Management
Partition magic 8.0 ကို အသုံးပြုနည်းလေးနဲ့ တကွ ပြောပြချင်ပါတယ်။

Windows CD နဲ့ partition ပိုင်းတာက HDD အသစ် ဒါမှမဟုတ် Windows အသစ်ပြန်တင်ချင်တဲ့ အခါမှာ အသုံးပြုနိုင်တယ်။ အခုက ၀င်းဒိုး သုံးနေတုန်းမှာပဲ Software နဲ့ partition ကို Manage လုပ်မှာဖြစ်ပါတယ်။ My Computer – Manage ကို နှိပ်ပြီး Computer management ရဲ့ Disk Management မှာလည်း ပြင်လို့ရပါတယ်။ ဒါပေမယ့် လက်ရှိသုံးနေတဲ့ system partition C:\ ပေါ့ဗျာ။ အဲဒါကို ချုံ့ပြီး တစ်ပိုင်းထပ်ပိုင်းမယ်။ ဒါမှမဟုတ် D:\ ကို ထပ်တိုးမယ်ဆိုရင်(Windows တင်ထားတဲ့ C:\ ကို Format မချပဲနဲ့) ဒီလို software မပါပဲ လုပ်လို့မရပါဘူး။ ဒီကောင်က တော်တော်ကြာခဲ့ပါပြီ။ ဒါပေမယ့် အသုံးပြုရလွယ်တယ် ၊ အခြေခံကျတယ် ။ အဲဒါအပြင် Norton ရဲ့ product အဖြစ်ပြောင်းလဲ သွားပြီ ဖြစ်တဲ့ အတွက် ဒါကို အရင်ပြောပြပါ့မယ်။ နောက်ပြီးရင် Norton portable ကို ထပ်ပေးပါ့မယ်။
Mirror 1 Fileden : Power Quest Partition Magic
Mirror 2 Zshare : Power Quest Partition Magic
Mirror 3 Mediafire : Power Quest Partition Magic
Setup ဆိုတဲ့ Folder ထဲက Setup ကို run လိုက်ပါ။ အောက်မှာ SN. Number ဖြစ်ပါတယ်။
PM800ENSP1-11111131
အခု အသုံးပြုနည်း စပြောပါ့မယ်။ ကျနော် ကိုယ်တိုင်ရေးမလို့ပါပဲ။ စနစ်တကျ ဖြစ်သွားအောင် ဆရာဇော်လင်းရဲ့ စာအုပ်ထဲကအတိုင်း အတိအကျ ကူးပေးလိုက်ပါတယ်။ အခြို့ကိုတော့ လိုက်လုပ်လို့ အဆင်ပြေအောင် ပြန်ပြင်ထားပေးပါတယ်။
Start Menu မှ တဆင့် PartitionMagic 8.0 ထဲသို့ဝင်ပေးပါ။
20 Gb size ရှိတဲ့ Hard Disk တစ်လုံးကို တွေ့ရပါလိမ့်မယ်။ ၄င်း Hard disk ကိုရှိပြီးသား Partition ကို ချုံ့ပြီး Partition နှစ်ပိုင်းဖြစ်အောင် ပိုင်းပြပါမယ်။ အောက်မှာ ၀ိုင်းပြထားတ Resize a partition ကို နှိပ်ပေးပါ။
ဒါဆို Welcome screen ပေါ်လာပါပြီ။ Next ကိုပဲနှိပ်ပေးပါ။
ကိုယ်ချုံ့မယ့် Partition ကို ရွေးခိုင်းပါတယ်။ C: ကို ချုံ့မှာ ဖြစ်တဲ့အတွက် သူ့ကိုပဲ ရွေးပေးပြီး Next ကိုနှိပ်ပေးပါ။
၎င်းတွင် လက်ရှိ partition C: ရဲ့ size ကို ဘယ်လောက်ထားမလဲ ဆိုတာကို ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ လက်ရှိ Hard disk ရဲ့ Size က 19077.2 Mb ရှိပြီး၊ အနည်းဆုံး 11974.9 MB ထားမှ ရပါမယ်။ ဘာလို့လဲဆိုတော့ Hard disk ထဲမှာ Data တွေရှိတဲ့အတွက် (အောက်မှာ Data ရှိတဲ့နေရာကို အရောင်ခြယ်ပြထားတပါတယ်။ သူ့အနောက်က အဖြူရောင်နေရာကကတော့ Free Space ပါ။ ) ဒီ့ထက်ပိုပြီး ချုံ့လို့ မရပါဘူး။ 16000 လို့ရိုက်ထည့်လိုက်ပါမယ်။
