှက် GIF Animation Text
ဒီ Tutorial မှာ ခပ်ရှုပ်ရှုပ် GIF Animation Text တစ်ခုကို အလွယ်ကူဆုံးနည်းနဲ့ ဖန်တီးတာကို ပြောပြပါမယ်။ အသုံးပြုသွားမယ်
Software တွေကတော့ Photoshop နဲ့ Image Ready ပဲဖြစ်ပါတယ်။ နောက်ဆုံးရလိုတဲ့ Output File Type က (*.gif) ဖြစ်ပါတယ်။
၁) အဲဒီအတွက် လိုအပ်တဲ့ပုံကို Photoshop မှာဖန်တီးပါမယ်။

၂) အဲဒီ Text ကို (Ctrl +J) သို့မဟုတ် Duplicate Layer လုပ်ပါ။ ပြီးလျှင် Opacity=75% ထားပြီး အထက်ဘက်ကို Moveလုပ်ပါ။ မူရင်း
Text နဲ့ သိပ်အကွာကြီးကို မရွှေ့ပါနဲ့။ ဒါဆို ပုံအတိုင်းတွေ့ရမှာ ဖြစ်တယ်။

၃) အဆင့်၂ မှာပြုလုပ်ခဲ့တဲ့အတိုင်း အောက်က Layer_1 ကို Select လုပ်၊ Duplicate, Opacity 75% နဲ့ Move နောက်ထပ် ၃ကြိမ် လုပ်ပါမယ်။ ဒါပေမယ့် ယခုအခေါက်တွေမှာတော့ အထက်ကို မလုပ်ဘဲ အောက်ဘက်ရယ်၊ ဘယ်ဘက်နဲ့ ညာဘက်ကို လုပ်ပါမယ်။ အဓိကကတော့ အရပ်လေးမျက်နှာကို ဖြန့်ထွက်သွားတဲ့ပုံစံကို လိုချင်လို့ပါ။

ပြီးရင်တော့ အဲဒီအပေါ်က Layer ၄ခု ကို Layer တစ်ခုတည်းဖြစ်အောင် Merge Down လုပ်ပါ။ အဲဒီလေးခုတွဲကို Step_1 လို့ နာမည်ပေးပါ။
၎) အဆင့်၃ မှာ လုပ်ခဲ့သလိုပဲ အောက်က Layer_1 ကို Duplicate, Opacity နဲ့ Move လုပ်ပါမယ်။ ဒီတစ်ခေါက်မှာတော့ Move လုပ်ရမယ့် အကွာအဝေးတွေက အဆင့်၃ မှာ လုပ်ခဲ့တဲ့ Layer တွေရဲ့ နှစ်ဆ အကွာအဝေးဖြစ်ပါတယ်။ ပြီးရင် အဲဒီ Layer ၄ ခုက Merge Down လုပ်ပြီး Step_2 လို့ နာမည်ပေးပါ။ ပုံအတိုင်း တွေ့ရမှာ ဖြစ်တယ်။

၅) အထက်က အဆင့်၎မှာ လုပ်ခဲ့တဲ့အတိုင်း နောက်ထပ် နှစ်တွဲထပ်လုပ်ပါမယ်။ Step_3 နှဲ့Step_4 ဆိုပြီးတော့ ဖြစ်ပါတယ်။
၆) ပြီးလျှင်တော့ အဲဒီ File ကို Save လုပ်ပါ။ ပြီးလျှင် Image Ready ကို ခေါ်ပြီးတော့ ထို Fileကို ဖွင့်ပါ။ Animation Palette ကိုကြည့်ပါ။ အကယ်၍ သင့် Image Ready မှာ အရန်သင့်ရှိမနေဘူးဆိုရင် (Window > Animation) ကိုခေါ်ရပါမယ်။ အဲဒီနောက် ပထမဦးဆုံး Slideမှာတော့ Background Layer နဲ့ အပေါ်က Layer_1 ကိုသာဖွင့်ပါမယ်။

