ကျွန်တော့ဘလော့

သခြင်းတရားသည်လက်တကမ်းတွင်ရှိနေသည်..မနက်ဖြန်သည်ပင်လျှင်စိတ်မချရပါ..

Friday, May 7, 2010

ပုံရိပ်တွင် Focus ဖန်တီးခြင်း

ဒီ Tutorial ကတော့ပုံတစ်ပုံရဲ့လိုချင်တဲ့ ဧရိယာတွေကိုပိုပြီးမြင်သာအောင် ဘယ်လိုပြုလုပ်ကြမလဲဆိုတာကိုပြောထားတာပါ။ ပုံရိပ်မှာ Focus ဖန်တီးဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်နိုင်ကြပါတယ်၊ တချို့ကမလိုချင်တဲ့ဧရိယာကို Blur လုပ်မယ်၊ တချို့ က Color ပြောင်းမယ် စသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အခု Tutorial မှာတော့ Brightness လျှော့လိုက်တဲ့နည်းကိုသုံးပါမယ်၊ ကဲလိုအပ်တဲ့ပုံကိုဖွင့်လိုက်ပါမယ်။

အဲဒီနောက်မှာတော့ Layer>New Adjustment Layer>Brightness / Contrast ကိုရွေးလိုက်ပါမယ်( Layer palette အောက်ခြေမှာ ရှိတဲ့ Create new fill or adjustment layer button ကို Click နှိပ်ပြီး လိုအပ်သော Submenu ထပ်ရွေးလည်းရပါတယ်)။ အဲဒီကနေမှ Brightness amount ကိုအောက်မှာပြထားတဲ့အတိုင်း -50 အထိလျှော့ချလိုက်ပါမယ်။ ပုံဟာမှောင်သွားမှာပါ။

အခုဆိုရင် Layer Palette ကိုကြည့်ရင် Layer ၂ခုဖြစ်နေမှာပါ၊ တစ်ခုက နဂို Background Layer နောက်တစ်ခုက Adjustment Layer ပါ။ Adjustment Layer ရဲ့ညာဘက်မှာတော့ Layer Mask တစ်ခုပါဝင်တာကိုတွေ့မှာပါ။ ကဲဆက်ပြီး မျက်နှာနေရာလေးကို Lasso Tool သုံးပြီးတော့ Select လုပ်ပါမယ်၊ ပြီးရင်တော့ အနက်ရောင် Fill လုပ်ပါမယ်။ ဒါဆိုရင် Document window မှာအခုလိုမြင်ရမှာပါ။ အနက်ရောင် Fill လိုက်တဲ့နေရာဟာအဂိုအတိုင်းပြန်လင်းလာတာတွေ့မှာပါ။ ဆိုလိုတာက Adjustment Layer မှာအနက်ရောင်ဧရိယာဟာ Effect မဖြစ်ပါဘူး။

ပြီးရင် Deselect လုပ်လိုက်မယ်၊ အဲဒီနောက်မှာတော့ Filter>Gaussian Blur ကိုအသုံးပြုပါမယ်။ Setting တွေကိုပုံမှာကြည့်ပါ၊ ပုံရဲ့အရွယ် အစားအလိုက်အပြောင်းအလဲ ရှိနိုင်တာတော့သတိထားပါ၊ကြည့်ကောင်တဲ့ အနေအထားကိုယူလိုက်ပါမယ်။

အခုဆိုရင်တော့ပုံလေးကိုဒီလိုမြင်နေရပါပြီ၊ မျက်နှာအနီးတ၀ိုက်ကိုပဲအရောင်ပုံမှန်ထားပြီး ကျန်တဲ့နေရာတွေဟာ မှိန်သွားမှာပါ။

Gaussian Blur ကိုသုံးရတာကတော့ လင်းနေတဲ့မျက်နှာပြင်ကို ပုံတစ်ခုလုံးမှာကွက်ပြီးဖြစ်မနေစေပဲ ပြေပြေလေးဖြစ်လိုတာကြောင့်ပါ။ တစ်ခြားသော Adjustment Layer များကိုအသုံးပြုပြီးတော့လဲ Focus ပြလိုသောနေရာတွေကိုထင်ရှားစေနိုင်မှာပါ၊ မိမိကိုယ်တိုင်စမ်းကြည့်ပါဦး လို့ပြောပါရစေ။

No comments:

Post a Comment