အောက်ကပုံကတော့ partition ချုံ့ပြီးသွားတဲ့အခါမှာ ဖြစ်လာမယ့် ပုံစံကို ကြိုပြီးပြပေးနေတာပါ။ အဲ့ဒီမှာ Before နှင့် After ကို နှိုင်းယှဉ်ပြီးကြည့်ပါ။ Finish ကို နှိပ်ပေးပါ။ အခု အဲ့သလိုလွတ်သွားတဲ့နေရာကို partition ကို ပိုင်းရအောင် ။
Create Partition – Partition ပိုင်းခြင်း
အခုတစ်ခါ Unallocated Partition Space ကို Partition ပိုင်းပြပါမယ်။ ၄င်း Partition ပေါ်တွင် Right Click နှိပ်ပြီး Create ကို ရွေးပေးပါ။ အောက်ပါအတိုင်း ပေါ်ပါမယ်။
ပုံမှာ ပြထားသည့်အတိုင်း partition အမျိုးအစားကို Primary ရွေးပြီး File System ကတော့ FAT 32 ထားပါမယ်။ Volume Label ကိုလည်း Data လို့ရိုက်ပါမယ်။ Size ကတော့ အကုန်ပေးလိုက်ပါမယ်။ Drive Letter ကိုလည်း ကိုယ့်စိတ်ကြိုက် ထားလို့ရပါတယ်။ ပြီးရင် OK ကို နှိပ်ပေးပါ။ အောက်ပါအတိုင်း ဖြစ်လာပါမယ်။
Format ချခြင်း
Partition ပိုင်းပြီးတဲ့ အခါမှာ Data သိမ်းနိုင်ရန် အတွက် Format ချရပါမယ်။ ၄င်း D: Data ပေါ်တွင် Right click နှိပ်ပြီး Format လို့ပြောပေးပါ။ အောက်ပါပုံပေါ်ပါတယ်။
ဒီပုံအရဆိုရင်တော့ Hard disk ကို FAT 32 system ကို သုံးပြီး Format ချရမှာပါ။ Format ချလိုက်တာနဲ့ Data တွေ ရှိနေမယ်ဆိုရင် ပျက်မှာပါ။ Ok ကိုနှိပ်ပေးပါ။
Delete Partition – Partition ဖျက်ခြင်း
Partition ကို ဖျက်ချင်ရင်တော့ ကိုယ်ဖျက်ချင်တဲ့ partition ပေါ်မှာ Right click နှိပ်ပြီး Delete လို့ပြောရပါမယ်။
အခု ကျွန်တော်တို့ဟာ ကိုယ့်စိတ်ကြိုက် Partition တွေ ပိုင်းလိုက်၊ ဖျက်လိုက်၊ ချုံ့လိုက်၊ ချဲ့လိုက် လုပ်ပြီးတဲ့အခါမှာ Apply Changes မလုပ်သရွေ့ဘာမှမဖြစ်ပါဘူး။ ကိုယ်ပိုင်းထားတဲ့ အတိုင်းလိုချင်ရင်တော့ General Menu အောက်က Apply Changer ကို နှိပ်ရပါမယ်။
၎င်းပုံတွင် Undo Last Change နဲ့ Discard All Changes တို့ကိုရွေးပြီးတော့လည်း နောက်ပြန်ဆုတ်လို့ ရပါတယ်။ အခုတော့ ကျွန်တော်ဟာ Partition နှစ်ပိုင်းလိုချင်တာကြောင့် Apply Changes လုပ်လိုက်ပါမယ်။ အောက်ပါအတုငိး ပေါ်လာပါတယ်။
Yes ကိုနှိပ်ပေးပါ။ ဒါဆို Computer ကို Reboot လုပ်ဖို့ ပြောနေပါလိမ့်မယ်။ Ok ကိုပဲ နှိပ်ပေးပါ။ ဒါဆိုရင် Computer ဟာ Reboot ဖြစ်သွားပြီး ပိုင်းထားတဲ့ Partition ကို Apply Change လုပ်နေပါပြီ။ အကယ်၍ အဲ့ဒီမှာ ကီး တစ်ခုခု နှိပ်ပြီး ကျော်လိုက်မယ် ဆိုရင်တော့ partition ပိုင်းထားတာကို မရပါဘူး။
Resize Partition – Partition ချဲ့ခြင်း