၇) ပြီးလျှင် New Frame တစ်ခုကို ခေါ်ပါ။ ဒီတစ်ခါမှာတော့ Layer_1 ကိုပိတ်ပြီး Step_1 ကိုဖွင့်ပါ။
၈) ဒီအဆင့်အတိုင်း နောက်ထပ် New Frame တွေကို လုပ်ပါ။ အဲလိုလုပ်တဲ့အခါမှာ Frame တွေကို တစ်ပတ်လည် loop ဖြစ်အောင်ဖန်တီး ရပါမယ်။ ဒီ Tutorial မှာ ဖန်တီးထားတဲ့ Frame တွေနဲ Layer တွေရဲ့ အနေအထားကို အစအဆုံး ပြောရမယ်ဆိုရင်...
Frame ၁ ၂ ၃ ၄ ၅ ၆ ၇ ၈
Layer Layer1 Step_1 Step_2 Step_3 Step_4 Step_3 Step_2 Step_1
ပြီးရင်တော့ Frame_1 ကို Delay Time ကို 1.0 Seconds မှာထားပါမယ်။ ကျန်တဲ့ Frame တွေကိုတော့ ခပ်သွက်သွက်ပဲဖြစ်စေချင်လို့ (No Delay/ 0 Second) မှာထားပါတယ်။
ပြီးရင် GIF ပြောင်းလိုက်ရုံပါပဲ (Save Optimized)။ ဒီအတိုင်းတွေမြင်ရမှာပါ။

နောက်ထပ် နမူနာတစ်ခုကို အောက်မှာတွေ့နိုင်ပါတယ်။ နမူနာ File ကတော့ Move အပြင် Scale ကိုပါပြောင်းထားပါတယ်။

ဖောင်း ၀ ကြီး Animation Text
Gif Animation တွေကိုဖန်တီးရတာ သိပ်ပျော်ဖို့ကောင်းပါတယ်။ ဒီတစ်ခေါက် Tutorial ကို တချို့က ဖောင်းလာတာ၊ တချို့က ၀လာတာ၊ တချို့က ကြီးလာတာတဲ့။ အဲလို အမျိုးမျိုးခေါ်ကြလေသတဲ့။ အသုံးပြုသွားမယ့် Software တွေက Photoshop နဲ့ Image Ready တို့ပဲဖြစ်တယ်။
၁) အဲဒီအတွက် လိုအပ်တဲ့ Background နဲ့ Text ကို Photoshop မှာရိုက်ပါ။ Text Effect ကိုတော့ သင့်စိတ်ကြိုက်ထည့်ပေါ့နော်။

၂) ပြီးရင်တော့ Text Layer ကို (Layer > Duplicate Layer) သို့မဟုတ်၊ (Ctrl + J) ကိုနှိပ်ပြီး နောက်ထပ် Layer ၅ခု Duplicate လုပ်ပါမယ်။ Duplicated Layer တွေထဲကမှ Copy_1 ကိုသာဖွင့်ပြီး Original Layer ရယ် ကျန်တဲ့ Layer တွေကိုပါ မျက်လုံးပုံလေးနှိပ်ပြီး ခဏဖျောက်ထား ပါမယ်။

၃) Marquee Tools ထဲက Elliptical Marquee Tool ကို ရွေးပါ။

ပြီးရင် ဖွင့်ထားတဲ့ Text ရဲ့ ဘယ်ဘက်အစွန်ဆုံးနားကို Selection လုပ်ပါမယ်။ Complete Circle ရအောင် Shift ဖိပြီးရွေးပါ။ Space bar ကိုဖိရင်တော့ ရွေးရင်းနဲ့ ရွှေ့လို့ရပါလိမ့်မယ်။ Selection အရွယ်အစားကတော့ Text တစ်ခုလုံး အလျားရဲ့ ငါးပုံတစ်ပုံ 1/5 ခန့်ဖြစ်ပါတယ်။

၎) အဲဒီ Selection လုပ်ထားတဲ့ Text ကို (Filter > Distort > Spherize) လုပ်ပါ။ Amount = 100% ထားပါမယ်။ ဒါဆိုပုံအတိုင်းတွေ့ရပါမယ်။

၅) ပြီးရင် အဲဒီ Layer ကို ခဏဖျောက်ပြီး သူ့အပေါ်က Layer Copy_02 ကို ဖွင့်ပါ။ Layer ကို Select လုပ်ဖို့လည်း မမေ့ပါနဲ့။ Marquee Selection ကို ညာဘက်သို့ရွေ့ပါမယ်။ ပြီးရင် အထက်ကအတိုင်း (Filter > Distort > Spherize) လုပ်ပါမယ်။ နောက်ဆုံးလုပ်ခဲ့တဲ့ Filter ဖြစ်လို့ (Ctrl + F) လုပ်ရင်လည်းရပါတယ်။ ဒီနေရာမှာ သတိထားရမှာက Marquee ကို Move လုပ်တဲ့အခါမှာ Tool Selection ဟာ Move Tool (V) ထဲကို ရောက်မနေဖို့ပါပဲ။ Marquee Selection တွေထဲမှာပဲရွေးထားရပါမယ် (Selection ကိုရွေ့ချင်ရင် Selection tools များဖြစ်သော Marquee, Lasso, Magic wand တို့ဖြင့်သာရွေ့ရပါမယ်)။ ဒါဆို ပုံအတိုင်းတွေ့ရမှာပါ။

၆) အဲဒီအတိုင်းပဲ ကျန်တဲ့ Layer ၃ခုကိုလည်း တလှည့်စီဖွင့်ပြီး Spherize Effect ထည့်သွားပါမယ်။ ဒါဆိုအောက်ပါအတိုင်းတွေ့ရမှာပါ။ Text ဟာ ဘယ်ဘက်က ညာဘက်ကိုရွေ့ပြီး အလှည့်ကျ ဖောင်းသွားတာကိုတွေ့ရပါမယ်။

၇) ပြီးရင် ဒီပုံကို Save လုပ်ပြီး Image Ready ကနေပြန်ဖွင့်ပါမယ်။ Frame Order ကတော့ အထက်ကအတိုင်း အစဉ်အလိုက်ပဲဖြစ်ပါတယ်။ Frame Rate အနေနဲ့ Original Text ကို 1.0 sec ထားပြီး ကျန်တဲ့ Copy Layer တွေကိုတော့ 0.2 sec မှာ ထားပါမယ်။ ပြီးသွားရင်တော့ Gif File အနေနဲ့ပြောင်းပြီး save လုပ်ပါမယ်။ အောက်ပါအတိုင်းတွေ့ရမှာပါ။

ဒီ Tutorial က Text တွေအတွက်သာမဟုတ်ပါဘူး။ သင်ကြိုက်နှစ်သက်ရာပုံကိုပြုလုပ်လို့ရပါတယ်။ ပိန်တာ၊ ချိုင့်သွားတာမျိုးလိုချင်ရင်တော့ (Filter > Distort > Pinch) သို့မဟုတ် Spherize ကိုပဲ Negative Amount ပေးလိုက်လို့ရပါတယ်။ သင့်ချစ်သူ ဒါမှမဟုတ် သင်ဟာ ပိန်လွန်းလို့ အားငယ်နေသလား။ ဖောင်းဝကြီး Animation နည်းကို အသုံးပြုပါလို့ အကြံပေးချင်ပါတယ်။