အခုတစ်ခါ D: မှ Free Space ကို ယူပြီး C: ကို ချဲ့ပြပါမယ်။ Partition Magic ထဲသို့ ၀င်သွားပြီးတဲ့ အခါမှာ Resize Partition ကိုပဲ နှိပ်ပါ။ ဒါဆိုရင် ထုံးစံအတိုင်းပဲ ပေါ်ပါတယ်။ Next ကိုပဲ နှိပ်ပေးပါ။ ပြီးတဲ့အခါမှာ ကိုယ်ချဲ့ချင်တဲ့ Partition ကိုလာရွေးခိုင်းနေပါလိမ့်မယ်။ C: ကိုရွေးပြီး Next ကိုနှိပ်ပေးပါ။ နောက်တစ်ခါ Partition Size ကို ထည့်ရပါမယ်။ (ဒီအဆင့်တွေဟာ partition ချုံ့ တုန်းကနည်းတူတူပါပဲ) 17000 လို့ ရိုက်ပြီး Next ကို နှိပ်ပါတယ်။ အောက်ပါပုံ ပေါ်လာပါတယ်။
ဒါကတော့ အခုချဲ့လိုက်တဲ့ Size ကို ဘယ် Partition ကနေ ယူမလဲ လို့ပြောနေတာပါ။ အခုကတော့ D: ပဲ ရှိတဲ့အတွက် သူ့ကိုပဲ ရွေးထားပါမယ်. (အကယ်၍ တခြား Partition တွေ ရှိနေရင်လည်း အဲ့ဒီ Partition တွေကနေ နည်းနည်းစီ ယူချင်လည်း ရပါတယ်) Next ကိုနှိပ်ပါ။ အောက်ပါအတိုင်းပေါ်ပါတယ်။ Finish ကိုနှိပ်ပေးပါ။
ဒါဆို Partition ချဲ့ပြီးသွားပါပြီ။ Apply Changes လုပ်ပေးရပါမယ်။ အကယ်၍ Apply Changes မလုပ်ပဲ Partition Magic ထဲက ထွက်လိုက်မယ်ဆိုရင်လည်း Apply Changes လုပ်ဖို့ လာပြောပါလိမ့်မယ်။
Convert Partition
Partition ပိုင်းပြီးသွားတဲ့ အခါ Partition အမျိုးအစားတွေ၊ File System တွေကို ပြောင်းချင်ရင်လည်း အလွယ်တကူ ပြောင်းလို့ရပါတယ်။ D: Data ပေါ်မှာ Right click နှိပ်ပြီး Convert လို့ပြောပါ။ အောက်ပါအတိုင်း ပေါ်ပါမယ်။
အခုလက်ရှိ D: ဟာ Primary Partition အမျိုးအစား ဖြစ်ပြီး File System က FAT 32 ပါ။ ဒါကို NTFS ပြောင်းကြည့်ပါမယ်။ NTFS ကို ရွေးပြီး Ok ကို နှိပ်ပေးပါ။ Apply Changes လုပ်ဖို့ လာပြောပါလိမ့်မယ်။
Yes ကိုပဲ နှိပ်ပေးပါ။ Computer ဟာ Reboot ဖြစ်သွားပြီး File System ကို Apply Change လုပ်နေပါပြီ။ Partition အမျိုးအစားကို ပြောင်းချင်ရင်လည်း ပြောင်းကြည့်ပါ။ ဒါပေမယ့် သတိထားရမှာက System partition(C:\) ကိုတော့ မလုပ်ကြည့်ပါနဲ့။ အကယ်၍ မှားသွားတဲ့အခါမှာ Windows မတက်တာတို့ Data Lost ဖြစ်တာတို့ ဖြစ်နိုင်ပါတယ်။
အပေါ်က စကားလုံးတွေက ဆရာဇော်လင်း ရဲ့ အာဘော်အတိုင်းပဲ ဖြစ်ပါတယ်။ စာအုပ်ရဲ့ စာမျက်နှာနဲ့ Blog page ကွာခြားချက်ကြောင့် အခြို့စာသား အနည်းငယ် ပြင်ထားပါတယ်။ ကျနော်ပြောပြတာထက် ပိုနည်းလည်မှာပါ။ အဲ .. “Right click နှိပ်ပြီး Format လို့ပြောပေးပါ” ဆိုလို့တော့ Right click လုပ်ထားပြီး ပါးစပ်က Format ! Format လို့တော့ ထိုင်အော်မနေနဲ့ ပေါ့ … ![]()
အပျော်ပါဗျာ … နောက်တာပါ။ ဆရာဇော်လင်း ဆိုတာလည်း ကျနော့်ရဲ့ သင်ဆရာတစ်ပါးပါပဲ ။ သူတို့စာအုပ်တွေကနေ ကွန်ပျူတာ ဆိုတာကို သိလာတာပါ။ ဂါရ၀ ပြုပါတယ် ….
No comments:
Post a Comment