Animation ads
တစ်ခုသောနေ့လည်ခင်းတွင် လွန်စွာမှအလုပ်များနေသူတစ်ဦးထံသို့ သူ၏မိတ်ဆွေတစ်ယောက်အလည်လာမိရာ . . .
HTN: ဟေ့လူဘာတွေအလုပ်များချင်ယောင်ဆောင်နေတာတုန်း
KZO: ဟာဆရာဟန်သစ်ငြိမ်ပါလားဗျ၊ ခင်ဗျားသိလားကျုပ်အခုအလုပ်အသစ်ပြောင်းလုပ်နေပြီဗျ၊
HTN: ဟောဗျာ ဘာအလုပ်တုန်း၊ မကောင်းမှုတွေမလုပ်တော့ပါဘူးလို့ ခင်ဗျားကတိပေးထားတယ်နော်။
KZO: ဟာဗျာဆရာကလဲ အခုလုပ်နေတာက ကားပွဲစားကုမ္ပဏီပါဗျာ၊ ကားတွေကိုယ်တိုင်ရောင်းတယ် ၀ယ်တယ် သူများကားတွေကိုလည်း လက်ခံရောင်းပေးပြီး ပွဲခယူတယ်။ မကောင်းမှုမဟုတ်ပါဘူး၊ ကုမ္ပဏီကအခုမှစထောင်ထားတာ၊ အဲဒီတော့ website မှာကြော်ငြာဖို့အတွက် Animation လေးတစ်ခုလုပ်နေတယ်။
HTN: တယ်ဟုတ်ပါလား ကျုပ်ကိုလည်းပြပါဦး၊
KZO: အခုသုံးချင်တဲ့ပုံတွေ Layout ချပြီးသွားပြီ၊ Animation လုပ်ဖို့ပဲကျန်တော့တယ်။ ဒီမှာ (download sample file here) အဲဒီ File ကိုဖွင့်လိုက်ရင် back, car1, car2, car3 ဆိုပြီး Layer လေးခုတွေ့ရမယ်။ ပထမဆုံး car1 ဆိုတဲ့ Layer ကို Duplicate လုပ်လိုက်မယ်ဗျာ၊ ပြီးရင် car1 copy ဆိုတဲ့ Layer ကလွဲလို့ ကျန်တဲ့ Layer တွေကိုခဏ ဖျောက်ထားလိုက်မယ်။

HTN: ဘာလို့ဖျေက်တာတုန်းဗျ ဒီအတိုင်းဆက်လို့မရဘူးလား
KZO: ဒီတိုင်းမဖျောက်ပဲထားလဲ ရပါတယ်ဗျ၊ မျက်စိထဲရှင်းအောင်ပါ။ ပြီးရင်အဲဒီ car1 copy ဆိုတဲ့ Layer ကို Filter>Blur>Motion Blur ပေးလိုက်ပါမယ်။ Setting တွေကတော့ Angle: 90 နဲ့ Distance: 50 ပေးလိုက်မယ်၊ အခုဟာက ကားလေးကို အပေါ်အောက်သွားပြီး ပျောက်သွားတဲ့ စတိုင်မျိုးလိုချင်တော့ Angle ကို အပေါ်အောက်သွားတဲ့ 90 ပေးရတာဗျာ၊ Distance ကတော့ ကြည့်ကောင်းတဲ့ အနေပေါ့ဗျာ။

KZO: အခု car1 copy Layer ကို Motion Blur လုပ်ပြီးသွားပေမယ့် အောက်ခြေက စာသားတွေကို Blur ရဲ့ Area တွေမပါလာအောင် Marquee သုံးပြီး အခုလို Selection လုပ်ပြီး ဖျက်လိုက်မယ်ဗျာ။
KZO: ကျန်တဲ့ car2, car3 Layer တွေကိုလည်း ဒီအဆင့်တွေအတိုင်းပဲ Duplicate လုပ်ပြီး Motion Blur Filter ပေးလိုက်ပါဦး၊ အဲဒီနောက် အောက်ခြေစာတမ်းကို လာထိရင်ဖျက်လိုက်တာပေါ့၊ ဒါဆိုရင် Layer စုစုပေါင်း ၇ ခုဖြစ်သွားပြီ။ back Layer ကိုပဲ Visible on ထားပြီး ကျန်တဲ့ Layer တွေကိုပိတ်ထားလိုက်မယ်။
KZO: အခု Photoshop ကလုပ်ထားတာတွေပြီးတော့ ImageReady ထဲကိုသွားရအောင် (Ctrl+Shift+M)။ Animation Palette ကိုကြည့်ရင် Frame1 ကိုတွေ့ရမယ်၊ အဲဒီ Frame မှာ back, car1 ဆိုတဲ့ Layer နှစ်ခုကို visible on ထားပြီးကျန်တာတွေကို ပိတ်ထားလိုက်ပါဦးမယ် Frame duration ကတော့ 2 sec ထားလိုက်မယ်။
KZO: ပြီးရင် New Frame တစ်ခုထယူပါဦးမယ်၊ အဲဒီ Frame မှာတော့ car1 ဆိုတဲ့ Layer ကို Move tool နဲ့ အပေါ်နဲနဲတိုးပေး လိုက်မယ်။ နောက်တစ်ခါလဲ New Frame ထပ်ယူပြီးတော့ အဲဒီ car1 Layer ကိုပဲ နောက်ထပ် အပေါ်နဲနဲ ထပ်တိုးပေးမယ်။
HTN: ဟာခင်ဗျားလုပ်မှာကို ကျုပ်ရိပ်မိပြီ Layer တွေအေက်ဆင်းပြီးပျောက်မသွားခင်အပေါ်ကိုနဲနဲတိုးပြီးမှ အောက်ကိုဝင်ပျောက်သွား ဟုတ်တယ်မှတ်လား။
KZO: ဟုတ်ပါ့ ဒီပုံစံလိုမျိုးဗျ။

KZO: အဲဒီအစီအစဉ်အတိုင်းပဲ ကျန်တဲ့ Layer တွေကိုလည်း လိုက်လုပ်ပေးမယ်ဗျာ၊ ဒီလိုပုံစံအတိုင်းဖြစ်မယ်။
| Frame | ဖွင့်ရမည့် Layer များ | Duration | |
| 1 | back | car1 | 2 sec |
| 2 | back | car1 အပေါ်နဲနဲတိုး | 0 sec |
| 3 | back | car1 အပေါ်နဲနဲတိုး | 0 sec |
| 4 | back | car1 copy | 0 sec |
| 5 | back |
| 0.2 sec |
| 6 | back | car2 copy | 0 sec |
| 7 | back | car2 | 2 sec |
| 8 | back | car2 အပေါ်နဲနဲတိုး | 0 sec |
| 9 | back | car2 အပေါ်နဲနဲတိုး | 0 sec |
| 10 | back | car2 copy | 0 sec |
| 11 | back |
| 0.2 sec |
| 12 | back | car3 copy | 0 sec |
| 13 | back | car3 | 2 sec |
| 14 | back | car3 အပေါ်နဲနဲတိုး | 0 sec |
| 15 | back | car3 အပေါ်နဲနဲတိုး | 0 sec |
| 16 | back | car3 copy | 0 sec |
| 17 | back |
| 0.2 sec |
| 18 | back | car1 copy | 0 sec |
KZO: ပြီးရင်တော့ ထုံးစံအတိုင်းပဲ File>Save Optimized လုပ်လိုက်ရင်၊ ကျုပ်ရဲ့ ကားကြော်ငြာလေးကို ဒီလိုမြင်ရပြီလေဗျာ

HTN: ဟာမိုက်တယ်ဗျာ၊ ခင်ဗျားကုမ္ပဏီအတွက် ကြော်ငြာကောင်းကောင်းလေးလုပ်ဗျာ။ ဒါမှခင်ဗျားကားတွေ များများထွက်မှာ
KZO: ခင်ဗျားရော ကားလေးတစ်စီးလောက်ဝယ်ပါဦးဗျာ ကျုပ်ဒီနေ့ဈေးဦးပေါက်လေးရချင်တယ်။
HTN: ဟာ . . . ကျုပ်ကားမလိုအပ်သေးဘူးဗျာ။
KZO: ခင်ဗျားအတွက်မဟုတ်ဘူးလေ ကိုမျိုးဟိန်းဇော် မင်္ဂလာဆောင်မှာ လက်ဖွဲ့ဖို့ပြောတာ . . . . . . . . + - * / + . . . ။
ဤသို့ဖြင့် ပွဲစားကြီးကျော်ဇင်ဦး၏ ကုမ္ပဏီသည်ဈေးဦးပေါက် ကားအရောင်းတည့်သွားလေတော့သည်။
Wipe Transition
အခုတစ်ခါပြုလုပ်ကြမယ့် Animation တစ်ခုကတော့ Layer Mask ကိုအသုံးပြုပြီးတော့ Wipe Transition တစ်ခုဘယ်လိုပြုလုပ်မယ် ဆိုတာပါပဲ၊ Layer Mask မှာ အဖြူရောင်ဟာ Layer ရဲ့ Pixel တွေကို Show လုပ်ပြီး အနက်ရောင်ကတော့ Hide လုပ်ပေးတာကိုသိပြီးဖြစ်မှာပါ။ အခု Sample File လေးကို Download လုပ်ပြီး PhotoShop မှာဖွင့်ကြည့်လိုက်ရအောင်။

Layer Palette ကိုကြည့်ရင် Background Layer အပါအ၀င် စုစုပေါင်း Layer လေးခုရှိပါတယ်၊ အဓိကပြောချင်တာက Lady ဆိုတဲ့ Layer မှာ Layer Mask ဖုံးထားတာကိုတွေ့မှာပါ၊ အဲဒီ Layer Mask မှာအရောင်ဟာ ဘယ်တခြမ်းမှာအဖြူရောင်ရှိပြီး ညာဘက်မှာတော့ အနက်ရောင် ရှိနေပါတယ် ဒါ့အပြင် အလယ်မှာတော့ အဖြူ ကနေ အနက်ရောင်ကို Gradient ဧရိယာနဲနဲလေးပြေးထားတာ ကိုတွေ့မှာပါ။ အဲဒီ Layer Mask နဲ့ Layer ကို Link လုပ်မထားပါဘူး။ Layer သက်သက် Layer Mask သက်သက် ရွေချင်တဲ့အတွက်ကြောင့် ဒီလိုလုပ်ထားရတာပါ။

အခု Image Ready ကိုကူးသွားပါမယ် ( Ctrl + Shift + M )။
အဆင့်(၁) Image Ready ရဲ့ Animation Palette (Window>Animation) မှာ Frame1 ကို တွေ့မှာပါ။ အဲဒီ Frame1 မှာ Background Layer ကလွဲပြီးကျန်တဲ့ Layer တွေကိုဖျောက်ထားလိုက်ပါမယ်၊ Frame duration ကိုတော့ 0.5 sec ပေးလိုက်ပါမယ်။
အဆင့်(၂) အဲဒီနောက်မှာ New Frame တစ်ခုယူပါမယ် (Frame2)၊ line ဆိုတဲ့ Layer ကိုပါ visible on လိုက်ပါမယ်။ Frame Duration ကိုတော့ 1 sec ထားပေးပါ။
အဆင့်(၃) အခု Frame3 ကိုအသစ်ယူပြီးတော့ lady Layer ကိုပါ visible on လိုက်ပါမယ်။ အရေးအကြီးဆုံးအဆင့်ပါ၊ Layer palette ကိုကြည့်ပါ အဲဒီကနေ Layer Mask ကို Active ဖြစ်သွားအောင် Click လုပ်ပါမယ်။ ပြီးရင် Move tool သုံးပြီးတော့ လူပုံလေးပျောက်သွားတဲ့ အထိ ဘယ်ဘက်ကိုရွေပေးပါ။ Horizontal အတိုင်းရွေမှာပါ၊ Mouse ကိုရွေ့နေတုန်းမှာ Shift Key နှိပ်ထားခြင်းဖြင့် Straight line အတိုင်း Move လုပ်နိုင်ပါတယ်။ Frame Duration ကတော့ 0 sec ပါ။
အဆင့်(၄) New Frame တစ်ခုထပ်ယူပါမယ်၊ Frame4 ပါ။ ဒီအဆင့်မှာတော့ Frame3 နဲ့ပြောင်းပြန်ပါ၊ အရုပ်လေးပေါ်လာအောင်လို့ Layer Mask ကို Move tool သုံးပြီး ညာဘက်ကိုပြန်ရွေ့ရမှာပါ။ လူပုံတစ်ခုလုံးပေါ်တဲ့အနေအထားအထိပါ။ Frame Duration ကလဲ 0 sec ပါပဲ။
အဆင့်(၅) ဒီအဆင့်မှာတော့ Tween လုပ်ဖို့ပါပဲ၊ Frame4 ကို Select လုပ်ထားစဉ်မှာ Animation Palette ရဲ့ Pop up menu ကနေ Tween ကိုရွေးလိုက်ပါမယ်။ Setting တွေကိုပုံပါအတိုင်းပဲယူလိုက်ပါမယ်။

အဆင့်(၆) နောက်ဆုံးက Frame14 ကို Frame Duration 1 sec ပေးလိုက်ပါမယ်။ ကျန်တာဘာမှမလုပ်ပါဘူး
အဆင့်(၇) New Frame (Frame15) တစ်ခုထပ်ယူပါမယ်၊ ဒီမှာတော့ Text Layer ကို Visible ဖွင့်လိုက်ပါမယ်၊ Frame Duration ကို 2 sec ပေးလိုက်ပါမယ်။
နောက်ဆုံးမှာတော့ File>Save Optimized လုပ်ခြင်းဖြင့် အောက်ပါ Animation sequence လေးတစ်ခုကိုရပါလိမ့်မယ်။

ဒီလို Animation မျိုးကို Web Page တွေမှာ တွေ့မြင်နေကြပါ။ မိမိရဲ့ အတွေးပေါ်မူတည်ပြီး ပုံစံ အမျိုးမျိုး Animate လုပ်နိုင်ပါတယ်။ Idea ကောင်းရင်ကောင်းသလိုပေါ့၊ ဒီ Tutorial ကတော့ Wipe Transition ကိုနမူနာပေးရုံလောက်ပါပဲ။
Dissolve Transition
အရင်တစ်ခေါက်က Layer Mask ကိုအသုံးပြုပြီး Wipe Transition တစ်ခုကိုဖန်တီးအပြီးမှာ အခု Dissolve Transition တစ်ခုကိုလည်း ဖန်တီးကြည့်ရအောင်။ ပထမဦးဆုံးပြောချင်တာကတော့ Layer တွေရဲ့ Blending mode အကြောင်းပါ၊ PhotoShop မှာ Layer တွေကိုအသုံးပြု တဲ့အခါမှာ Layer Blending Mode ဟာအရေးကြီးပါတယ်၊ အခု Tutorial အတွက်တော့ တခြားသော Mode တွေကိုခဏလေးထားပြီး အခု Dissolve mode အကြောင်းပြောရမှာပါ။ အခု PhotoShop မှာ Background Layer ကိုအဖြူထားပြီး Layer1 ကိုတော့အောက်မှာမြင်ရတဲ့ ပုံလေးထားလိုက်ပါတယ်။

Layer Palette ကိုသွားပြီး Layer1 ရဲ့ Blending mode ကို Dissolve လို့ပြောင်းလိုက်ပါမယ်၊ ပုံကိုအခုနေကြည့်လိုက်ရင်တော့ ဘာမှာမထူးသေး ပါဘူး၊ ဒါပေမယ့် အဲဒီ Layer1 ရဲ့ Opacity ကို 50% လောက်ထားကြည့်လိုက်ပါမယ်။

ဒါဆိုရင်တော့ Layer1 ဟာကြည်ကြည်လင်လင် မြင်ရမှာမဟုတ်တော့ပါဘူး တချို့သော Pixel တွေဟာပျောက်သွားပြီး Background Layer ရဲ့ အဖြူရောင်ကြီးကိုတွေ့ရမှာပါ၊ Layer1 ရဲ့ Opacity နဲလေလေ Background Layer ရဲ့ဧရိယာများများပေါ်လာလေလေပါပဲ။ အဲဒီ Layer1 ရဲ့ Opacity ကိုကစားကြည့်ပါ လွယ်လွယ်သဘောပေါက်မှာပါ။

ဒီအခြေခံလေးကိုပဲ အသုံးပြုပြီးတော့ ကျွန်တော်တို့ Image Ready မှာ Animation လုပ်ကြည့်ကြမှာပါ။ အခုပေးထားတဲ့ Sample file ကို Download လုပ်ပြီး PhotoShop မှာဖွင့်လိုက်ရအောင်။ Background နဲ့ Layer1 ဆိုပြီး Layer နှစ်ခုပါတာကိုတွေရမှာပါ။ Layer1 ရဲ့ Blending mode ကို Dissolve ကိုရွေးလိုက်ပါမယ်၊ပြီးရင် Image Ready ကိုသွားရအောင် ( Ctrl + Shift + M )။

Image Ready ရဲ့ Animation Palette မှာ Frame တစ်ခုကတော့ Default ရှိနေမှာပါ၊ အခု New Frame နှစ်ခုအသစ်ထပ်ယူပါမယ်၊ စုစုပေါင်း ၃ ခုဖြစ်သွားပါပြီ။ Layer1 ရဲ့ Opacity တွေကိုတော့ Frame1 မှာ 0% Frame2 မှာ 100% နဲ့ Frame3 မှာ 0% အသီးသီးထားလိုက်ပါမယ်။

ဒါဆိုရင် Tween လုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ၊ Frame2 ကို Select လုပ်ပြီး Animation Palette အောက်ခြေက Tweens animation frames ဆိုတဲ့ခလုပ်လေးကိုနှိပ်လိုက်ပါမယ်၊ Setting တွေကတော့ အောက်ပါအတိုင်းပါပဲ။

ပြီးရင်နောက်ဆုံး Frame ဖြစ်တဲ့ Frame8 ကိုလဲ ဒီ Setting တွေအတိုင်းပဲ Tween လုပ်ပါဦးမယ်၊ နောက်ထပ်လုပ်စရာတစ်ခုကတော့ Frame duration ပါပဲ။ Frame1 နဲ့ Frame7 ကို 1 sec ထားပြီးကျန်တဲ့ Frame တွေကိုတော့ 0 sec ပဲထားလိုက်ပါ။ နောက်ပြီးတော့ Frame7 က Layer1 ရဲ့ Blending mode ကို Normal ထားပေးလိုက်ပါမယ်၊ ( ပုံရဲ့ ဘေးနားက Pixel လေးတွေ ထင်းသွားအောင်လို့ပါ)၊ ကျန်တဲ့ Frame တွေကတော့မပြောင်းပါဘူး Dissolve ပါပဲ။ နောက်ဆုံးအဆင့်အနေနဲ့ Optimize လုပ်လိုက်ရင် ( File>Save Optimized ) ပုံလေးကို ဒီအတိုင်းမြင်ရမှာပါ။

ဒီ Tutorial မှာ Tween ကစားတာက Opacity ကိုကစားထားတာပါ၊ ဒါပေမယ့် Blending mode မှာ Dissolve ဟာဆိုရင် Opacity ကိုလိုက်ပြီး တုန့်ပြန်မှုပေးပါတယ်။ Opacity များရင် Layer ရဲ့ Pixel area နဲနဲဟာ ပျောက်သွားပြီး အောက်မှာရှိတဲ့ Layer တွေပေါ်လာပါတယ်၊ Layer ရဲ့ Opacity နဲသွားရင်တော့ Pixel တွေဟာအများကြီးပျောက်သွားပြီး အောက်မှာရှိတဲ့ Layer တွေကိုအများကြီးမြင်လာရတာပါ။ ဒီ Opacity ကို Tween လုပ်လိုက်တော့ Dissolve Transition တစ်ခုရလာပါတော့တယ်။
အခုဆိုရင် Dissolve ကိုသုံးပြီး အောက်ပါပုံလေးကိုလည်း ဘယ်လိုဖန်တီးရမလဲဆိုတာကို သင်သိနှင့်လောက်ပါပြီ။ သင်ကိုယ်တိုင်လည်း Try ကြည့်ပါဦး။ MMphotoshop မှာ Animation သင်ခန်းစာ အတော်များများကို ရေးသားပြီးခဲ့ပါပြီ၊ ကြုံရင်လည်း ဆက်လက် ရေးသားပါဦးမယ်၊ အခုဆိုရင် သင့်ဖန်တီးမှုစွမ်းအား တွေကို Animation တွေအဖြစ် ဒီသင်ခန်းစာတွေကိုသုံးပြီး အကောင်အထည် ဖော်နိုင်လောက်ပါပြီ။

No comments:
Post a Comment